မိုင်းလင်းဆရာတော် အပါအဝင် သံဃာတော် အပါး(၃၀၀)ဝန်းကျင်ဖြင့် တာချီလိတ်မြို့ မယ်ခေါင် ဘုန်းကြီးကျောင်းမှ ဆေခမ်း(ဟောင်လိတ်)ရပ်ကွက်ရှိ ရာဇတန်ကျောင်းတိုက်အထိ ဇန်နဝါရီလ(၃)ရက်နေ့တွင် ဆွမ်းခံတော်ကြွမည်

မိုင်းလင်းဆရာတော် အပါအဝင် သံဃာတော် အပါး(၃၀၀)ဝန်းကျင်ဖြင့် တာချီလိတ်မြို့ မယ်ခေါင် ဘုန်းကြီးကျောင်းမှ ဆေခမ်း(ဟောင်လိတ်)ရပ်ကွက်ရှိ ရာဇတန်ကျောင်းတိုက်အထိ ဇန်နဝါရီလ(၃)ရက်နေ့တွင် ဆွမ်းခံတော်ကြွမည်
ဇန်နဝါရီ 2, 2020
By Tachileik News Agency

မိုင်းလင်းဆရာတော် အပါအဝင် သံဃာတော် အပါး(၃၀၀)ဝန်းကျင်ဖြင့် တာချီလိတ်မြို့ မယ်ခေါင် ဘုန်းကြီးကျောင်းမှ ဆေခမ်း(ဟောင်လိတ်)ရပ်ကွက်ရှိ ရာဇတန်ကျောင်းတိုက်အထိ ဇန်နဝါရီလ(၃)ရက်နေ့တွင် ဆွမ်းခံတော်ကြွမည်

တာချီလိတ်မြို့ အဂ္ဂမဟာဘုရာဇာခူး၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ မိုင်းလင်းဆရာတော် ဘဒ္ဒန္တဝိမလသည့် ဝိဇာတမွေးနေ့ ကာလများတွင် သံဃာတော်အပါး(၃၀၀)ဝန်းကျင်ဖြင့် တာချီလိတ်မြို့တွင်းသို့ လှည့်လည်ကြွချီ ဆွမ်းခံတော်မူလေ့ရှိရာ ၂၀၂၀ခုနှစ် ဇန်နဝရီလ(၃)ရက်နေ့ နံနက်ပိုင်းတွင် မယ်ခေါင်ဘုန်းကြီးကျောင်းမှ  ဆေခမ်း(ဟောင်လိတ်)ရပ်ကွက်ရှိ ရာဇတန်ကျောင်းတိုက်အထိ ဆွမ်းခံတော်မူမည်ဖြစ်ကြောင်း သိရသည်။

အဂ္ဂမဟာဘုရာဇာခူး၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ မိုင်းလင်းဆရာတော် ဘဒ္ဒန္တဝိမလ ပါဝင်သည့် သံဃာတော် အပါး (၃၀၀)ဝန်းကျင်တို့သည် ဇန်နဝါရီလ(၂)ရက်နေ့ နံနက်(၇)နာရီ အချိန်က တာချီလိတ်မြို့ ပုန်းထွန်ရပ်ကွက်အတွင်းရှိ သီရိမင်္ဂလာဂူဟာဘုန်းကြီးကျောင်းမှ တဆင့် မယ်ခေါင်းရပ်ကွက်အတွင်းရှိ မယ်ခေါင်ဘုန်းကြီးကျောင်းအထိ ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးတစ်လျှောက် ဆွမ်းခံတော်မူခဲ့ကြခြင်း  ဖြစ်သည်။

ဆက်လက်၍ မိုင်းလင်းဆရာတော် အပါအဝင် သံဃာတော် အပါး (၃၀၀)ဝန်းကျင်ဖြင့် ဇန်နဝါရီလ(၃)ရက်နေ့ နံနက်(၇)နာရီအချိန်က စ၍ တာချီလိတ်မြို့ မယ်ခေါင်ဘုန်းကြီးကျောင်းမှ ဆေးခမ်ရပ်ကွက်(ဟောင်လိတ်)အတွင်းရှိ ဘုန်းကြီးကျောင်းအထိ ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးတစ်လျှောက် ဆွမ်းခံတော်မူမည်ဖြစ်ရာ မည်သူမဆို ဆွမ်းလောင်းနိုင်မည်ဖြစ်သည်။

သက်တော်(၆၀)နှစ် ဝါတော်(၃၀)ရှိ အဂ္ဂမဟာဘုရာဇာခူး၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ မိုင်းလင်းဆရာတော် ဘဒ္ဒန္တဝိမလ၏ ထပ်ဆင့်ဂုဏ်ပြုပူဇော်ပွဲနှင့် ဝိဇာတမွေးနေ့အလှူတော်ပွဲအား ၂၀၂၀ခုနှစ် ဇန်နဝါရီလ(၄)ရက်နေ့မှ ဇန်နဝါရီလ(၈)ရက်နေ့အထိ တာချီလိတ်မြို့နယ်၊ တာလေမြို့၊ မိုင်းလင်းရှိ ဂေါတမမြတ်စွာဘုရားကြီး ဓါတ်စွမ်စိုင့်ဟိုနမ့် ဝိပဿနာကမ္မဌာန်းကျောင်းတိုက်တွင် ကျင်းပမည်ဖြစ်ကြောင်း သိရှိရသည်။

Tachileik News Agency
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~