တာချီလိတ်တွင် သဲအင်းဂူဆရာတော်၏ ဝိပဿနာအထူးတရားပွဲ ဇန်နဝါရီလ(၁၆)ရက်နေ့က စ၍ နှစ်ရက် ကျင်းပမည်

တာချီလိတ်တွင် သဲအင်းဂူဆရာတော်၏ ဝိပဿနာအထူးတရားပွဲ ဇန်နဝါရီလ(၁၆)ရက်နေ့က စ၍ နှစ်ရက် ကျင်းပမည်
ဇန်နဝါရီ 6, 2020
By Tachileik News Agency

တာချီလိတ်တွင် သဲအင်းဂူဆရာတော်၏ ဝိပဿနာအထူးတရားပွဲ ဇန်နဝါရီလ(၁၆)ရက်နေ့က စ၍ နှစ်ရက် ကျင်းပမည်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၌ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၁၆)ရက်နေ့နှင့် (၁၇)ရက်နေ့များတွင် သဲအင်းဂူဆရာတော် ပဋိပတ္တိ သာသနာဟိတဓရ (ဂုဏ်ပြု) အဂ္ဂမဟာကမ္မဌာနစရိယ ဘဒ္ဒန္တစန္ဒိမာ(အောင်လံ)၏ ဝိပဿနာအထူးတရားပွဲများ ကျင်းပမည်ဖြစ်သည်။

တရားပွဲကာလအတွင်း နိဗ္ဗာန်ဈေးနှင့် စတုဒီသာ ပါဝင်လှူဒါန်းလိုသူများအနေဖြင့် ဝေဠုဝန်ဆရာတော် ဦးနန္ဒိမာဝံသ ဖုန်း ၀၉၄၂၈၂၁၂၀၄၅၊ ဒုရဲမှူး စံသိန်း ဖုန်း ၀၉ ၄၅၀၃၃၂၅၆၊ ဦးစန်းလွင် ဖုန်း ၀၉ ၂၆၀၃၂၈၄၇၃ နှင့် ဦးဝင်းမောင် ဖုန်း ၀၉ ၅၂၄၁၆၉၅ သို့ ဆက်သွယ်နိုင်ကြကြောင်း သိရသည်။

တိုက်ခွဲ (၃၂) သဲအင်းဂူ ဝိပဿနာဓမ္မရိပ်သာကြီးများ၏ ဦးစီးပဓာန နာယက၊ သောတာပတ္တိမဂ်(ရှုဖွယ်) ကျမ်းနှင့် ယောနသံစင်ယော်၏ နက်နဲသောပဒေဠိများကိုဖွင့်ဆိုခြင်း ကျမ်းပြုဆရာတော် ပဋိပတ္တိ သာသနာဟိတဓရ (ဂုဏ်ပြု) အဂ္ဂမဟာကမ္မဌာနစရိယ ဘဒ္ဒန္တစန္ဒိမာ(အောင်လံ)၏ ဝိပဿနာအထူးတရားပွဲများကို ရန်အောင်မြေရပ်ကွက် ပါလျှံရှိ တာ့ဟွာတရုတ်ဘုံကျောင်း၌ ညစဉ် (၇)နာရီတွင် စတင်မည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~