ကွတ်ခိုင်အနီး ပြည်ထောင်စုလမ်းမကြီးတွင် အာဏာသိမ်းစစ်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တို့ကြား ပစ်ခတ်မှုဖြစ်ပွား

ကွတ်ခိုင်အနီး ပြည်ထောင်စုလမ်းမကြီးတွင် အာဏာသိမ်းစစ်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တို့ကြား ပစ်ခတ်မှုဖြစ်ပွား

ကွတ်ခိုင်အနီး ပြည်ထောင်စုလမ်းမကြီးတွင် အာဏာသိမ်းတပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တို့ကြား ပစ်ခတ်မှုဖြစ်ပွား

ရှမ်းပြည်နယ် (မြောက်ပိုင်း) သိန္နီမြို့နှင့် ကွတ်ခိုင်မြို့ကြား ပြည်ထောင်စုလမ်းမကြီးပေါ် (အရပ်အခေါ် ရှုခင်းသာ တာဝါတိုင်အနီး)တွင် ၂၀၂၁ ခုနှစ်၊ မေလ (၂၆) ရက်နေ့ နံနက်ပိုင်း၌ အာဏာသိမ်းစစ်ကောင်စီ၏ တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တို့ကြား ပစ်ခတ်တိုက်ခိုက်မှုအတွင်း အာဏာသိမ်းတပ်က လက်နက်ကြီးဖြင့်ပါ ပစ်ခတ်တိုက်ခိုက်ကြောင်း သိရသည်။

ပြည်ထောင်စုလမ်းမကြီးတွင် နံနက် (၉)နာရီခွဲဝန်းကျင်ကတည်းက ပစ်ခတ်မှုဖြစ်ပွားပြီး ကွတ်ခိုင်ရှိ စစ်ကောင်စီတပ်မှ လက်နက်ကြီး (၃ )ချက်ပစ်သံကြားရပြီး နံနက် (၁၁) နာရီဝန်းကျင်တွင် ပစ်ခတ်သံရပ်သွားကြောင်း သိရကာ မည်သည့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဆိုသည်ကို အတည်မပြုနိုင်သေးကြောင်း ဒေသခံများထံမှ သိရသည်။

ပစ်ခတ်တိုက်ခိုက်မှုကြောင့် ပြည်ထောင်စုလမ်းမကြီးတွင် ဖြတ်သန်းသွားလာမည့် မော်တော်ယာဉ်များ ယာယီရပ်နားထားခဲ့ရပြီး ပစ်ခတ်သံများ ရပ်နားချိန်၌ ဖြတ်သန်းကြရကြောင်း သိရသည်။

ပစ်ခတ်မှုများ ထပ်မံဖြစ်ပွားနိုင်သည်ဟု ကွတ်ခိုင်ဒေသခံများက ခန့်မှန်းထားကြပြီး အဆိုပါလမ်းပိုင်းတွင် ဖြတ်သန်းသွားလမည့် မော်တော်ယာဉ်များ အခြေအနေကြည့်၍ သွားလာကြရန် မော်တော်ယာဉ်မောင်းအချင်းချင်း သတိပေးမှုများကိုလည်း တွေ့နေရသည်။