တာချီလိတ်တွင် မယ်ခေါင်ရပ်ကွက်အတွင်း အမျိုးသားနှစ်ဦးထံက မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

တာချီလိတ်တွင် မယ်ခေါင်ရပ်ကွက်အတွင်း အမျိုးသားနှစ်ဦးထံက မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
ဇူလိုင် 19, 2020
By Tachileik News Agency

တာချီလိတ်တွင် မယ်ခေါင်ရပ်ကွက်အတွင်း အမျိုးသားနှစ်ဦးထံက မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့တွင် ဟိုတယ်တစ်ခုအနီး၌ တည်းခိုနေသူတစ်ဦးကို ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ (၁၉) ရက်နေ့၌ စိတ်ကြွရူးသွပ်ဆေးပြားများဖြင့် ဖမ်းမိပြီးနောက် ဟိုတယ်တွင် တည်းခိုနေသူတစ်ဦးကိုပါ မူးယစ်ဆေးများဖြင့် ထပ်မံဖမ်းဆီးရမိကြောင်း သိရသည်။

မူးယစ်တပ်ဖွဲ့စု (၃၀)တာချီလိတ်မှ တပ်ဖွဲ့ဝင်များ ဦးဆောင်သော ပူးပေါင်းအဖွဲ့သည် ဇူလိုင်လ (၁၉) ရက်နေ့ နေ့လယ် (၁)နာရီခွဲဝန်းကျင်က မယ်ခေါင်ရပ်ကွက်အတွင်း ဗိုလ်ချုပ်အောင်ဆန်းလမ်းမအတိုင်း လမ်းလျှောက်လာသည့် အမျိုးသားတစ်ဦးကို ရှာဖွေရာ စိတ်ကြွဆေးပြား (၄,၀၀၀) ပြားကို ဖမ်းဆီးရမိပြီးနောက် ဆက်စပ်ပြီး ဟိုတယ်တစ်ခုတွင် တည်းခိုနေသည့် အမျိုးသားတစ်ဦး၏ အခန်းအား ရှာဖွေရာ စိတ်ကြွဆေးပြား (၅,၈၀၀) ပြားနှင့် အိုက်စ် (၁၂) ဂရမ်ခန့်အပြင် မူးယစ်ဆေးသုံးစွဲသည့် ဆက်စပ်ပစ္စည်းများကိုပါ ဖမ်းမိခြင်းဖြစ်ကြောင်း သိရသည်။

မူးယစ်ဆေးများနှင့်အတူ ဖမ်းမိသည့် ဇော်မိုးနှင့် စမော(ခ) သက်ဟိန်းစိုးတို့အား မူးယစ်ဆေးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေဖြင့် တာချီလိတ်မြို့မရဲစခန်းတွင် အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~