တာချီလိတ်တွင် ဘိန်းဖြူ ဂရမ် ၃၀၀ ကျော်နှင့်အတူ အမျိုးသမီးတစ်ဦးကို ဖမ်းမိ

တာချီလိတ်တွင် ဘိန်းဖြူ ဂရမ် ၃၀၀ ကျော်နှင့်အတူ အမျိုးသမီးတစ်ဦးကို ဖမ်းမိ
ဇန်နဝါရီ 30, 2020
By Tachileik News Agency
တာချီလိတ်မြို့ လွယ်တော်ခမ်းကျေးရွာအုပ်စုအတွင်း  အမျိုးသမီးတစ်ဦးအား ဘိန်းဖြူ (၃၃၀)ဂရမ် ကျော်နှင့်အတူ  ဖမ်းမိ

မြန်မာ - ထိုင်း နယ်စပ်ဒေသ တာချီလိတ်မြို့နယ်အတွင်း  လွယ်တော်ခမ်းကျေးရွာအုပ်စု၊ ငှက်ပျောတော(အပေါ်) ကျေးရွာရှိ နေအိမ်တစ်လုံးကို ရဲတပ်ဖွဲ့က ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၃၀)ရက်နေ့တွင် ဝင်ရောက်ရှာဖွေရာ ဘိန်းဖြူ (၃၃၅)ဂရမ်ကျော်နှင့် အိမ်ရှင်အမျိုးသမီးကို ဖမ်းဆီးရမိကြောင်းသိရသည်။

ငှက်ပျောတော (အပေါ်ရွာ)ရှိ တာချီလိတ် - အဒီးရွာလမ်းဘေးမှ ဒေါ်ဘူးဆာ၏ နေအိမ်ကို ညနေ (၅)နာရီကျော်တွင် ဝင်ရောက်ရှာဖွေရာ နေအိမ်ခြံဝင်းအတွင်း သစ်တုံးပုံအောက်တွင် ဝှက်ထားသည့် လည်ရှည်ဖိနပ်အတွင်း စပွန်ဆာအချိုရည်ပုလင်း (၂)လုံးဖြင့် ထည့်ထားသည့် ဘိန်းဖြူအလေးချိန် (၃၃၅.၃)ဂရမ်အား ဖမ်းဆီးရမိခြင်းဖြစ်သည်ဟု သိရသည်။

တာချီလိတ်မြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် ကျော်ဇေယျ ဦးဆောင်ပြီး နယ်ထိန်းများဖြစ်သည့် ရဲတပ်ကြပ် အောင်သာခိုင်၊ရဲတပ်ကြပ် ကျော်ကျော်အပါအဝင် တပ်ဖွဲ့ဝင်နှင့် သက်သေ စုစုပေါင်း (၈)ဦးပါဝင်သည့်အဖွဲ့က ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

မူးယစ်ဆေးများနှင့်အတူ ဖမ်းမိသည့် ဘူးဆာအား တာချီလိတ်မြို့မရဲစခန်းတွင် မယ(ပ) ၂၀/၂၀၂၀၊ မူး/စိတ်ပုဒ်မ ၁၉(က) ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

Tachileik News Agency

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~


~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~