တာချီလိတ်နာရေးကူညီမှုအသင်းတွင် လိုင်စင်ရှိ မော်တော်ယာဉ်များ အသုံးပြုနိုင်ရေး စုပေါင်းလှူဒါန်းမှု နှစ်ရက်တာအတွင်း ကားနှစ်စီးနှင့် ငွေကျပ်သိန်း (၉၀)ကျော်ရရှိ

တာချီလိတ်နာရေးကူညီမှုအသင်းတွင် လိုင်စင်ရှိ မော်တော်ယာဉ်များ အသုံးပြုနိုင်ရေး စုပေါင်းလှူဒါန်းမှု နှစ်ရက်တာအတွင်း ကားနှစ်စီးနှင့် ငွေကျပ်သိန်း (၉၀)ကျော်ရရှိ
အောက်တိုဘာ 19, 2019
By 🌸
တာချီလိတ်နာရေးကူညီမှုအသင်းတွင် လိုင်စင်ရှိ မော်တော်ယာဉ်များ အသုံးပြုနိုင်ရေး စုပေါင်းလှူဒါန်းမှု နှစ်ရက်တာအတွင်း ကားနှစ်စီးနှင့် ငွေကျပ်သိန်း (၉၀)ကျော်ရရှိ

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင် လိုင်စင်မဲ့ယာဉ်များကို လူနာတင်ယာဉ်အဖြစ် အသုံးပြု နေရသည့် တာချီလိတ်နာရေးကူညီမှုအသင်းအတွက် လိုင်စင်ရှိ မော်တော်ယာဉ်များ အသုံးပြုနိုင်ရေး စုပေါင်းလှူဒါန်းနေကြရာ နှစ်ရက်တာအတွင်း ကျပ်(၉၇)သိန်းကျော်နှင့် မော်တော်ယာဉ် (၂)စီး လှူဒါန်းထားကြပြီဖြစ်ကြောင်း သိရသည်။

“အသင်းမှာက နာရေးကားဖြစ်တဲ့ HSE လိုင်စင်ကားတော့ရှိပါတယ်။ လူနာတင်ယာဉ်အတွက် လိုတာဆိုတော့ အခု လိုင်စင်ကားဝယ်နိုင်ဖို့ စုပေါင်းလှူဒါန်းနေကြတာ ဖြစ်ပါတယ်။ အရင်သုံးနေကျကားအတိုင်း လိုင်စင်နဲ့ဆိုတော့ သိန်း(၂၀၀)လောက်တော့ ကျမယ်လို့ ထင်တယ်။ လောလောဆယ် ငွေလှူဒါန်းနေတာအပြင် ကျိုင်းတုံကနေ လိုင်စင်ပါတဲ့မော်တော်ယာဉ်တစ်စီးလှူမယ်ပြောတယ်။ နောက်ထပ် ထိုင်းဘက်ကလည်း လိုင်စင်နဲ့မော်တော်ယာဉ်တစ်စီး လှူမယ်လို့လည်း ပြောထားပါတယ်”ဟု တာချီလိတ်နာရေးကူညီမှုအသင်း ဥက္ကဌ ဦးလှမိုးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်မြို့တွင် မတော်တဆမှုများအပါအဝင် အရေးပေါ်လူနာတင်ယာဉ်လိုအပ်မှုများအတွက် အများဆုံး အကူအညီပေးနေရသည့် တာချီလိတ်နာရေးကူညီမှုအသင်းတွင် ယခင်က လိုင်စင်မဲ့မော်တော်ယာဉ်ကို အသုံးပြုနေရခြင်းဖြစ်ပြီး လိုင်စင်မဲ့ယာဉ်များကို သက်ဆိုင်ရာထံ အပ်နှံရတော့မည်ဖြစ်၍ လိုင်စင်ရှိ မော်တော်ယာဉ် အသုံးပြုနိုင်ရေး စုပေါင်းလှူဒါန်းနေကြခြင်းဖြစ်သည်။

တာချီလိတ်နာရေးကူညီမှုအသင်းက အသုံးပြုနေသည့် လိုင်စင်မဲ့မော်တော်ယာဉ်(၂)စီးကို သက်ဆိုင်ရာသို့ အပ်နံှရမည်ဖြစ်၍ အရေးပေါ်ကူညီရေးအတွက် အခက်အခဲမဖြစ်စေရန် လိုင်စင်ရှိကားများ ဝယ်ယူနိုင်ရေး ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၁၈)ရက်နေ့မှစ၍ စုပေါင်းလှူဒါန်းနေကြရာ အောက်တိုဘာလ (၁၉)ရက်နေ့တွင် အလှူရှင် (၅၆)ဦးက အလှူငွေစုစုပေါင်း ကျပ် ( ၈၉၅၆၅၀၀)၊ ဘတ်ငွေ (၁၄၁၅၅)နှင့် အမေရိကန်ဒေါ်လာ (၁၀၀) လှူဒါန်းထားပြီး အလှူရှင်(၂)ဦးက မော်တော်ယာဉ် (၂)စီးလှူဒါန်းမည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency

~~~~~~~~⊰❂ Zawgyi Version ~~~~~~~~
တာခ်ီလိတ္နာေရးကူညီမႈအသင္းတြင္ လုိင္စင္ရိွ ေမာ္ေတာ္ယာဥ္မ်ား အသံုးျပဳႏုိင္ေရး စုေပါင္းလွဴဒါန္းမႈ ႏွစ္ရက္တာအတြင္း ကားႏွစ္စီးႏွင့္ ေငြက်ပ္သိန္း (၉၀)ေက်ာ္ရရိွ

ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕တြင္ လုိင္စင္မဲ့ယာဥ္မ်ားကို လူနာတင္ယာဥ္အျဖစ္ အသံုးျပဳ ေနရသည့္ တာခ်ီလိတ္နာေရးကူညီမႈအသင္းအတြက္ လိုင္စင္ရိွ ေမာ္ေတာ္ယာဥ္မ်ား အသံုးျပဳနုိင္ေရး စုေပါင္းလွဴဒါန္းေနၾကရာ ႏွစ္ရက္တာအတြင္း က်ပ္(၉၇)သိန္းေက်ာ္ႏွင့္ ေမာ္ေတာ္ယာဥ္ (၂)စီး လွဴဒါန္းထားၾကၿပီျဖစ္ေၾကာင္း သိရသည္။

“အသင္းမွာက နာေရးကားျဖစ္တဲ့ HSE လုိင္စင္ကားေတာ့ရိွပါတယ္။ လူနာတင္ယာဥ္အတြက္ လိုတာဆိုေတာ့ အခု လုိင္စင္ကားဝယ္ႏုိင္ဖို႔ စုေပါင္းလွဴဒါန္းေနၾကတာ ျဖစ္ပါတယ္။ အရင္သံုးေနက်ကားအတုိင္း လုိင္စင္နဲ႔ဆိုေတာ့ သိန္း(၂၀၀)ေလာက္ေတာ့ က်မယ္လုိ႔ ထင္တယ္။ ေလာေလာဆယ္ ေငြလွဴဒါန္းေနတာအျပင္ က်ိဳင္းတံုကေန လုိင္စင္ပါတဲ့ေမာ္ေတာ္ယာဥ္တစ္စီးလွဴမယ္ေျပာတယ္။ ေနာက္ထပ္ ထုိင္းဘက္ကလည္း လုိင္စင္နဲ႔ေမာ္ေတာ္ယာဥ္တစ္စီး လွဴမယ္လို႔လည္း ေျပာထားပါတယ္”ဟု တာခ်ီလိတ္နာေရးကူညီမႈအသင္း ဥကၠဌ ဦးလွမိုးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

တာခ်ီလိတ္ၿမိဳ႕တြင္ မေတာ္တဆမႈမ်ားအပါအဝင္ အေရးေပၚလူနာတင္ယာဥ္လိုအပ္မႈမ်ားအတြက္ အမ်ားဆံုး အကူအညီေပးေနရသည့္ တာခ်ီလိတ္နာေရးကူညီမႈအသင္းတြင္ ယခင္က လုိင္စင္မဲ့ေမာ္ေတာ္ယာဥ္ကို အသံုးျပဳေနရျခင္းျဖစ္ၿပီး လုိင္စင္မဲ့ယာဥ္မ်ားကို သက္ဆုိင္ရာထံ အပ္ႏွံရေတာ့မည္ျဖစ္၍ လုိင္စင္ရိွ ေမာ္ေတာ္ယာဥ္ အသံုးျပဳနုိင္ေရး စုေပါင္းလွဴဒါန္းေနၾကျခင္းျဖစ္သည္။

တာခ်ီလိတ္နာေရးကူညီမႈအသင္းက အသံုးျပဳေနသည့္ လုိင္စင္မဲ့ေမာ္ေတာ္ယာဥ္(၂)စီးကို သက္ဆုိင္ရာသို႔ အပ္ႏံွရမည္ျဖစ္၍ အေရးေပၚကူညီေရးအတြက္ အခက္အခဲမျဖစ္ေစရန္ လုိင္စင္ရိွကားမ်ား ဝယ္ယူႏုိင္ေရး ၂၀၁၉ ခုႏွစ္၊ ေအာက္တိုဘာလ (၁၈)ရက္ေန႔မွစ၍ စုေပါင္းလွဴဒါန္းေနၾကရာ ေအာက္တိုဘာလ (၁၉)ရက္ေန႔တြင္ အလွဴရွင္ (၅၆)ဦးက အလွဴေငြစုစုေပါင္း က်ပ္ ( ၈၉၅၆၅၀၀)၊ ဘတ္ေငြ (၁၄၁၅၅)ႏွင့္ အေမရိကန္ေဒၚလာ (၁၀၀) လွဴဒါန္းထားၿပီး အလွဴရွင္(၂)ဦးက ေမာ္ေတာ္ယာဥ္ (၂)စီးလွဴဒါန္းမည္ျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net