ကေလာၿမိဳ႕နယ္ ပဌမေက်းရြာမွ မူးယစ္သတင္းအရဝင္ရွာသည့္အိမ္တြင္ စိတ္ၾကြေဆးျပားႏွင့္ ဘိန္းစိမ္းတုိ႔ ဖမ္းမိ

ကေလာၿမိဳ႕နယ္ ပဌမေက်းရြာမွ မူးယစ္သတင္းအရဝင္ရွာသည့္အိမ္တြင္ စိတ္ၾကြေဆးျပားႏွင့္ ဘိန္းစိမ္းတုိ႔ ဖမ္းမိ
ဇူလိုင် 22, 2018
By 🌸
ရွမ္းျပည္နယ္(ေတာင္ပိုင္း) ကေလာၿမိဳ႕နယ္၊ ေတာင္ကြဲေက်းရြာအုပ္စု၊ ပဌမေက်းရြာတြင္ မူးယစ္သတင္းအရ ဝင္ေရာက္ရွာေဖြသည့္ေနအိမ္မွ စိတ္ၾကြရူးသြပ္ေဆးျပား (၈၉၈၀)ျပားႏွင့္ ဘိန္းစိမ္း (၁.၃)ကီလိုတို႔ကို ဖမ္းဆီးရမိေၾကာင္း သိရသည္။

ကေလာၿမိဳ႕မရဲစခန္းမွ တပ္ဖြဲ႕ဝင္မ်ားပါဝင္ေသာ ပူးေပါင္းအဖြဲ႕သည္ ၂၀၁၈ ခုႏွစ္၊ ဇူလိုင္လ (၂၁)ရက္ေန႔ နံနက္(၁၀)နာရီခြဲဝန္းက်င္တြင္ ကေလာၿမိဳ႕နယ္၊ ေတာင္ကြဲေက်း႐ြာအုပ္စု၊ ပဌမေက်း႐ြာေန ေက်ာ္ဦး၏ ေနအိမ္ကိုရွာေဖြရာ ေက်ာ္ဦးကို အိမ္တြင္ေတြ႔ရၿပီး ၎၏ အိပ္ခန္းရွိ ေသတၱာအတြင္းမွ စိတ္ႂကြ႐ူးသြပ္ေဆးျပား (၈,၉၈၀) ျပား၊ ေသတၱာေပၚမွ ဘိန္းစိမ္း သုည ဒသမ ၂ ကီလိုႏွင့္ ေဆာင္းေဘာက္အတြင္းမွ ဘိန္းစိမ္း ၁ ဒသမ ၃ ကီလို တို႔ကိုသိမ္းဆည္းရမိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

မူးယစ္ေဆးမ်ားႏွင့္အတူ ဖမ္းဆီးရမိသည့္ အသက္(၂၄)ႏွစ္အရြယ္ ေက်ာ္ဦးအား မူးယစ္ေဆးဝါးႏွင့္ စိတ္ကိုေျပာင္းလဲေစေသာေဆးဝါးမ်ားဆိုင္ရာဥပေဒအရ အေရးယူထားေၾကာင္း သိရသည္။

~~~~~~~~⊰❂ unicode ~~~~~~~~
ကလောမြို့နယ် ပဌမကျေးရွာမှ မူးယစ်သတင်းအရဝင်ရှာသည့်အိမ်တွင် စိတ်ကြွဆေးပြားနှင့် ဘိန်းစိမ်းတို့ ဖမ်းမိ
**************
ရှမ်းပြည်နယ်(တောင်ပိုင်း) ကလောမြို့နယ်၊ တောင်ကွဲကျေးရွာအုပ်စု၊ ပဌမကျေးရွာတွင် မူးယစ်သတင်းအရ ဝင်ရောက်ရှာဖွေသည့်နေအိမ်မှ စိတ်ကြွရူးသွပ်ဆေးပြား (၈၉၈၀)ပြားနှင့် ဘိန်းစိမ်း (၁.၃)ကီလိုတို့ကို ဖမ်းဆီးရမိကြောင်း သိရသည်။

ကလောမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ (၂၁)ရက်နေ့ နံနက်(၁၀)နာရီခွဲဝန်းကျင်တွင် ကလောမြို့နယ်၊ တောင်ကွဲကျေးရွာအုပ်စု၊ ပဌမကျေးရွာနေ ကျော်ဦး၏ နေအိမ်ကိုရှာဖွေရာ ကျော်ဦးကို အိမ်တွင်တွေ့ရပြီး ၎င်း၏ အိပ်ခန်းရှိ သေတ္တာအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား (၈,၉၈၀) ပြား၊ သေတ္တာပေါ်မှ ဘိန်းစိမ်း သုည ဒသမ ၂ ကီလိုနှင့် ဆောင်းဘောက်အတွင်းမှ ဘိန်းစိမ်း ၁ ဒသမ ၃ ကီလို တို့ကိုသိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မူးယစ်ဆေးများနှင့်အတူ ဖမ်းဆီးရမိသည့် အသက်(၂၄)နှစ်အရွယ် ကျော်ဦးအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~