လားရှိုး - မန္တလေးသွား ကားလမ်းမပေါ်တွင် ခရီးသည်တင်ယာဉ်ပေါ်က အမျိုးသမီးတစ်ဦးအား မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ

လားရှိုး - မန္တလေးသွား ကားလမ်းမပေါ်တွင် ခရီးသည်တင်ယာဉ်ပေါ်က အမျိုးသမီးတစ်ဦးအား မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
ဇန်နဝါရီ 30, 2020
By Tachileik News Agency

 လားရှိုး - မန္တလေးသွား ကားလမ်းမပေါ်တွင် ခရီးသည်တင်ယာဉ်ပေါ်က အမျိုးသမီးတစ်ဦးအား မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့အပိုင်း လားရှိုး - မန္တလေးသွား ပြည်ထောင်စုကားလမ်းမပေါ်တွင် ခရီးသည်တင် ယာဉ်လိုင်းပေါ်က ခရီးသည် အမျိုးသမီးတစ်ဦးအား မူးယစ်ဆေးဝါးများဖြင့် ဖမ်းဆီးရမိကြောင်း သိရသည်။

လားရှိုးမြို့အပိုင်း လားရှိုး - မန္တလေးသွား ပြည်ထောင်စုကားလမ်းမပေါ်တွင် ၂၀၂၀ခုနှစ် ဇန်နဝါရီလ(၂၉)ရက်နေ့ နေ့လည်(၁)နာရီ (၁၅)မိနစ်ဝန်းကျင်အချိန်က လားရှိုးဘက်မှ မန္တလေးဘက်သို့ မောင်းလာသည့် ခရီးသည်တင်ယာဉ်အား မူးယစ်တပ်ဖွဲ့နှင့်ပူးပေါင်းအဖွဲ့မှ ရပ်တန်၌ စစ်ဆေးရှာဖွေရာက မန္တလေးမြို့နေ အမျိုးသမီး တစ်ဦးထံက မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း သိရသည်။

ပူးပေါင်းအဖွဲ့မှ ရှာ‌ဖွေ စစ်ဆေးမှုများ ပြုလုပ်ရာတွင် မန္တလေးမြို့ ဒေါ်ဥမ္မာ၏ ခရီးဆောင် အိတ်နှစ်လုံးအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား စုစုပေါင်း (၉၀,၀၀၀) နှင့် ဘိန်းဖြူ (၀.၆၆)ကီလို အပါအဝင် ငွေကျပ်(၉၀၀၀)နှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို တွေ့ရှိ သိမ်းဆည်းရမိကြောင်း သိရသည်။

ဆက်လက်၍ မူးယစ်ဆေးဝါးများ သယ်ဆောင်လာသူ အသက်(၄၇)နှစ်ရှိ ဒေါ်ဥမ္မာ ဆိုသူအား နောင်မွန်နယ်မြေရဲစခန်းတွင် အမှုဖွင့် စစ်ဆေးနေပြီး အဆိုပါ မူးယစ်ဆေးဝါးများနှင့် ပတ်သက်၍ ကွင်းဆက်ဖော်ထုတ်ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်နေလျက်ရှိကြောင်း သိရှိရသည်။

Tachileik News Agency

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~


~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~