တာချီလိတ်ရှိ နယ်စပ်ဂိတ်တွင် ဝူဟန်အဆုတ်ရောဂါ ကာကွယ်ရေးအတွက် ကိုယ်အပူအချိန် အလိုလျောက် တိုင်းတာရေးစက် တပ်ဆင်

တာချီလိတ်ရှိ နယ်စပ်ဂိတ်တွင် ဝူဟန်အဆုတ်ရောဂါ ကာကွယ်ရေးအတွက် ကိုယ်အပူအချိန် အလိုလျောက် တိုင်းတာရေးစက် တပ်ဆင်
ဇန်နဝါရီ 27, 2020
By Tachileik News Agency

တင်ဆက် - ကိုဇောင်း
သတင်းရိုက်ကူး - ဟန်စိုးထိုက်

တာချီလိတ်ရှိ နယ်စပ်ဂိတ်တွင် ဝူဟန်အဆုတ်ရောဂါ ကာကွယ်ရေးအတွက် ကိုယ်အပူအချိန် အလိုလျောက်  တိုင်းတာရေးစက် တပ်ဆင်

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့ရဲ့ အဓိက နယ်စပ် ဝင်ပေါက်ထွက်ပေါက်ဖြစ်တဲ့ မြန်မာ-ထိုင်း ချစ်ကြည်ရေးအမှတ်(၁)တံတားပေါ်မှာ  ဝူဟန်အဆုတ်ရောင်ရောဂါလို့ အများခေါ်တဲ့  ကော်ရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး စစ်ဆေးနိုင်ဖို့   Thermal Scanner စက်ကို ၂၀၂၀ ခုနှစ် ဇန်နဝါရီ (၂၇) ရက်နေ့မှာတပ်ဆင်ပြီးဖြစ်သလို ကျန်းမာရေးဝန်ထမ်းတွေ တိုးမြှင့်ချထားသွားမှာ ဖြစ်ကြောင်း ရှမ်းပြည်နယ် အရှေ့ပိုင်းရဲ့ ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဘစိုးသက်က ပြောပါတယ်။

ဝူဟန်ဗိုင်းရပ်နဲ့ပတ်သက်ပြီး သံသယလူနာတွေ့ရှိရင် ကုသပေးနိုင်ဖို့အတွက် တာချီလိတ်ခရိုင်ဆေးရုံကြီးမှာ အထူးကုသဆောင်ထားရှိပြီး လူနာတင်ယာဉ်ကိုလည်း အသင့်ပြင်ဆင်ထားကြောင်း ဒေါက်တာဘစိုးသက်က ပြောပါတယ်။

တာချီလိတ်မြို့ရဲ့ နယ်စပ်ဝင်ပေါက် နေရာ(၄)ခုမှာ စစ်ဆေးနေသလို အထူးဒေသ(၄)မိုင်းလားမှာလည်း စစ်ဆေးမှုတွေလုပ်ဆောင်နေတယ်လို့ ဒေါက်တာဘစိုးသက်က ပြောပါတယ်။

တာချီလိတ်မြို့ မြန်မာ-ထိုင်း ချစ်ကြည်ရေးအမှတ်(၁)တံတားပေါ်မှာ အရင်က လက်ကိုင်စက်တွေနဲ့ တစ်ယောက်ချင်းရဲ့ ကိုယ်အပူချိန်ကိုတိုင်းတာခဲ့ပေမယ့် လက်ရှိတပ်ဆင်တဲ့စက်က ဖြတ်သွားသူတွေရဲ့ ကိုယ်အပူချိန်ကို အလိုအလျောက် တိုင်းတာပေးနေပြီးတော့ သတ်မှတ် ကိုယ်အပူချိန်ထက်ကျော်လွန်တဲ့သူတွေ့ရှိရင် အချက်ပေးစနစ်က အသံမြည်လာလို့ အလွယ်တကူစစ်ဆေးနိုင်မှာဖြစ်ပါတယ်။

Tachileik News Agency

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~