တာချီလိတ်မြို့တွင် နေ့ခင်းအချိန်ကြီး အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ

တာချီလိတ်မြို့တွင် နေ့ခင်းအချိန်ကြီး အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ
ဖေဖော်ဝါရီ 13, 2020
By Tachileik News Agency
တာချီလိတ်မြို့တွင် နေ့ခင်းအချိန်ကြီး အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ

မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက်အတွင်းထဲက ထွန်းလင်းအောင်လမ်းမှာ ၂၀၂၀ခုနှစ် ဖေဖော်ဝါရီလ(၁၃)ရက်နေ့ နေ့လည်(၁၂)နာရီဝန်းကျင်အချိန်က အမျိုးသားတစ်ဦး သေနတ်နဲ့ ပစ်သတ်ခံရမှု ဖြစ်ပွားခဲ့ပါတယ်။

ပစ်သတ်ခံရတဲ့ လီထိုက်ရုံဆိုသူက မင်္ဂလာဆောင်ကပြန်လာပြီး နေအိမ်ကိုသွားဖို့ ကားပေါ်ကအဆင်းမှာ ၎င်းနေအိမ်ရှေ့မှာ ခရောင်းကားအနက်ရောင်နဲ့ အသင့်စောင့်ဆိုင်းနေတဲ့ သေနတ်သမားက ကားပေါ်ကနေပစ်ခတ်ခဲ့တဲ့အတွက် အခင်းဖြစ်နေရာမှာ ကျည်ဆံခွံတွေမကျန်ခဲ့ဘူးလို့ သိရပါတယ်။

သေနတ်သမားရဲ့ ပစ်ခတ်မှုကြောင့် ပစ်ခတ်ခံရသူစီးနင်းလာတဲ့ ကားမှာ  ကားရဲ့ ရှေ့လေကာမှန်ကို (၁)ချက်၊ ညာဘက် တံခါးမှာ (၄)ချက်၊ တံခါးမှန်မှာ (၂)ချက်   ကျည်ဖေါက်ဝင်ထားတာကို တွေ့ရသလို အသက်(၄၂)နှစ်ရှိ လီထိုက်ယုံဆိုသူရဲ့ ခန္ဓာကိုယ်မှာ ကျည်ဒဏ်ရာ (၃)ချက်ရရှိပြီး ဆေးရုံရောက်ရှိချိန် (၁၂) နာရီ (၅) မိနစ်မှာ သေဆုံးသွားတာ ဖြစ်ပါတယ်။

အခင်းဖြစ်ပွားရာ နေရာကို ရှမ်းပြည်နယ်ရဲတပ်ဖွဲ့၊ ဒုတိယပြည်နယ်ရဲတပ်ဖွဲ့မှူး(ယာယီ) ရဲမှူးကြီးတင်ဇော်ထွန်း၊ တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ရဲနိုင်အောင် ဦးစီးတဲ့ သက်ဆိုင်ရာ ရဲတပ်ဖွဲ့များ ပါဝင်တဲ့ အဖွဲ့က စစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။

နယ်စပ်ဒေသ တာချိလိတ်မြို့မှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဒေသအတွင်း မှုခင်းကျဆင်းရေးအတွက် ကျားမင်းစီမံချက်ကို ဆောင်ရွက်နေလျက်ရှိပြီး ဒီကာလတွင်းဖြစ်တဲ့ ဖေဖော်ဝါရီလ(၁၂)ရက်နေ့က 1g1 ဟိုတယ်ဧရိယာအတွင်း နတ်စင်ကို သေနတ်နဲ့ ပစ်ခတ်ထွက်ပြေးမှုဖြစ်ပွားခဲ့သလို ဒီနေ့ ဖေဖော်ဝါရီလ(၁၃)ရက်နေ့ နေ့လည်မှာလည်း အခုလို ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး   မြန်မာနိုင်ငံရဲတပ်ဖွဲ့က တရားခံကို ဖမ်းဆီးရရှိမရေးအတွက် ကြိုးပမ်းဆောင်ရွက်နေတယ်လို့ သိရပါတယ်။

Tachileik News Agency
တင်ဆက် - ကိုဇောင်း
သတင်းရိုက်ကူး - ဟန်စိုးထိုက်

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~