အထက(တာချီလိတ်)ကျောင်းသူ ကျောင်းသားဟောင်းများ၏ တတိယအကြိမ်မြောက် အာစရိယပူဇော်ပွဲ ကျင်းပ

အထက(တာချီလိတ်)ကျောင်းသူ ကျောင်းသားဟောင်းများ၏ တတိယအကြိမ်မြောက် အာစရိယပူဇော်ပွဲ ကျင်းပ
ဇန်နဝါရီ 1, 2020
By 🌸

အထက(တာချီလိတ်)ကျောင်းသူ ကျောင်းသားဟောင်းများ၏ တတိယအကြိမ်မြောက် အာစရိယပူဇော်ပွဲ ကျင်းပ

အထက(တာချီလိတ်) ကျောင်းသူ ကျောင်းသားဟောင်းများ၏ တတိယအကြိမ်မြောက် အာစရိယပူဇော်ပွဲကို ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၁)ရက်နေ့တွင် ရှမ်းရိုးမကွင်း၌ ကျင်းပရာ ကန်တော့ခံ အငြိမ်းစား ဆရာ၊ ဆရာမ (၃၈)ဦးအနက် (၃၁)ဦး တက်ရောက်သည်။

“၂၀၁၉ ခုနှစ်အထိ အငြိမ်းစား ဆရာ၊ ဆရာမကြီးတွေကို ကန်တော့တာမှာ ကျောင်းသူ ကျောင်းသားဟောင်း အကုန်လုံး တက်စေချင်တာပေါ့။ ဒီနှစ်တော့ ကန်တော့ခံ ဆရာ၊ ဆရာမတွေထဲ (၃၈)ယောက်မှာ ခရီးလွန်နေတာနဲ့ မတက်နိုင်တာ (၇)ယောက်ရှိတယ်။ အဲဒီထဲကမှ တာချီလိတ်မြို့က ကန်တော့ခံ ဆရာ၊ဆရာမတွေကိုတော့ ကန်တော့ပစ္စည်းတွေကို အိမ်အရောက် သွားကန်တော့ကြဖို့ရှိပါတယ်”

 ဟု အ.ထ.က (တာချီလိတ်) ကျောင်းသူ ကျောင်းသားဟောင်းများအဖွဲ့ ဥက္ကဌ ဦးတင်ဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ အခြေခံပညာအထက်တန်းကျောင်း(တာချီလိတ်)တွင် တာဝန်ထမ်းဆောင်ပြီး ၁၉၅၅ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိကာလအတွင်း အငြိမ်းစားယူသွားကြကာ လက်ရှိတွင် တာချီလိတ်၌ နေထိုင်ကြသည့် ဆရာ၊ ဆရာမများကို ကျောင်းသူ ကျောင်းသားဟောင်းများက ကန်တော့ကြခြင်းဖြစ်သည်။

Tachileik News Agency
ဓါတ်ပုံ - ကျော်ဇင်ဟိန်း

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~