မိုင်းဆတ်မြို့တွင် ချောင်းရေလျှံ၍ နေအိမ်အချို့ ရေဝင်၍ အိမ်ထောင်စုအချို့ ရေလွတ်ရာသို့ ရွှေ့ပြောင်းထားရ

မိုင်းဆတ်မြို့တွင် ချောင်းရေလျှံ၍ နေအိမ်အချို့ ရေဝင်၍ အိမ်ထောင်စုအချို့ ရေလွတ်ရာသို့ ရွှေ့ပြောင်းထားရ
စက်တင်ဘာ 24, 2020
By Tachileik News Agency
မိုင်းဆတ်မြို့တွင် ချောင်းရေလျှံ၍ နေအိမ်အချို့ ရေဝင်၍ အိမ်ထောင်စုအချို့ ရေလွတ်ရာသို့ ရွှေ့ပြောင်းထားရ
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့တွင် ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ (၂၄)ရက်နေ့က တောင်ကျရေကြောင့် မယ်ဆွမ်ချောင်း ရေကြီးရေလျှံမှုဖြစ်ကာ နေအိမ်အချို့ ရေဝင်နစ်မြုပ်မှုဖြစ်ပွားသဖြင့် အိမ်ထောင်စုအချို့ကို ရွှေ့ပြောင်းပေးထားရကြောင်း သိရသည်။
မယ်ဆွမ်ချောင်း ရေကြီးရေလျှံလာကာ ညနေ(၄)နာရီခန့်တွင် မယ်ဆွမ်မြောက်နှင့် မယ်ဆွမ်တောင်ရပ်ကွက်ရှိ နေအိမ်အချို့၌ ရေဝင်နစ်မြုပ်မှုဖြစ်ခဲ့ကာ နေအိမ် (၃၀)ခန့်မှ အိမ်ထောင်စုများအား ရေလွတ်ရာရှိ နီးစပ်ရာ ဆွေမျိုးများနေအိမ်သို့ ရွှေ့ပြောင်းပေးထားရကြောင်း သိရသည်။
ရေဝင်နစ်မြုပ်နေသည့်နေအိမ်များမှ အိမ်ထောင်စုများ ရွှေ့ပြောင်းနိုင်ရေးအတွက် မိုင်းဆတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးငြိမ်းထွေးနှင့် ခရိုင်မီးသတ်ဦးစီးမှူး ဦးဇော်နိုင်ဝင်း ဦးဆောင်သော သန္ဓေမီးသတ်တပ်ဖွဲ့ဝင်(၃၄)ဦးနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များ အပါအဝင် လူမှုကူညီရေးအသင်းအဖွဲ့များက ကူညီဆောင်ရွက်ပေးခဲ့ကြောင်း နှင့် လူနှင့်တိရစ္ဆာန် ထိခိုက်ဆုံးရှုံးမှု မရှိကြောင်း သိရသည်။
Tachileik News Agency
သတင်း/ဓါတ်ပုံ - သန်းဇော်(မိုင်းဆတ်)
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~