မိုင်းတွမ်းဒေသအတွင်း ခမရ ၅၅၄ က အလှူတစ်ခု အကြောင်းပြပြီး လောင်းကစားဝိုင်းများ ကျင်းပနေ

မိုင်းတွမ်းဒေသအတွင်း ခမရ ၅၅၄ က အလှူတစ်ခု အကြောင်းပြပြီး လောင်းကစားဝိုင်းများ ကျင်းပနေ
ဒီဇင်ဘာ 12, 2021 | ရှမ်းရှေ့

ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ မိုင်းတွမ်းဒေသအခြေစိုက် အာဏာသိမ်းစစ်ကောင်စီ၏ အမှတ်(၅၅၄) ခြေမြန်တပ်ရင်းက   လောင်းကစားဝိုင်းများ  ကျင်းပနေကြောင်း ဒေသခံများထံမှ သိရသည်။

ပူနားကိုမှာ ပွဲလုပ်မယ်ဆိုတုန်းက ခွင့်မပြုဘူး။ အခု ခမရ ၅၅၄ က  တပ်ရှေ့တင် လောင်းကစားဝိုင်းတွေနဲ့ လုပ်နေတာကျတော့ မတားရဲကြဘူးလား မသိဘူး။ ဒီမှာ အေးအေးချမ်းချမ်း ဖြစ်နေတယ်ဆိုတာမျိုးပြချင်လို့ တပ်မိသားစု ပျော်ပွဲရွှင်ပွဲလုပ်တာဆိုလားပဲ။ ဟိုနေ့က တိုင်းမှူး ဒီဘက်လာတော့ တစ်ရက် ခဏပိတ်ထားတယ်။ သူတို့က လောင်းကစားဝိုင်းဖွင့်တော့ ဒီနယ်ဘက်က ကလေးတွေ ဆိုင်ကယ်တွေ၊ ကားတေါ ကုန်ပြီလေ။ လာမလုပ်စေချင်ဘူး

ဟု ဒေသခံတစ်ဦးက Tachileik News Agency သို့ ဒီဇင်ဘာလ(၁၂)ရက်နေ့တွင် ပြောသည်။

အာဏာသိမ်းစစ်ကောင်စီ၏ အမှတ်(၅၅၄) ခြေမြန်တပ်ရင်းက အလှူတစ်ခုကို အကြောင်းပြပြီး လောင်းကစားဝိုင်းများပါသည့် ပျော်ပွဲရွှင်ပွဲကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ (၅) ရက်နေ့ကတည်းက စတင်ကျင်းပနေခြင်းဖြစ်ပြီး တြိဂံဒေသတိုင်းစစ်ဌာနချုပ်မှ တိုင်းမှူး လာသည့် နေ့က ခေတ္တပိတ်ထားပြီးနောက် ဆက်လက်ကျင်းပနေကြကြောင်း သိရသည်။