ကျိုင်းတုံမြို့မဈေးအတွင်း အထူးသန့်ရှင်းရေးနှင့် မီးဘေးကြိုတင် ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်မည်

ကျိုင်းတုံမြို့မဈေးအတွင်း အထူးသန့်ရှင်းရေးနှင့် မီးဘေးကြိုတင် ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်မည်
ဖေဖော်ဝါရီ 7, 2020
By Tachileik News Agency
ကျိုင်းတုံမြို့မဈေးအတွင်း အထူးသန့်ရှင်းရေးနှင့် မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်မည်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ရှိ မြို့မဈေး အထူးသန့်ရှင်းရေးနှင့် မီးဘေးကြိုတင်ကာကွယ်ရေးအတွက်  လုပ်ငန်းများကို ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလအတွင်း ဆောင်ရွက်သွားရန် စီစဉ်နေကြောင်း သိရသည်။

ကျွန်တော်တို့ (၈) ရက်နေ့မှာ ဈေးအထူးသန့်ရှင်းရေးလုပ်မယ်။ စည်ပင်နဲ့ မီးသတ်ပူးပေါင်းပြီး ဈေးရေမြောင်းရှင်းတာတို့ ဈေးတွင်းသန့်ရှင်းရေးလုပ်မယ်။ (၂၀) ရက်နေ့မှာ မီးဘေးကြိုတင်ကာကွယ်ရေး သရုပ်ပြမယ်။ မီးသတ်ကားတွေနဲ့ ရေဖြန်းတာတို့ဆောင်ရွက်မယ်

ဟု ကျိုင်းတုံမြို့နယ်စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးကျော်မင်းထိုက်က တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။

ကျိုင်းတုံမြို့မဈေး သန့်ရှင်းသာယာရေးနှင့် မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ကျိုင်းတုံမြို့နယ်စည်ပင်သာယာရေးဌာန အစည်းအဝေးခန်းမတွင် ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ (၅) ရက်နေ့က စည်ပင်သာယာရေးကော်မတီ၊ မီးသတ်ဦးစီးဌာနနှင့် ကျိုင်းတုံမြို့မဈေးကော်မတီတို့ တွေ့ဆုံဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။

ကျိုင်းတုံမြို့မဈေးသည် (၅) ဧကကျော် ကျယ်ဝန်းပြီး ဆိုင်ခန်းပေါင်း (၁,၁၀၀) ကျော်၊ ပျံကျဈေးသည်ပေါင်း (၁,၀၀၀) ကျော် ရောင်းချနေသည့် ဈေးကြီးဖြစ်သည့်အတွက် ဈေးသန့်ရှင်းသာယာရေးနှင့် မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်နေကြောင်း သိရသည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~