တာချီလိတ်မြို့ ဝမ်ကောင်းရပ်ကွက်အတွင်း ဆိုင်ကယ်ခိုးယူခံရမှုများ ရှိသဖြင့် ရပ်ကွက် အစီအစဉ်ဖြင့် လုံခြုံရေးလုပ်ဆောင်မည်

တာချီလိတ်မြို့ ဝမ်ကောင်းရပ်ကွက်အတွင်း ဆိုင်ကယ်ခိုးယူခံရမှုများ ရှိသဖြင့် ရပ်ကွက် အစီအစဉ်ဖြင့် လုံခြုံရေးလုပ်ဆောင်မည်
ဖေဖော်ဝါရီ 6, 2020
By Tachileik News Agency
တာချီလိတ်မြို့ ဝမ်ကောင်းရပ်ကွက်အတွင်း ဆိုင်ကယ်ခိုးယူခံရမှုများ ရှိသဖြင့် ရပ်ကွက် အစီအစဉ်ဖြင့် လုံခြုံရေး လုပ်ဆောင်မည်

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ပေါ် ဝမ်ကောင်းရပ်ကွက်အတွင်း ဆိုင်ကယ်ပျောက်ဆုံးမှုများ ဖြစ်ပွားမှုများနေသဖြင့် ရပ်ကွက်အစီအစဉ်ဖြင့် လုံခြုံရေးများဆောင်ရွက်ရန် စီစဉ်နေကြောင်း သိရသည်။

"ကျောက်တောင်အဆင်းမှာ ဆိုးသွမ်းတဲ့သူတွေရှိတယ်လို့ ပြောလာတာပေါ့။ စောင့်ကြည့်မယ်ပေါ့။ ဖြစ်လေ့ဖြစ်ထရှိတယ်ဆိုရင် ဒီဟာကြီးတော့ မြို့နယ်အုပ်ချုပ်ရေးမှူးကို တင်ပြပြီးတော့ ရဲတပ်ဖွဲ့နဲ့ပေါင်းပြီး ဒီဟာကို ဆောင်ရွက်သွားမှာပေါ့"ဟု ဝမ်ကောင်းရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

၂၀၂၀ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၃) ရက်နေ့ ညပိုင်း ဝမ်ကောင်းရပ်ကွက် ဓမ္မာရုံတွင် ဝမ်ကောင်းရပ်ကွက် ပြည်သူ့စစ်၊ ဆယ်အိမ်မှူး၊ ရာအိမ်မှူးများနှင့် ရပ်ကွက်အတွင်း နေထိုင်သူများ တွေ့ဆုံဆွေးနွေးခဲ့ပြီး ညစဉ်ရပ်ကွက်ရုံး၌ လူစုထားရှိပြီး အကြောင်းတစ်စုံတစ်ရာဖြစ်ပေါ်လာပါက အချိန်မီသွားရောက်နိုင်ရန် ဆွေးနွေးဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

ရပ်ကွက်စုပေါင်းဆွေးနွေးပွဲတွင် ရပ်ကွက်အတွင်း လှည့်ကင်းဆောင်ရွက်ရေး၊ နေအိမ်၊ တိုက်ခန်းငှားများကို အသိပညာပေး ဟောပြောပွဲများ ပြုလုပ်ရန်၊ ညစဉ် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ပြည်သူ့စစ်၊ ဆယ်အိမ်မှူး၊ ရာအိမ်မှူးများနှင့် ရပ်ကွက်အတွင်းမှ စိတ်ပါဝင်စားသည့် လူငယ်များ စုစည်းထားရှိပြီး ရပ်ကွက်အတွင်း အကြောင်းတစ်စုံတစ်ရာဖြစ်ပွားပါက အချိန်မီသွားရောက်ဖြေရှင်းနိုင်ရန် စီစဉ်ထားကြောင်း သိရသည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~


~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~