မီးခိုးများ ဆိုးရွားစွာ ဖုံးလွှမ်းနေမှုကြောင့် တောင်ယာမီးရှို့ခြင်းများ ရပ်တန့်နိုင်ရေး ဒေသအာဏာပိုင်များကို မယ်ဆိုင် ပြည်သူများက တောင်းဆို

မီးခိုးများ ဆိုးရွားစွာ ဖုံးလွှမ်းနေမှုကြောင့် တောင်ယာမီးရှို့ခြင်းများ ရပ်တန့်နိုင်ရေး ဒေသအာဏာပိုင်များကို မယ်ဆိုင် ပြည်သူများက တောင်းဆို
မတ် 27, 2023 | ရှမ်းရှေ့

မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ် နှင့် မယ်ဆိုင်အကြား (၁၀)နှစ်တာ ကာလအတွင်း ဆိုးရွားစွာ မီးခိုးဖုံးလွှမ်းမှုအဖြစ် ယခု ၂၀၂၃ နှစ်တွင် ပိုမိုသိသာစွာ ဖြစ်ပေါ်နေသည့်အတွက် မယ်ဆိုင်မြို့နေ ပြည်သူများက ယနေ့ မတ်လ(၂၇)ရက်နေ့တွင် မယ်ဆိုင်မြို့နယ်ရုံးတွင် လူအင်အား (၂၀၀)ကျော် စုရုန်းကာ တောင်းဆိုခဲ့ကြသည်။

မီးခိုးဖုံးလွှမ်းမှုကြောင့် အသက်ရှုလမ်းကြောင်း ရောဂါကနေ ကင်ဆာရောဂါအထိ ဖြစ်စေတတ်သည့်အတွက် တောမီး နှင့် တောင်ယာမီးရှိုခြင်းများ ရပ်တန့်ရေး  ရေတိုမဟုတ်ဘဲ ရေရှည်စီမံကိန်းအနေဖြင့် မယ်ဆိုင်အာဏာပိုင်များအနေဖြင့် အိမ်နီးချင်း မြို့နှင့် နှစ်ဖက် ဆွေးနွေးညှိနှိုင်းသည့်အခါ ရေတိုမဟုတ်ဘဲ ရေရှည်အတွက် ထည့်သွင်းဆွေးနွေးရန် နှင့် နှစ်စဉ် ယခုလို မဖြစ်ပေါ်ရေးအတွက် တင်ပြ တောင်းဆိုခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။



တာချီလိတ် နှင့် မယ်ဆိုင်အကြား ၂၀၂၃ခုနှစ် မတ်လ(၂၅)ရက်နေ့ ညပိုင်းကစတင်ပြီး မီးခိုးဖုံးလွှမ်းမှုများမှာ သိသိသာသာ စတင်လာခဲ့ပြီးနောက် ယနေ့ မတ်လ(၂၇)ရက်နေ့အထိ မီးခိုးဖုံးလွှမ်းမှုမှာ ပိုမိုများပြားလာနေပြီး နေအိမ်အတွင်း နေထိုင်သူများပင်လျှင်  အသက်ရှုပ်ကြပ်ကာ မျက်လုံးစပ်ပြီး မျက်ရည်ကျသည်အထိ ခံစားနေရကြောင်း သိရသည်။

 

ယခုလို ဖြစ်ပေါ်နေခြင်းကြောင်း မယ်ဆိုင်မြို့တွင် အပြင်ထွက်သွားလာသူများ Mask များတပ်ဆင်ကြရန်လည်း အသိပေးထားကြသည်။



#TachileikNewsAgency

Photo: Apichat Wongngoen ( Groot Studio )