လားရှိုးမြို့တွင် ဌာနဆိုင်ရာ နှင့် ပြည်သူလုထူ တွေ့ဆုံပွဲ ဖေဖော်ဝါရီလ(၂၆)ရက်နေ့ ပြုလုပ်မည်ဖြစ်၍ တင်ပြမေးမြန်းလိုသည်များရှိပါက လာရောက် တင်ပြနိုင်

ဖေဖော်ဝါရီ 25, 2020
By Tachileik News Agency

လားရှိုးမြို့တွင် ဌာနဆိုင်ရာ နှင့် ပြည်သူလုထူ တွေ့ဆုံပွဲ ဖေဖော်ဝါရီလ(၂၆)ရက်နေ့ ပြုလုပ်မည်ဖြစ်၍ တင်ပြမေးမြန်းလိုသည်များရှိပါက လာရောက် တင်ပြနိုင်

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ရှိ မြို့တော်ခန်းမတွင် ဌာနဆိုင်ရာများနှင့် ပြည်သူလူထု တွေ့ဆုံပွဲကို ၂၀၂၀ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၂၆)ရက်နေ့ နေ့လယ် (၁)နာရီ၌  ကျင်းပမည်ဖြစ်၍ ဌာနဆိုင်ရာများသို့ တင်ပြလိုသည်များကို တင်ပြဆွေးနွေးနိုင်ကြမည်ဖြစ်ကြောင်း  သိရသည်။

နိုင်ငံတော်မူဝါဒများအား ပြည်ထောင်စုအဆင့်၊ ပြည်နယ်အဆင့် လမ်းညွှန်ချက်များအရ အကောင်အထည်ဖေါ်နေမှုများနှင့် ဒေသဖွံ့ဖြိုးရေးဆောင်ရွက်နေမှုများအား ဌာနဆိုင်ရာများက ပြည်သူလူထုအား ရှင်းလင်းပြောကြားမည်ဖြစ်ပြီး ပြည်သူများအနေဖြင့် ဌာနဆိုင်ရာများသို့ တင်ပြလိုသည်များ ရှိပါက တင်ပြနိုင်ကြမည်ဖြစ်ကြောင်း သိရသည်။

လားရှိုးမြို့တွင် ဌာနဆိုင်ရာများနှင့် လူထုတွေ့ဆုံပွဲကို ၂၀၁၇ခုနှစ်က စ၍ ကျင်းပခြင်း ဖြစ်ပြီး ဒေသတွင်း လူထု၏ တင်ပြမေးမြန်းမှုများကို သက်ဆိုင်ရာဌာနများက ရှင်းလင်းဆောင်ရွက်ပေးနေခြင်းဖြစ်သည်။

Tachileik News Agency

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~