ကျောက်မဲတွင် ညပိုင်း ဆိုင်ကယ်စီးလာသူကို ခြိမ်းခြောက်၍ ဆိုင်ကယ်လုယူမှုဖြစ်ပွား

ကျောက်မဲတွင် ညပိုင်း ဆိုင်ကယ်စီးလာသူကို ခြိမ်းခြောက်၍ ဆိုင်ကယ်လုယူမှုဖြစ်ပွား

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့တွင် ၂၀၂၁ ခုနှစ် မေလ (၁၅) ရက်နေ့ ည (၈)နာရီခွဲဝန်းကျင်က ဆိုင်ကယ်မောင်းနှင်လာသည့် အမျိုးသားတစ်ဦးကို လမ်းမှတား၍ ဆိုင်ကယ်လုယူမှုဖြစ်ပွားကြောင်း သိရသည်။

အဆိုပါ အမျိုးသားသည် ပြည်ထောင်စုလမ်းမကြီးအတိုင်း ဆိုင်ကယ်မောင်းနှင်လာစဉ် စက်မှုလယ်ယာရုံးရှေ့အရောက်၌ တုတ်များကိုင်ထားသည့် အမျိုးသား (၂) ဦးက တားမြစ်ခြိမ်းခြောက်ပြီး ဆိုင်ကယ်ကို လုယူသွားခြင်းဖြစ်သည်ဟု သိရသည်။

လက်မှာ တုတ်တွေ ကိုင်ထားတယ်။ ည ၈ နာရီကျော်နေပြီ။ ပစ်သတ်လို့ရတယ်လို့ ခြိမ်းခြောက်သွားတယ်

ဟု ဆိုင်ကယ်လုယူခံရသူက ပြန်ပြောပြသည်။

ဆိုင်ကယ်လုယူခံရမှုနှင့်ပတ်သက်၍ ရဲကိုတိုင်ကြားထားခြင်းမရှိကြောင်း သိရသည်။