တာခ်ီလိတ္မွ တစ္ဖက္ထုိင္းႏိုင္ငံသို႔ ေန႔စဥ္ျဖတ္သန္းၿပီး ေငြေၾကးအလွဴခံေနသည့္ ကိုရင္ငယ္ေလးမ်ား ရိွေန၍ သာသနာေရးဦးစီးဌာနက ဆရာေတာ္မ်ားအကူအညီျဖင့္ ေျဖရွင္းရန္ စီစဥ္ေန

တာခ်ီလိတ္မွ တစ္ဖက္ထုိင္းႏိုင္ငံသို႔ ေန႔စဥ္ျဖတ္သန္းၿပီး ေငြေၾကးအလွဴခံေနသည့္ ကိုရင္ငယ္ေလးမ်ား ရိွေန၍ သာသနာေရးဦးစီးဌာနက ဆရာေတာ္မ်ားအကူအညီျဖင့္ ေျဖရွင္းရန္ စီစဥ္ေန
စက်တင်ဘာ 7, 2019
By 🌸
ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) တာခ်ီလိတ္ၿမို႕မွ တစ္ဖက္ထုိင္းႏုိင္ငံသို႔ ေန႔စဥ္ျဖတ္သန္းသြားလာၿပီး ေငြေၾကး အလွဴခံၾကသည့္ ကိုရင္ငယ္အခ်ိဳ႕ရိွေနသျဖင့္ စိစစ္ေပးရန္သတင္းအရ သာသာနာေရးဦးစီးဌာနက ဘုန္းေတာ္ႀကီးေက်ာင္းမ်ားသို႔ ေလွ်ာက္ထားၿပီး ေျဖရွင္းေပးရန္ စီစဥ္ေနသည္။

ျမန္မာ - ထုိင္း ခ်စ္ၾကည္ေရးတံတား (၁)ထိပ္တြင္ ေန႔စဥ္ နံနက္ (၅)နာရီခြဲေက်ာ္ဝန္းက်င္၌ ေမာ္ေတာ္ယာဥ္တစ္စီးျဖင့္ ကိုရင္ငယ္ေလးမ်ားကို လာပို႔ေပးေလ့ရိွၿပီး တစ္ဖက္ထုိင္းနုိင္ငံတြင္ ေငြေၾကးအလွဴခံျခင္းမ်ားရိွေနေၾကာင္း သတင္းအရ သာသနာေရးဦးစီးဌာနမွ တာဝန္ရိွသူမ်ားသည္ ၂၀၁၉ ခုႏွစ္၊ စက္တင္ဘာလ (၆)ရက္ေန႔ နံနက္ပိုင္းက သြားေရာက္စစ္ေဆးရာ ကိုရင္ငယ္ေလးမ်ားက တိမ္းေရွာင္သြားၾကသျဖင့္ မည္သည့္ေက်ာင္းတုိက္မွျဖစ္သည္ကို ေမးျမန္းေလွ်ာက္ထားႏုိင္ခဲ့ျခင္းမရိွေၾကာင္း သိရသည္။

"ကိုရင္ေလးေတြရဲ႕ ဓာတ္ပံုမွတ္တမ္းေတြက ေကာင္းေကာင္းမရလိုက္ဘူး။ သူတို႔ေတြက ထြက္ေျပး သြားၾကတာကိုး။ ကၽြန္ေတာ္တို႔ဆီမွာ မွတ္တမ္းရိွတဲ့ ဘုန္းႀကီးေက်ာင္းေတြကို သြားေလွ်ာက္ထားမယ္။ သံဃာကိစၥ သံဃာေဆာင္ရြက္ရတာ။ သာသနာေရးက လုပ္လို႔မရဘူး။ သံဃာ့နာယကအဖြဲ႕က တရားစြဲရမယ့္အဆင့္ ေရာက္လာရင္ သာသနာေရးက တရားစြဲဆိုမွ ကၽြန္ေတာ္တို႔က ေဆာင္ရြက္ရမွာ။ သံဃာ့နာယကက လုပ္ထုံးလုပ္နည္းနဲ႔ ေဆာင္ရြက္မွာပါ"ဟု သာသနာေရး၀န္ႀကီးဌာန ခရိုင္သာသနာေရးမွဴး ဦးထြန္းၾကည္ေမာင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

တာခ်ီလိတ္ဘက္မွ ကိုရင္ငယ္ေလးမ်ားသည္ နံနက္ ခ်စ္ၾကည္ေရးတံတားဖြင့္ခ်ိန္တြင္ ထုိင္းဘက္သို႔ ကူးလာေလ့ရိွရာ ထုိင္းႏုိင္ငံဘက္မွ လူဝင္မႈႀကီးၾကပ္ေရးတာဝန္ရိွသူမ်ားက ဝင္ေရာက္ဆြမ္းခံခြင့္ ျပဳေလ့ရိွေသာ္လည္း ရံဖန္ရံခါ လူအဝင္အထြက္မ်ားေနခ်ိန္တြင္ မယ္ဆုိင္ဘက္သို႔ အဝင္မခံဘဲ တာခ်ီလိတ္ဘက္ ျပန္ၾကြရန္ေလွ်ာက္ထားေလ့ရိွသည္ကို ေတြ႔ရသည္ဟု မယ္ဆုိင္ဘက္သို႔ ျဖတ္သန္းသြားလာေနသူမ်ားထံမွ သိရသည္။

“ဒီဘက္မွာ ကိုရင္ေလးေတြ၊ ဦးဇင္းတစ္ခ်ိဳ႕ေပါ့ ဧည့္သည္ေတြၾကားထဲ အတင္းတိုးဝင္ၿပီး သပိတ္ထိုးၿပီး ေငြေၾကးအလွဴခံၾကတာေတြရိွတယ္။ မုန္႔ေတြဘာေတြ ေလာင္းလွဴရင္လည္း လက္မခံဘူး။ ေငြေၾကးပဲ လက္ခံတာမ်ိဳး နည္းနည္း သရုပ္ပ်က္သလိုျဖစ္ေနတာလည္း ေတြ႔ရတယ္။ ဘယ္ကလဲဆိုရင္ ျမန္မာဘက္ကလုိ႔ ေျပာၾကတာ ေတြ႔ရတယ္။ တစ္ခ်ိဳ႕လည္း အတုလား အစစ္လား မသိႏိုင္ဘူးေပါ့။ တစ္ခ်ိဳ႕ကေတာ့ ဒီဘက္မွာ သူ႔ဒကာနဲ႔သူမို႔ ၾကြတာေတြလည္း ရိွပါတယ္”ဟု မယ္ဆုိင္ၿမိဳ႕တြင္ေနထိုင္သည့္ ဦးထြန္း(မယ္ဆုိင္)က ေျပာသည္။

ထုိင္းႏိုင္ငံ၊ မယ္ဆုိင္ဘက္ျခမ္းတြင္ တရားမဝင္ ဝင္ေရာက္ၿပီး သီလရွင္ဝတ္ျဖင့္ အလွဴခံေနသူ (၂)ဦးကို (၅)ရက္ၾကာ ဖမ္းဆီးၿပီး ၂၀၁၈ ခုနွစ္၊ ႏုိဝင္ဘာလ (၂၀)ရက္ေန႔က တာခ်ီလိတ္ဘက္ ျပန္လႊဲေပးလာသျဖင့္ တာခ်ီလိတ္ၿမဳိ႕နယ္ သာသနာေတာ္ ထိန္းသိမ္းေစာင့္ေရွာက္ေရးအဖြဲ႔ဆရာေတာ္က ဆုံးမၾသဝါဒေပးကာ လူဝတ္လဲေစၿပီး နယ္ႏွင္ဒဏ္ေပးခဲ့ရဖူးသည့္ ျဖစ္စဥ္မ်ားလည္း ရိွခဲ့ျခင္းျဖစ္သည္။

Tachileik News Agency

~~~~~~~~⊰❂ Unicode Version ~~~~~~~~
တာချီလိတ်မှ တစ်ဖက်ထိုင်းနိုင်ငံသို့ နေ့စဉ်ဖြတ်သန်းပြီး ငွေကြေးအလှူခံနေသည့် ကိုရင်ငယ်လေးများ ရှိနေ၍ သာသနာရေးဦးစီးဌာနက ဆရာတော်များအကူအညီဖြင့် ဖြေရှင်းရန် စီစဉ်နေ
********************
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့မှ တစ်ဖက်ထိုင်းနိုင်ငံသို့ နေ့စဉ်ဖြတ်သန်းသွားလာပြီး ငွေကြေး အလှူခံကြသည့် ကိုရင်ငယ်အချို့ရှိနေသဖြင့် စိစစ်ပေးရန်သတင်းအရ သာသာနာရေးဦးစီးဌာနက ဘုန်းတော်ကြီးကျောင်းများသို့ လျှောက်ထားပြီး ဖြေရှင်းပေးရန် စီစဉ်နေသည်။

မြန်မာ - ထိုင်း ချစ်ကြည်ရေးတံတား (၁)ထိပ်တွင် နေ့စဉ် နံနက် (၅)နာရီခွဲကျော်ဝန်းကျင်၌ မော်တော်ယာဉ်တစ်စီးဖြင့် ကိုရင်ငယ်လေးများကို လာပို့ပေးလေ့ရှိပြီး တစ်ဖက်ထိုင်းနိုင်ငံတွင် ငွေကြေးအလှူခံခြင်းများရှိနေကြောင်း သတင်းအရ သာသနာရေးဦးစီးဌာနမှ တာဝန်ရှိသူများသည် ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၆)ရက်နေ့ နံနက်ပိုင်းက သွားရောက်စစ်ဆေးရာ ကိုရင်ငယ်လေးများက တိမ်းရှောင်သွားကြသဖြင့် မည်သည့်ကျောင်းတိုက်မှဖြစ်သည်ကို မေးမြန်းလျှောက်ထားနိုင်ခဲ့ခြင်းမရှိကြောင်း သိရသည်။

"ကိုရင်လေးတွေရဲ့ ဓာတ်ပုံမှတ်တမ်းတွေက ကောင်းကောင်းမရလိုက်ဘူး။ သူတို့တွေက ထွက်ပြေး သွားကြတာကိုး။ ကျွန်တော်တို့ဆီမှာ မှတ်တမ်းရှိတဲ့ ဘုန်းကြီးကျောင်းတွေကို သွားလျှောက်ထားမယ်။ သံဃာကိစ္စ သံဃာဆောင်ရွက်ရတာ။ သာသနာရေးက လုပ်လို့မရဘူး။ သံဃာ့နာယကအဖွဲ့က တရားစွဲရမယ့်အဆင့် ရောက်လာရင် သာသနာရေးက တရားစွဲဆိုမှ ကျွန်တော်တို့က ဆောင်ရွက်ရမှာ။ သံဃာ့နာယကက လုပ်ထုံးလုပ်နည်းနဲ့ ဆောင်ရွက်မှာပါ"ဟု သာသနာရေးဝန်ကြီးဌာန ခရိုင်သာသနာရေးမှူး ဦးထွန်းကြည်မောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်ဘက်မှ ကိုရင်ငယ်လေးများသည် နံနက် ချစ်ကြည်ရေးတံတားဖွင့်ချိန်တွင် ထိုင်းဘက်သို့ ကူးလာလေ့ရှိရာ ထိုင်းနိုင်ငံဘက်မှ လူဝင်မှုကြီးကြပ်ရေးတာဝန်ရှိသူများက ဝင်ရောက်ဆွမ်းခံခွင့် ပြုလေ့ရှိသော်လည်း ရံဖန်ရံခါ လူအဝင်အထွက်များနေချိန်တွင် မယ်ဆိုင်ဘက်သို့ အဝင်မခံဘဲ တာချီလိတ်ဘက် ပြန်ကြွရန်လျှောက်ထားလေ့ရှိသည်ကို တွေ့ရသည်ဟု မယ်ဆိုင်ဘက်သို့ ဖြတ်သန်းသွားလာနေသူများထံမှ သိရသည်။

“ဒီဘက်မှာ ကိုရင်လေးတွေ၊ ဦးဇင်းတစ်ချို့ပေါ့ ဧည့်သည်တွေကြားထဲ အတင်းတိုးဝင်ပြီး သပိတ်ထိုးပြီး ငွေကြေးအလှူခံကြတာတွေရှိတယ်။ မုန့်တွေဘာတွေ လောင်းလှူရင်လည်း လက်မခံဘူး။ ငွေကြေးပဲ လက်ခံတာမျိုး နည်းနည်း သရုပ်ပျက်သလိုဖြစ်နေတာလည်း တွေ့ရတယ်။ ဘယ်ကလဲဆိုရင် မြန်မာဘက်ကလို့ ပြောကြတာ တွေ့ရတယ်။ တစ်ချို့လည်း အတုလား အစစ်လား မသိနိုင်ဘူးပေါ့။ တစ်ချို့ကတော့ ဒီဘက်မှာ သူ့ဒကာနဲ့သူမို့ ကြွတာတွေလည်း ရှိပါတယ်”ဟု မယ်ဆိုင်မြို့တွင်နေထိုင်သည့် ဦးထွန်း(မယ်ဆိုင်)က ပြောသည်။

ထိုင်းနိုင်ငံ၊ မယ်ဆိုင်ဘက်ခြမ်းတွင် တရားမဝင် ဝင်ရောက်ပြီး သီလရှင်ဝတ်ဖြင့် အလှူခံနေသူ (၂)ဦးကို (၅)ရက်ကြာ ဖမ်းဆီးပြီး ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၂၀)ရက်နေ့က တာချီလိတ်ဘက် ပြန်လွှဲပေးလာသဖြင့် တာချီလိတ်မြို့နယ် သာသနာတော် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ဆရာတော်က ဆုံးမသြဝါဒပေးကာ လူဝတ်လဲစေပြီး နယ်နှင်ဒဏ်ပေးခဲ့ရဖူးသည့် ဖြစ်စဉ်များလည်း ရှိခဲ့ခြင်းဖြစ်သည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net