တာချီလိတ်တွင် ကျင်းပမည့် လူသစ်တန်း ဖူဆယ်ဘောလုံးပြိုင်ပွဲနှင့် အလွတ်တန်း ပိုက်ကျော်ခြင်းပြိုင်ပွဲအတွက် ဇန်နဝါရီလကုန် နောက်ဆုံးထား၍ စာရင်းပေးသွင်းနိုင်

တာချီလိတ်တွင် ကျင်းပမည့် လူသစ်တန်း ဖူဆယ်ဘောလုံးပြိုင်ပွဲနှင့် အလွတ်တန်း ပိုက်ကျော်ခြင်းပြိုင်ပွဲအတွက် ဇန်နဝါရီလကုန် နောက်ဆုံးထား၍ စာရင်းပေးသွင်းနိုင်
ဇန်နဝါရီ 13, 2020
By Tachileik News Agency

တာချီလိတ်တွင် ကျင်းပမည့် လူသစ်တန်း ဖူဆယ်ဘောလုံးပြိုင်ပွဲနှင့် အလွတ်တန်း ပိုက်ကျော်ခြင်းပြိုင်ပွဲအတွက် ဇန်နဝါရီလကုန် နောက်ဆုံးထား၍ စာရင်းပေးသွင်းနိုင်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ပြည်ထောင်စုနေ့အထိမ်းအမှတ် မြို့နယ်အုပ်ချုပ်ရေးမှူးဖလား လူသစ်တန်းဖူဆယ်ဘောလုံးပြိုင်ပွဲနှင့် အလွတ်တန်း ပိုက်ကျော်ခြင်းပြိုင်ပွဲမ်ား ကျင်းပမည်ဖြစ်၍ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၃၁) ရက်နေ့ နောက်ဆုံးထားကာ စာရင်းပေးသွင်းနိုင်ကြမည်ဖြစ်ကြောင်း သိရသည်။

စာရင်းပေးသွင်းလိုသူများအနေဖြင့် မြို့နယ်အားကာမှူးရုံး ဖုန်း ၀၉ ၄၂၈၂၁၁၉၆၉ နှင့် ၀၉ ၄၀၂၆၂၅၂၆၃ တို့သို့ ဆက်သွယ် စာရင်းပေးသွင်းနိုင်ကြမည်ဖြစ်ကြောင်း သိရသည်။

၂၀၂၀ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁၂) ရက်နေ့တွင် ကျရောက်မည့် (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် မြို့နယ်အုပ်ချုပ်ရေးမှူးဖလား လူသစ်တန်းဖူဆယ်ဘောလုံးပြိုင်ပွဲနှင့် အလွတ်တန်း ပိုက်ကျော်ခြင်းပြိုင်ပွဲများကို မြို့မအားကစားကွင်းတွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~