တာချီလိတ်မြို့ရှောင်လမ်းရဲ့ လမ်းဘေးဝဲယာက ကိစ္စ မြေပိုင်ရှင်တွေကို ခေါ်ယူတွေ့ဆုံ

တာချီလိတ်မြို့ရှောင်လမ်းရဲ့ လမ်းဘေးဝဲယာက ကိစ္စ မြေပိုင်ရှင်တွေကို ခေါ်ယူတွေ့ဆုံ
ဇန်နဝါရီ 29, 2020
By Tachileik News Agency

တင်ဆက် - ကိုဇောင်း
သတင်းရိုက်ကူး - ဟန်စိုးထိုက်

တာချီလိတ်မြို့ရှောင်လမ်းရဲ့ လမ်းဘေးဝဲယာက ကိစ္စ  မြေပိုင်ရှင်တွေကို ခေါ်ယူတွေ့ဆုံ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ရဲ့ အရှေ့မြို့ရှောင်လမ်းဖောက်လုပ်နေရာမှာ လမ်းဘေးဝဲယာက စိုက်ပျိုးမြေတွေကို ခွင့်ပြုချက်မဲ့ မြေဖို့တာတွေ အကွက်ရိုက်တာတွေရှိနေတဲ့အတွက် ၂၀၂၀ ခုနှစ် ဇန်နဝါရီလ (၂၉) ရက်နေ့ နေလည်ပိုင်းက မြေပိုင်ရှင်တွေကို ခေါ်ယူတွေ့ဆုံပြီး ဝန်ခံကတိရေးထိုးခိုင်းခဲ့ကြောင်း တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောကပြောပါတယ်။

မြို့ရှောင်လမ်းဖောက်လုပ်ရာမှာ ကူညီပေးထားတဲ့ တောင်သူတွေဖြစ်တဲ့အတွက် အဆောက်အဦးဆောက်လုပ်နိုင်ဖို့ ဥပဒေနဲ့အညီ ကူညီဆောင်ရွက်ပေးသွားမယ်လို့ ဦးချမ်းမြေ့စောက ပြောပါတယ်။

တာချီလိတ်အရှေ့မြို့ရှောင်လမ်းကို မြန်မာ-ထိုင်း ချစ်ကြည်ရေးအမှတ်(၂)တံတားအနီးကနေ စက်မှုဇုန်လမ်းအထိ  အရှည် (၄) မိုင်ကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ (၁) ရက်နေ့ကစတင်ပြီး ဖောက်လုပ်နေတာ ဖြစ်ပါတယ်။

Tachileik News Agency

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~