က်ိဳင္းတံုၿမိဳ႕တြင္ စိတ္ၾကြေဆးသံုးရန္ ၿမိဳ႕ျပင္ထြက္လာသည့္ အမ်ိဳးသားတစ္ဦးကို ရဲကင္းေရွ႕တြင္ဖမ္းမိ

က်ိဳင္းတံုၿမိဳ႕တြင္ စိတ္ၾကြေဆးသံုးရန္ ၿမိဳ႕ျပင္ထြက္လာသည့္ အမ်ိဳးသားတစ္ဦးကို ရဲကင္းေရွ႕တြင္ဖမ္းမိ
မေ 16, 2019
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ က်ိဳင္းတံုၿမိဳ႕ ယန္းေလာေက်းရြာအုပ္စု၊ မိုက္စလီကုန္းရြာအနီး စိတ္ၾကြေဆးသံုးရန္သြားသည့္ အမ်ိဳးသားတစ္ဦးကို ေနာင္ဖာရဲကင္းေရွ႕တြင္  စိတ္ၾကြေဆးျပား (၇၀)ျပားႏွင့္အတူ ဖမ္းဆီးရမိထားေၾကာင္း သိရသည္။

မူးယစ္တပ္ဖြဲ႕စု(၂၈)က်ိဳင္းတံု ဦးစီးသည့္ရဲတပ္ဖြဲ႕သည္ သက္ေသမ်ားႏွင့္အတူ ေနာင္ဖာရဲကင္းေရွ႕တြင္ ၂၀၁၉ ခုႏွစ္၊ ေမလ (၁၆)ရက္ေန႔ နံနက္(၁)နာရီ (၄၅)မိနစ္အခ်ိန္က ပိတ္ဆို႔စစ္ေဆးေနစဥ္ က်ိဳင္းတံုၿမိဳ႕တြင္းဘက္မွ ယန္းေလာေက်းရြာဘက္သို႔ ဆုိင္ကယ္ေမာင္းႏွင္လာသည့္ ျပည့္ၿဖိဳးေအာင္အား စစ္ေဆးရာ စိတ္ၾကြေဆးျပားမ်ားႏွင့္အတူ ေငြက်ပ္ (၉၈,၀၀၀)ကို သိမ္းဆည္းရမိျခင္းျဖစ္ေၾကာင္း ႏွင့္ ၎သည္ မူးယစ္ေဆး၀ါး သြားေရာက္သံုးစြဲရန္ ယူေဆာင္လာစဥ္ ယခုလို ဖမ္းဆီးခံရျခင္းျဖစ္ေၾကာင္း သိရသည္။

မူးယစ္ေဆးႏွင့္အတူ ဖမ္းမိသည့္ ျပည့္ၿဖိဳးေအာင္အား က်ိဳင္းတံုၿမိဳ႕မရဲစခန္းတြင္ မယ(ပ)၁၂၄/၂၀၁၉၊ မူး/စိတ္ပုဒ္မ ၁၉(က)၊ ၂၀(က)ျဖင့္ အမႈဖြင့္စစ္ေဆးေနေၾကာင္း သိရသည္။

သတင္း - ၿငိမ္းခ်မ္း(ျပည္)
ဓါတ္ပံု -  ရဲတပ္ဖြဲ႕


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့ ယန်းလောကျေးရွာအုပ်စု၊ မိုက်စလီကုန်းရွာအနီး စိတ်ကြွဆေးသုံးရန်သွားသည့် အမျိုးသားတစ်ဦးကို နောင်ဖာရဲကင်းရှေ့တွင် စိတ်ကြွဆေးပြား (၇၀)ပြားနှင့်အတူ ဖမ်းဆီးရမိထားကြောင်း သိရသည်။

မူးယစ်တပ်ဖွဲ့စု(၂၈)ကျိုင်းတုံ ဦးစီးသည့်ရဲတပ်ဖွဲ့သည် သက်သေများနှင့်အတူ နောင်ဖာရဲကင်းရှေ့တွင် ၂၀၁၉ ခုနှစ်၊ မေလ (၁၆)ရက်နေ့ နံနက်(၁)နာရီ (၄၅)မိနစ်အချိန်က ပိတ်ဆို့စစ်ဆေးနေစဉ် ကျိုင်းတုံမြို့တွင်းဘက်မှ ယန်းလောကျေးရွာဘက်သို့ ဆိုင်ကယ်မောင်းနှင်လာသည့် ပြည့်ဖြိုးအောင်အား စစ်ဆေးရာ စိတ်ကြွဆေးပြားများနှင့်အတူ ငွေကျပ် (၉၈,ဝဝဝ)ကို သိမ်းဆည်းရမိခြင်းဖြစ်ကြောင်း နှင့်၎င်းသည် မူးယစ်ဆေးဝါး သွားရောက်သုံးစွဲရန် ယူဆောင်လာစဉ် ယခုလို ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရသည်။

မူးယစ်ဆေးနှင့်အတူ ဖမ်းမိသည့် ပြည့်ဖြိုးအောင်အား ကျိုင်းတုံမြို့မရဲစခန်းတွင် မယ(ပ)၁၂၄/၂၀၁၉၊ မူး/စိတ်ပုဒ်မ ၁၉(က)၊ ၂၀(က)ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။

သတင်း - ငြိမ်းချမ်း(ပြည်)
ဓာတ်ပုံ - ရဲတပ်ဖွဲ့ 

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net