Covid-19 ကာလအတွင်း တာချီလိတ်မြို့မှတဆင့် မယ်ဆိုင်ချောင်းကနေ တရားမဝင် ပို့ဆောင်ပေးနေတဲ့ ပွဲစားတွေကို ဖမ်းဆီးဖို့ ပြင်ဆင်

Covid-19 ကာလအတွင်း တာချီလိတ်မြို့မှတဆင့် မယ်ဆိုင်ချောင်းကနေ တရားမဝင် ပို့ဆောင်ပေးနေတဲ့ ပွဲစားတွေကို ဖမ်းဆီးဖို့ ပြင်ဆင်
ဇူလိုင် 2, 2020
By Tachileik News Agency
Covid-19 ကာလအတွင်း တာချီလိတ်မြို့မှတဆင့် မယ်ဆိုင်ချောင်းကနေ တရားမဝင် ပို့ဆောင်ပေးနေတဲ့ ပွဲစားတွေကို ဖမ်းဆီးဖို့ ပြင်ဆင်

မြန်မာ - ထိုင်းနယ်စပ်ဒေသဖြစ်တဲ့ တာချီလိတ်မြို့ကနေ  မယ်ဆိုင်ဘက်ကို နယ်စပ်ချောင်းကနေ တရားမဝင်ဖြတ်သန်းဝင်ရောက်သူတွေနဲ့ ပို့ဆောင်ပေးသူတွေကို အရေးယူမှုတွေ လုပ်ဆောင်သွားမှာဖြစ်တဲ့ အကြောင်း တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က ပြောပါတယ်။

မယ်ဆိုင်ချောင်းကနေ တရားမဝင်ပို့ဆောင်ပေးနေတဲ့ ပွဲစားတွေရှိနေတဲ့အတွက်အကြောင့် ပြည်သူတွေအနေနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေနဲ့ မြို့နယ်အုပ်ချုပ်ရေးရုံးကို သတင်းပေးစေချင်တယ်လို့ တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက ပြောပါတယ်။

ထိုင်းနိုင်ငံမှာ အကြောင်းအမျိုးမျိုးနဲ့ဖမ်းစီးခံရပြီးတော့ သတ်မှတ်ပြစ်ဒဏ်စေလို့ တာချီလိတ်မြို့ကို ၂၀၂၀ ခုနှစ် ဇူလိုင် (၁) ရက်နေ့က ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့လာတဲ့ (၇၉) ဦးထဲမှာ အများစုကတော့ မယ်ဆိုင်ချောင်းကနေတရားမဝင် ဝင်ရောက်လို့ ဖမ်းဆီးခံရသူ အများအပြားပါဝင်နေပါတယ်။

တာချီလိတ်ကတဆင့် မယ်ဆိုင်ချောင်းမှ တဆင့် တရားမဝင်ကူးသွားသူများ နှင့် အခကြေးငွေရယူကာ ပို့ဆောင်သူများကို တွေ့ရှိ သိရှိရပါက ဆက်သွယ်အကြောင်းကြားပေးရန်

  • တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဖုန်း - 094 2821 9995
  • လွယ်တော်ခမ်းကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဖုန်း - 094 903 3087
  • ပုန်းထွန်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဖုန်း - 094 577 15667
  • တာလော့ရပ်ကွက်အုပ်ချုပ်ရေးမှူး ဖုန်း - 094 100 6515
  • မကာဟိုခမ်းရပ်ကွက်အုပ်ချုပ်ရေးမှူး ဖုန်း - 092 50250 299
  • ဆန်ဆိုင်း(ခ)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဖုန်း - 094 9033 024
  • ဆန်ဆိုင်း(က)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဖုန်း - 092 511 49571
  • မယ်ခေါင်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဖုန်း - 094 564 92357
  • ရန်အောင်မြေရပ်ကွက်အုပ်ချုပ်ရေးမှူး ဖုန်း -094 5080 1262

Tachileik News Agency
တင်ဆက် - ကိုဇောင်း
သတင်း/ရိုက်ကူး - ဟန်စိုးထိုက်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~