တာချီလိတ်မြို့တွင် နေ့ခင်းအချိန်အတွင်း  ဆိုင်ကယ် ခိုးယူခံရ

တာချီလိတ်မြို့တွင် နေ့ခင်းအချိန်အတွင်း  ဆိုင်ကယ် ခိုးယူခံရ

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ မကာဟိုခမ်းရပ်ကွက်၊ ယာမြေကုန်းတွင် ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ (၁၄) ရက်နေ့ ညနေ (၄)နာရီကျော်က အလုပ်ဆိုဒ်တစ်ခုရှေ့ ရပ်ထားသည့် ဆိုင်ကယ်တစ်စီး ခိုးယူခံလိုက်ရကြောင်း သိရသည်။

အလုပ် လုပ်တဲ့ ဆိုဒ်မှာရပ်ထားတာပါ။ ဘယ်ချိန်ထဲက ချောင်းနေလဲမသိပါဘူး။ ညနေက ခိုးသွားပါတယ်။ ပိုက်ဆံက မရှိပါဘူးဆို လုပ်ရက်ကြတယ်

ဟု ဆိုင်ကယ်ပိုင်ရှင်က ပြောသည်။

ခိုးယူခံရသည့် ဆိုင်ကယ်မှာ Honda Wave 110 (2011 model) အပြာရောင်ဖြစ်ပြီး  တွေ့ရှိသူများအနေဖြင့် ဖုန်း 09261514764 နှင့် ဖုန်း 09670888838 တို့သို့ ဆက်သွယ်ပေးကြရန် ပိုင်ရှင်ဖြစ်သူက အကူအညီတောင်းခံထားသည်။