ရွာငံတွင် စစ်ကောင်စီတပ် နှင့် လျပ်တပြတ် တိုက်ပွဲ ဖြစ်ပွားရာမှ စစ်ကောင်စီတပ်သား (၄)ဦး သေသွား

ရွာငံတွင် စစ်ကောင်စီတပ် နှင့် လျပ်တပြတ် တိုက်ပွဲ ဖြစ်ပွားရာမှ စစ်ကောင်စီတပ်သား (၄)ဦး သေသွား
ဧပြီ 10, 2022 | ရှမ်းတောင်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်တွင် အာဏာသိမ်းစစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်များ  ဧပြီလ(၉)ရက်နေ့ ညနေပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း တောင်ကြီး PDF က သတင်းထုတ်ပြန်လာသည်။

ရွာငံမြို့နယ်၊ လွှစင်ရွာအနီးနှင့် တောင်ပို့ကွဲရွာအကြားတွင် ပျူစောထီးခေါင်းဆောင် ဝင်းမြင့်နှင့် ပျူစောထီးအဖွဲ့များကို တိုက်ခိုက်ရန် စောင့်ဆိုင်းနေစဉ် တောင်ကြီး - ရွာငံ - မန္တလေး ပြေးဆွဲနေသော ‌(ရွှေဓနုကားဖြင့်) ရောက်ရှိလာသည့် စစ်ကောင်စီတပ်သားနှင့် လျပ်တပြတ်တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ စစ်ကောင်စီတပ်သား (၄)ဦးသေကြောင်း သိရသည်။

၎င်းတိုက်ခိုက်မှုကို ရွာငံမြို့ပြပြောက်ကျားတပ်ဖွဲ့ (YUG)၊ တောင်ကြီးမြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (TPDF)၊ ရှမ်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(SNDF)ပူးပေါင်းတပ်ဖွဲ့များ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။