တရုတ်နိုင်ငံအတွင်း ကော်ရိုနာဗိုင်းရပ်စ်စတင်ဖြစ်ပွားရာပြည်နယ်အနီး၌ ကြက်ငှက်တုပ်ကွေးရောဂါ ဖြစ်ပွားနေ

တရုတ်နိုင်ငံအတွင်း ကော်ရိုနာဗိုင်းရပ်စ်စတင်ဖြစ်ပွားရာပြည်နယ်အနီး၌ ကြက်ငှက်တုပ်ကွေးရောဂါ ဖြစ်ပွားနေ
ဖေဖော်ဝါရီ 2, 2020
By 🌸
 

 တရုတ်နိုင်ငံအတွင်း ကော်ရိုနာဗိုင်းရပ်စ်စတင်ဖြစ်ပွားရာပြည်နယ်အနီး၌ ကြက်ငှက်တုပ်ကွေးရောဂါ ဖြစ်ပွားနေ

တရုတ်နိုင်ငံအတွင်း ကော်ရိုနာဗိုင်းရပ်စ် (ဝူဟန်အဆုတ်ရောင်)ရောဂါ ဖြစ်ပွားရာ ဟူပေပြည်နယ်အနီးရှိ ဟူနန်ပြည်နယ်တွင် ကြက်မွေးမြူရေးလုပ်ငန်းများတွင် ကြက်ငှက်တုပ်ကွေးရောဂါဖြစ်ပွားနေကြောင်း သိရသည်။

ဟူပေပြည်နယ်တောင်ဘက်ရှိ ဟူဘေတွင် H5N1 ကြက်ငှက်တုပ်ကွေးဖြစ်ပွားမှုကြောင့် ကြက်ကောင်ရေပေါင်း (၄၅၀၀) သေဆုံးသွားသဖြင့် ကျန် ကြက်ကောင်ရေပေါင်း တစ်သောင်းကျော်ကို ဒေသတာဝန်ရှိသူများက ရှင်းလင်းထားကြောင်း သိရသည်။

လက်ရှိအချိန်ထိ ကြက်ငှက်တုပ်ကွေးရောဂါ ကူးစက်ခံရသူမရှိသေးသော်လည်း နိုဗယ်ကော်ရိုနာဗိုင်းရပ်စ်အား မထိန်းချုပ်နိုင်မီ ကြက်ငှက်တုပ်ကွေးရောဂါဖြစ်လာနေ၍ စိုးရိမ်ပူပန်မှုမြင့်နေခြင်းဖြစ်သည်။

တရုတ်ပြည်မကြီးတွင် ကော်ရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူဦးရေမှာ ၂၀၂၀ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၂)ရက်နေ့အထိ (၃၀၄)ဦး ရှိနေပြီး အတည်ပြုလူနာပေါင်း (၁၄၃၈၀)ဦးရှိနေခြင်းဖြစ်သည်။

တရုတ်ပြည်မကြီးပြင်ပတွင် ကော်ရိုနာဗိုင်းရပ်စ်ကူးစက်ခံရသည့် အတည်ပြုလူနာအရေအတွက်မှာ ဟောင်ကောင်တွင် အတည်ပြုလူနာ (၁၄)ဦး၊ မကာအိုတွင် (၇)ဦး၊ တိုင်ဝမ်တွင် (၁၀)ဦး၊ ကျန်အာရှနိုင်ငံများတွင် (၉၀)ဦး၊ ဥရောပနိုင်ငံများတွင် (၂၂)ဦး၊ မြောက်အမေရိကတွင် (၁၂)ဦး၊ သြစတေးလျတွင် (၁၂)ဦးနှင့် ကျန်နိုင်ငံများတွင် (၄)ဦးရျိနေကြောင်း တရုတ်ကျန်းမာရေးဌာန၏စာရင်းအရ သိရသည်။
ကော်ရိုနာဗိုင်းရပ်စ်ကို ကမ္ဘာ့အရေးပေါ်အခြေအနေအဖြစ် WHO က ကြောညာထားခြင်းဖြစ်သည်။

Tachileik News Agency
Ref: South China Morning Post
Photo:SCMP


~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~


~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~