တာချီလိတ်မြို့တွင် ဆင်းရဲနွမ်းပါးသည့်မိသားစုမှ ကလေးငယ် (၂၀)ဦး ကို စုပေါင်းရှင်ပြုပေးမည်ဖြစ်၍ မတ်လ(၇)ရက်နေ့ နောက်ဆုံးထား စာရင်းပေးသွင်းနိုင်

တာချီလိတ်မြို့တွင် ဆင်းရဲနွမ်းပါးသည့်မိသားစုမှ ကလေးငယ် (၂၀)ဦး ကို စုပေါင်းရှင်ပြုပေးမည်ဖြစ်၍ မတ်လ(၇)ရက်နေ့ နောက်ဆုံးထား စာရင်းပေးသွင်းနိုင်
ဖေဖော်ဝါရီ 24, 2020
By Tachileik News Agency
တာချီလိတ်မြို့တွင် ဆင်းရဲနွမ်းပါးသည့်မိသားစုမှ ကလေးငယ် (၂၀)ဦး ကို စုပေါင်းရှင်ပြုပေးမည်ဖြစ်၍ မတ်လ(၇)ရက်နေ့ နောက်ဆုံးထား စာရင်းပေးသွင်းနိုင်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ဆင်းရဲနွမ်းပါးသည့် မိသားစုများမှ ကလေးငယ် (၂၀) ဦးကို ၂၀၂၀ ခုနှစ်၊ မတ်လ (၂၂) ရက်နေ့၌ ပုန်းထွန်ရပ်ကွက်ရှိ ငွေတောင်ဦးကမ္မဌာန်းကျောင်းတိုက်တွင် စုပေါင်းရှင်ပြုပေးမည်ဖြစ်၍ ရှင်ပြုလိုသော်လည်း မတတ်နိုင်သူများရှိပါက  စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။

အဆိုပါ စုပေါင်းရှင်ပြုပွဲကို တာချီလိတ်ခရိုင်အမျိုးသမီးရေးရာအဖွဲ့ကကြီးမှူး၍ စေတနာရှင်များ၏ ပူးပေါင်းပါဝင်မှုဖြင့် သတ္တမအကြိမ်မြောက်အဖြစ် ပြုလုပ်ခြင်းဖြစ်ကြောင်းသိရပြီး ဆင်းရဲနွမ်းပါးသည့် မိသားစုများမှ ရှင်ပြုပေးလိုသည့်ကလေးများရှိပါက  သက်ဆိုင်ရာ ရပ်ကွက်ရုံးများတွင် မတ်လ (၇) ရက်နေ့ နောက်ဆုံးထား စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။

ကိုရင်ဝတ်လိုသည့် ကလေများသည့် အသက်(၁၀)နှစ်ပြည့်ပြီးသူ ဖြစ်ရပြီး၊ မိဘများမှာ အမှန်တကယ် ဆင်းရဲနွမ်းပါးသူဖြစ်ရမည်ဖြစ်ကြောင်း နှင့် အနည်းဆုံး (၇) ရက်ကြာအထိ ကိုရင်အဖြစ် သင်္ကန်းစည်းနိုင်ရမည်သူဖြစ်ရမည်ဟု သတ်မှတ်ထားပြီး စာရင်းပေးသွင်းလာသူများသည် သတ်မှတ်ချက်များနှင့် ကိုက်ညီပါက အကြောင်း ပြန်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

မိမိတို့နေထိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများအပြင် တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူးရုံးသို့လည်း ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။

Tachileik News Agency

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~