မိုင်းဖြတ်မြို့တွင် (၂၈) ကြိမ်မြောက် လားဟူတိုင်းရင်းသားရိုးရာ နှစ်သစ်ကူးပွဲတော် ကျင်းပ

မိုင်းဖြတ်မြို့တွင် (၂၈) ကြိမ်မြောက် လားဟူတိုင်းရင်းသားရိုးရာ နှစ်သစ်ကူးပွဲတော် ကျင်းပ
ဇန်နဝါရီ 23, 2020
By Tachileik News Agency

မိုင်းဖြတ်မြို့တွင် (၂၈) ကြိမ်မြောက် လားဟူတိုင်းရင်းသားရိုးရာ နှစ်သစ်ကူးပွဲတော် ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်၏ (၂၈) ကြိမ်မြောက် လားဟူတိုင်းရင်းသားရိုးရာ နှစ်သစ်ကူးပွဲတော်ကို ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၂၁) ရက်နေ့မှ (၂၃)ရက်နေ့အထိ မိုင်းဖြတ် မြို့နယ်အားကစားကွင်းတွင် ကျင်းပသည်။

(၂၈) ကြိမ်မြောက် လားဟူတိုင်းရင်းသားရိုးရာ နှစ်သစ်ကူးပွဲတော်ကာလအတွင်း လားဟူတိုင်းရင်းသား ရိုးရာပြိုင်ပွဲမျာ းထည့်သွင်းကျင်းပရာ ဗူးပလွေအကပြိုင်ပွဲတွင် ပြိုင်ပွဲဝင်(၃)ရွာအနက် ကောင်းမှုကျေးရွာက ပထမ၊ ရိုးရာဂျင်ပေါက်ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်ရွာ(၂၀)အနက် တောင်းပိုကျေးရွာက ပထမ၊ ရိုးရာဂုံညင်းဒိုးပစ်ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်(၁၇)ရွာအနက် ဝမ်ပုံကျေးရွာက ပထမ၊ ခေတ်ပေါ်လူငယ်အက ပြိုင်ပွဲဝင်(၃)ရွာတွင် နမ့်ပန်ကျေးရွာက ပထမ အသီးသီးရရှိခဲ့ကြသည်။

မိုင်းဖြတ်မြို့နယ် (၂၈)ကြိမ်မြောက် လားဟူတိုင်းရင်းသားရိုးရာ စုပေါင်းကောက်သစ်စားပွဲသို့ ဇန်နဝါရီ လ (၂၃)ရက်နေ့ နံနက် (၉)နာရီအချိန်တွင် တြိဂံဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ခင်လှိုင် နှင့် တပ်မတော်အရာရှိများ၊ လားဟူတိုင်းရင်းသား ရေးရာဝန်ကြီး ဦးယောသပ်၊  ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလင်းဇော်ထွန်း နှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ဖိတ်ကြားထားသည့် ပုဂ္ဂိုလ်များ အပါအဝင် လားဟူတိုင်းရင်းသားများ တက်ရောက်ကြသည်။

Tachileik News Agency
သတင်း/ဓါတ်ပုံ - ကိုသာ

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~