ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ (၁၀၀၀)ကျော်လာ

ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ (၁၀၀၀)ကျော်လာ
ဖေဖော်ဝါရီ 11, 2020
By Tachileik News Agency

ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ (၁၀၀၀)ကျော်လာ

ကူးစက်မြန်သည့် ကိုရိုနာဗိုင်းရပ်စ်၏ အခြေအနေမှာ ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ (၁၁)ရက်နေ့ နေ့လည်(၁၁)နာရီ အချိန်အထိ နိုင်ငံပေါင်း (၂၅)နိုင်ငံအထိ ကူးစက်ပျံ့နှံ့နေပြီး သေဆုံးသူမှာ (၁,၀၀၀)ကျော် ရှိလာကြောင်း သိရသည်။

ကိုရိုနာဗိုင်းရပ်စ်ကူးစက် ခံရသူသည် တရုတ်နိုင်ငံအတွင်း၌ (၄၂,၀၀၀)ကျော်အထိ ရှိနေပြီး ဒုတိယအများဆုံး ကူးစက်ခံရသည့် နိုင်ငံမှာ ဂျပန်နိုင်ငံဖြစ်နေသည်ကို တွေ့ရသည်။
၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ (၁၁)ရက်နေ့ နေ့လည်(၁၁)နာရီ အချိန်အထိ ကူးစက်ခံရသူ အတည်ပြုလူနာမှာ (၄၃,၁၀၀)ဦး ရှိပြီး သက်သာပျောက်ကင်းသူမှာ (၄,၀၂၆)ဦး ရှိသော်လည်း သေဆုံးသူ အရေအတွက်မှာလည်း (၁,၀၁၈)ဦးအထိ ရှိလာကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်နှင့် ပတ်သက်၍ စောင့်ကြည့် သံသယ (၂၁)ဦးရှိကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဖေဖော်ဝါရီလ(၁၀)ရက်နေ့က ထုတ်ပြန်ထားရှိသည်။
တရုတ်နိုင်ငံ၊ ဟူပေပြည်နယ်၊ ဝူဟန်မြို့က စတင်ခဲ့သည့် ကိုရိုနာဗိုင်းရပ်အဆုတ်ရောင်ရောဂါသည် တရုတ်နိုင်ငံ အပါအဝင် ဂျပန်၊ စင်္ကာပူ၊ ထိုင်း၊ တောင်ကိုရီးယား၊  သြစတေးလျာ၊ ဂျာမဏီ၊ အမေရိကန်၊ မလေးရှား၊ ဗီယက်နမ်၊ ပြင်သစ်၊ ကနေဒါ၊ အာရပ်ဆော်ဘွားနိုင်ငံ၊ အိန္ဒိယ၊ အီတလီ၊ ရုရှား၊ ဖီလစ်ပိုင်၊ ဗြိတိန်၊ နီပေါ၊ ကမ္ဘောဒီးယား၊ စပိန်၊ ဖင်လန်၊ ဘယ်လ်ဂျီယံ၊ ဆွီဒင် နှင့် သီရိလင်္ကာ စသည့် နိုင်ငံပေါင်း (၂၅)နိုင်ငံအထိ  ကူးစက်ပျံ့နှံ့နေခြင်း ဖြစ်သည်။

ကိုရိုနာဗိုင်းရပ်စ်နှင့် ပတ်သက်၍ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၃၀)ရက်နေ့က ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)မှ ကမ္ဘာလုံးဆိုင်ရာ အရေးပေါ်အခြေအနေအဖြစ် ကြေညာထားရှိသည်။
Tachileik News Agency

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~