ကော်ရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်နိုင်ငံသို့ လေကြောင်းပြေးဆွဲမှု ယာယီရပ်ဆိုင်းသည့် လေကြောင်းလိုင်း (၄၃)ခုရှိလာ

ကော်ရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်နိုင်ငံသို့ လေကြောင်းပြေးဆွဲမှု ယာယီရပ်ဆိုင်းသည့် လေကြောင်းလိုင်း (၄၃)ခုရှိလာ
ဇန်နဝါရီ 31, 2020
By Tachileik News Agency

ကော်ရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်နိုင်ငံသို့ လေကြောင်းပြေးဆွဲမှု ယာယီရပ်ဆိုင်းသည့် လေကြောင်းလိုင်း (၄၃)ခုရှိလာ

ဝူဟန်အဆုတ်ရောင်ရောဂါ (ကော်ရိုနာဗိုင်းရပ်စ်)အခြေအနေများကြောင့် တရုတ်နိုင်ငံသို့ လေကြောင်းခရီးစဉ်များ ပြေးဆွဲခြင်းကို ယာယီရပ်ဆိုင်းလိုက်ကြသည့် လေကြောင်းလိုင်းများ တိုးလာနေရာ တရုတ်နိုင်ငံသားများအနေဖြင့် ခရီးသွားလာခြင်း၊ ခရီးစဉ်မျာ းစီစဉ်ထားခြင်းများကို ရွှေ့ဆိုင်းကြရန် တရုတ်အစိုးရက အကြံပြုထားသည်။

တရုတ်နိုင်ငံမှ စတင်ဖြစ်ပွားပြီး နိုင်ငံပေါင်း (၂၀) ကျော်ကို ကူးစက်ပျံ့နှံ့နေသည့် ကော်ရိုနာဗိုင်းရပ်စ် (ဝူဟန်အဆုတ်ရောင်ရောဂါ) ကို နိုင်ငံတကာအရေးပေါ်အခြေအနေအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၃၀)ရက်နေ့က ကြေညာလိုက်သော်လည်း ရောဂါပျံ့နှံ့မှုနှင့် သေဆုံးမှုမြင့်နေသည့် တရုတ်နိုင်ငံအတွက် လိုအပ်သည့် အကူအညီများ အခက်အခဲဖြစ်နိုင်၍ တရုတ်အား ခရီးသွားလာရေးနှင့် ကုန်သွယ်ရေးကန့်သတ်မှုများ လုပ်ဆောင်ခြင်းကို ထောက်ခံမည် မဟုတ်ကြောင်း WHO အကြီးအကဲက ပြောကြားထားသည်။

ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့တွင် ဇန်နဝါရီလ (၃၀)ရက်နေ့တွင် ကျင်းပသည့် အရေးပေါ်အစည်းအဝေးပွဲအပြီး ပြုလုပ်သည့်  သတင်းစာရှင်းလင်းပွဲအတွင်း WHO အကြီးအကဲ Tedro Adhanom Ghebreyesus က နိုင်ငံတကာ အရေးပေါ် အခြေအနေ ကြေညာလိုက်ခြင်းဖြစ်သည်။

အဆိုပါ ကူးစက်ရောဂါပျံ့နှံ့မှုအခြေအနေမှာ နိုင်ငံတကာက ပူးပေါင်းဆောင်ရွက်ရမည့် အခြေအနေအဖြစ် ကြေညာလိုက်သော်လည်း လက်ရှိအချိန်ထိ နိုင်ငံအတော်များများတွင် ၎င်းတို့၏ နိုင်ငံသားများအား တရုတ်သို့ ခရီးမသွားရန်နှင့် အချို့နိုင်ငံများက ဝူဟန်မြို့မှ ခရီးသွားများ ဝင်ရောက်မှုကို တားမြစ်ကန့်သတ်ထားခြင်းများကို လုပ်ဆောင်ထားကြခြင်းဖြစ်သည်။

မြန်မာနိုင်ငံမှ Air KBZ၊ Myanmar Airways International နှင့် Myanmar National Airlines တို့အပါအဝင် ဥရောပ၊ အာရှနှင့် မြောက်အမေရိကတို့မှ လေကြောင်းလိုင်းများက တရုတ်နိုင်ငံသို့ လေယာဉ်ခရီးစဉ်များကို ယာယီရပ်ဆိုင်းခြင်း လုပ်ဆောင်လာကြရာ ဇန်နဝါရီလကုန်တွင် စုစုပေါင်း လေကြောင်းလိုင်းပေါင်း (၄၃)ခုက တရုတ်နှင့်ခရီးစဉ်ကို ယာယီရပ်ဆိုင်းလိုက်ကြပြီဖြစ်သည်။

၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလမှ စတင်သည့် ကော်ရိုနာဗိုင်းရပ်စ် (ဝူဟန်အဆုတ်ရောင်ရောဂါ) ကူးစက်ခံရသူမှာ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၃၀)ရက်နေ့အထိ တရုတ်ပြည်မကြီးတွင် အတည်ပြုလူနာ (၉၆၉၂)ဦးနှင့် သေဆုံးသူ (၂၁၃)ဦး၊ ဟောင်ကောင်၊ မကာအို၊ တိုင်ဝမ်အပါအဝင် အခြားနိုင်ငံများတွင် အတည်ပြုလူနာ ( ၁၂၄)ဦး တွေ့ရှိထားခြင်းဖြစ်ကြောင်း တရုတ်အမျိုးသားကျန်းမာရေးဌာန၊ တရုတ်နိုင်ငံပိုင်မီဒီယာနှင့် အခြားတာဝန်ရှိသူများ၏ အတည်ပြုချက်ဖြင့် ဖေါ်ပြသည့်စာရင်းအရ သိရသည်။

Air Astana၊ Air Canand၊ Air France၊ Air India၊ Air KBZ၊ Air Macau၊ Air Mauritius၊ Air Seoul၊ Air Tanzania၊ American Airlines၊ Asiana Airlines၊ Austrian Airlines၊ British Airways၊ Cathay Pacific၊ Cebu Pacific Air၊ Chian Airlines၊ Delta Airlines၊ Egypt Air၊ EI Ai Israel Airlines၊ Easter Jet၊ EVA Air၊ Finnair၊ Hong Kong Airlines၊ Iberia၊ Indigo၊ Jetstar Asia၊ KLM Royal Dutch Airlines၊ Korea Air၊ Lion Air၊ Lufthansa၊ Myanmar Airways International၊ Myanmar National Airlines၊ Philippine Airlines၊ Scandinavian Airlines၊ SCAT Airlines၊ Singapore Airlines၊ SkyUp Airlines၊ Turkish Airlines၊ Swiss International Airlines၊ Ukraine International Airlines၊ United Airlines၊ Ural Airlines၊ Virgin Atlantic လေကြောင်းလိုင်းတို့က တရုတ်သို့ ပျံသန်းပြေးဆွဲသည့် ခရီးစဉ်များကို ယာယီရပ်ဆိုင်းလိုက်ကြခြင်းဖြစ်သည်။

ဝူဟန်အဆုတ်ရောင်ရောဂါ (ကော်ရိုနာဗိုင်းရပ်စ်)ကူးစက်ပျံ့ပွားမှုသည်  တရုတ်နိုင်ငံ အပါအဝင် ထိုင်း၊ ဂျပန်၊ စင်္ကာပူ၊ သြစတေးလျ၊ မလေးရှား၊ ပြင်သစ်၊ အမေရိကန်၊ ဂျာမဏီ၊ ‌တောင်ကိုရီးယား၊ အမေရိကန်၊ အာရပ်ဆော်ဘွားများနိုင်ငံ၊ ကနေဒါ၊ ဗီယက်နမ်၊ က‌မ္ဘောဒီးယား၊ ဖင်လန်၊ အိန္ဒိယ၊ နီပေါ၊ ဖီလစ်ပိုင်နှင့် သီရိလင်္ကာနိုင်ငံ စသည့် နိုင်ငံပေါင်း (၂၀)သို့ ရောက်ရှိနေပြီး သေဆုံးသူ (၂၁၃)ဦးရာ သေဆုံးသူများမှ တရုတ်နိုင်ငံမှ ဖြစ်ကြောင်း သိရသည်။

Tachileik News Agency
Ref; CNA , SCMP , businessinsider, WHO

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~


~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~