တာလေမြို့အထွက် တာချီလိတ် - ကျိုင်းတုံလမ်းပေါ်တွင် စိတ်ကြွဆေးပြား(၁)သိန်း အပါအ၀င် လက်နက်နှင့်အတူ လူငယ်တစ်ဦးအား ဖမ်းဆီးရမိ

တာလေမြို့အထွက် တာချီလိတ် - ကျိုင်းတုံလမ်းပေါ်တွင် စိတ်ကြွဆေးပြား(၁)သိန်း အပါအ၀င် လက်နက်နှင့်အတူ လူငယ်တစ်ဦးအား ဖမ်းဆီးရမိ
စကျတငျဘာ 14, 2019
By Tachileik News Agency

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ တာလေမြို့အထွက် တာလေတိုးဂိတ်အနီး ကျိုင်းတုံ - တာချီလိတ် ကားလမ်းတွင် စိတ်ကြွဆေးပြား တစ်သိန်းနှင့် တူမီးသေနတ်တစ်လက်သယ်လာသည့် လူငယ်အမျိုးသားတစ်ဦးကို ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၁၃)ရက်နေ့ ညနေပိုင်းက ဖမ်းမိကြောင်း သိရသည်။


တာလေမြို့အထွက် တိုးဂိတ်အနီးတွင် စက်တင်ဘာလ (၁၃)ရက်နေ့ ညနေ(၅)နာရီခွဲဝန်းကျင်အချိန်က အဆိုပါ ပူးပေါင်းအဖွဲ့မှ ရရှိထားသည့် မူးယစ်ဆေးဝါးကြိုတင်သတင်းအရ စစ်ဆေးမှုများ ပြုလုပ်စဉ် မိုင်းဖြတ် ဘက်မှ တာလေဘက်သို့ ကျဘိုရှီး မောင်းနှင်လာသည့် မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာက ယာဉ်၏ နောက်ခန်းထိုင်ခုံပေါ်မှ Wy စာတမ်းပါ စိတ်ကြွဆေးပြား စုစုပေါင်း (၁)သိန်း နှင့် တူမီးသေနတ်(၁)လက်တို့အား ရှာဖွေသိမ်းဆည်းရမိခြင်းဖြစ်သည်။



Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ တာလမြေို့အထွက် တာလေတိုးဂိတ်အနီး ကျိုင်းတုံ - တာချီလိတ် ကားလမ်းတွင် စိတ်ကြွဆေးပြား တစ်သိန်းနှင့် တူမီးသေနတ်တစ်လက်သယ်လာသည့် လူငယ်အမျိုးသားတစ်ဦးကို ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၁၃)ရက်နေ့ ညနေပိုင်းက ဖမ်းမိကြောင်း သိရသည်။

ရှမ်းပြည်နယ်ရဲတပ်ဖွဲ့(မှု/ကူ)မှ ရဲအုပ်မောင်မျိုး အပါအဝင် ရဲတပ်ကြပ်ထွန်းဝင်းဇော်နှင့်တပ်ဖွဲ့ဝင်များ၊ တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့(မှု/နှိမ်)မှ ရဲအုပ်နိုင်ဇော်နှင့် တပ်ဖွဲ့ဝင်များ၊ တာလေနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များနှင့် နယ်မြေခံစရဖ အပါအဝင် သက်သေများပါဝင်သည့် အဖွဲ့က မူးယစ်ဆေးဝါး သတင်းအရ အဆိုပါ လမ်းတွင် စောင့်ဆိုင်းဖမ်းဆီးရာက ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

တာလမြေို့အထွက် တိုးဂိတ်အနီးတွင် စက်တင်ဘာလ (၁၃)ရက်နေ့ ညနေ(၅)နာရီခွဲဝန်းကျင်အချိန်က အဆိုပါ ပူးပေါင်းအဖွဲ့မှ ရရှိထားသည့် မူးယစ်ဆေးဝါးကြိုတင်သတင်းအရ စစ်ဆေးမှုများ ပြုလုပ်စဉ် မိုင်းဖြတ် ဘက်မှ တာလေဘက်သို့ ကျဘိုရှီး မောင်းနှင်လာသည့် မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာက ယာဉ်၏ နောက်ခန်းထို်င်ခုံပေါ်မှ Wy စာတမ်းပါ စိတ်ကြွဆေးပြား စုစုပေါင်း (၁)သိန်း နှင့် တူမီးသေနတ်(၁)လက်တို့အား ရှာဖွေသိမ်းဆည်းရမိခြင်းဖြစ်သည်။

“မနေ့က စိတ်ကြွဆေးပြား တစ်သိန်းနဲ့ဖမ်းမိတယ်။ အမှုဖွင့်ထားပြီးပါပြီ”ဟု တာချီလိတ်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးလှဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မူးယစ်ဆေးနှင့် လက်နက်သယ်ဆောင်လာသည့် အသက်(၂၃)နှစ်ဝန်းကျင်ရှိ ကျဘိုရှီးအား တာလေနယ်မြေရဲစခန်းတွင် မယ(ပ)၁/၂၀၁၉၊ မူးစိတ်ပုဒ်မ ၁၉(က)/ ၂၂(ခ)ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net