ရုရှားကို ပြစ်တင်ရှုတ်ချကြောင်း UN ဆုံးဖြတ်ချက် မြန်မာအပါအဝင် အဖွဲ့ဝင်နိုင်ငံများ တခဲနက် ထောက်ခံခဲ့ကြ

ရုရှားကို ပြစ်တင်ရှုတ်ချကြောင်း UN ဆုံးဖြတ်ချက် မြန်မာအပါအဝင် အဖွဲ့ဝင်နိုင်ငံများ တခဲနက် ထောက်ခံခဲ့ကြ
ဖေဖော်ဝါရီ 24, 2023 | နိုင်ငံတကာသတင်း
By Mr John

ယူကရိန်းနိုင်ငံကို တစ်နှစ်ကြာ ကျူးကျော်စစ် ဆင်နွှဲနေသည့် ရုရှားနိုင်ငံအား ပြစ်တင်ရှုတ်ချကြောင်း ဆုံးဖြတ်ချက်တစ်ရပ်ကို ကုလသမဂ္ဂ အထွေထွေညီလာခံတွင် အဖွဲ့ဝင်နိုင်ငံများက တခဲနက် မဲပေးထောက်ခံခဲ့ကြသည်။ 

 

ယူကရိန်း - ရုရှားစစ်ပွဲ တစ်နှစ်ပြည့်ချိန်တွင် ကုလသမဂ္ဂက ရုရှားကို ပြစ်တင်ရှုတ်ချကြောင်း ဆုံးဖြတ်ချက်ကို မဲခွဲအတည်ပြုခဲ့ခြင်းလည်း ဖြစ်သည်။

၂၀၂၃ခုနှစ် ဖေဖေါ်ဝါရီလ (၂၃) ရက်နေ့က ပြုလုပ်ခဲ့သည့် မဲခွဲမှုတွင် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ (၁၄၁) နိုင်ငံက ရုရှားက ပြစ်တင်ရှုတ်ချကြောင်း ဆုံးဖြတ်ချက်ကို ထောက်ခံမဲပေးခဲ့ကြပြီး (၃၂) နိုင်ငံက မဲမပေးခဲ့ကြကြောင်းနှင့် ရုရှား အပါအဝင် (၇) နိုင်ငံက ကန့်ကွက်မဲပေးခဲ့ကြသည်။ 

ရုရှားဘက်က ရပ်တည်၍ ကန့်ကွက်မဲပေးခဲ့ကြသည် နိုင်ငံများတွင် ဘီလာရုစ်၊ မြောက်ကိုရီးယား၊ အီရီထရီးယား၊ မာလီ၊ နီကာရာဂူးနှင့် ဆီးရီးယားတို့ ပါဝင်သည်။

ရုရှားကို ပြစ်တင်ရှုတ်ချကြောင်း ကုလသမဂ္ဂ ဆုံးဖြတ်ချက်ကို မဲမပေးခဲ့ကြသည့် နိုင်ငံများတွင် မြန်မာ နှင့် အိမ်နီးချင်း အိန္ဒိယ၊ တရုတ်တို့ ပါဝင်ပြီး အာဆီယံနိုင်ငံ များအနက်မှ လာအိုနှင့် ဗီယက်နမ်တို့ကလည်း မဲမပေးခဲ့ကြကြောင်း သိရသည်။ 

အာဆီယံနိုင်ငံများအနက်မှ မြန်မာ၊ ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား၊ စင်ကာပူ၊ ဘရူနိုင်း၊ ကမ္ဘောဒီးယားနှင့် ဖိလစ်ပိုင်တို့က ထောက်ခံမဲပေးခဲ့ကြသည်။

အာဆီယံအဖွဲ့သို့ ဝင်ရောက်ခွင့်ပြုရန် မူအားဖြင့် သဘောတူညီထားပြီးဖြစ်သည့် အရှေ့တီမောနိုင်ငံကလည်း ထောက်ခံမဲပေးခဲ့သည်။ 

မြန်မာနိုင်ငံတွင် အာဏာသိမ်းထားသည့် စစ်အုပ်စုမှာ ရုရှားကို အားပေးထောက်ခံသော်လည်း ကုလသမဂ္ဂက ၎င်းတို့၏ ကိုယ်စားလှယ်ကို အသိအမှတ်မပြု ထားခြင်းကြောင့် မဲပေးခွင့်မရှိခဲ့ပေ။ 

ကုလသမဂ္ဂက မြန်မာနိုင်ငံကိုယ်စားပြု သံအမတ်အဖြစ် အမျိုးသားညီညွတ်ရေးအစိုးရ National Unity Government (NUG) ၏ သံအမတ်ကြီး ဦးကျော်မိုးထွန်းကိုသာ အသိအမှတ်ပြုထားသည်။

Source: Reuteres

Photo: Tendar/Twitter, JosepBorrellF, REUTERS/Mike Segar,