အဂတိလိုက္စားမႈတိုက္ဖ်က္ေရးဥပေဒျဖင့္ အမႈဖြင့္ခံထားရသည့္ လားရိႈး လဝကအရာရိွ (၆)ဦးကို တစ္လၾကာသည္အထိ ဖမ္းဆီးႏုိင္ျခင္းမရိွေသး

အဂတိလိုက္စားမႈတိုက္ဖ်က္ေရးဥပေဒျဖင့္ အမႈဖြင့္ခံထားရသည့္ လားရိႈး လဝကအရာရိွ (၆)ဦးကို တစ္လၾကာသည္အထိ ဖမ္းဆီးႏုိင္ျခင္းမရိွေသး
ဇူလိုင် 22, 2019
By Tachileik News Agency

အဂတိလိုက္စားမႈတိုက္ဖ်က္ေရးဥေပဒျဖင့္ အမႈဖြင့္ခံထားရသည့္ ရွမ္းျပည္နယ္(ေျမာက္ပိုင္း) လားရိႈးၿမိဳ႕မွ   ၿမိဳ႕နယ္လူဝင္မႈႀကီးၾကပ္ေရးဦးစီးဌာနႏွင့္ အက်ိဳးေဆာင္လုပ္ကိုင္သူမ်ားအပါအဝင္ စုစုေပါင္း (၈) ဦးမွ ထြက္ေျပးေနသူ (၆)ဦးကို ၂၀၁၉ ခုႏွစ္၊ ဇူလုိင္လ (၂၂)ရက္ေန႔အထိ ဖမ္းမိျခင္းမရိွေသးေၾကာင္း သိရသည္။

"အမႈဖြင့္ထားခံရသူေတြထဲက လက္ေထာက္လူဝင္မႈႀကီးၾကပ္ေရးမွဴး ေဒၚခင္ေမထြန္းနဲ႔ လဝက အက်ိဳးေဆာင္ ျပဳလုပ္သူ ေဒၚမာေရွာက္ဆန္းတို႔ကိုအမႈဖြင့္ၿပီး ခ်က္ခ်င္း ဖမ္းဆီးထားတာပါ။ က်န္သူေတြကေတာ့ အခုထိ ဖမ္းဆီးရမိမႈ မရွိေသးပါဘူး။ ဖမ္းဆီးရမိဖို႔အတြက္ ရဲတပ္ဖြဲ႔ကလည္း ႀကိဳးစားေနပါတယ္။ သူတို႔သြားလာႏိုင္တဲ့ ေနရာေတြမွာ ေစာင့္ၾကည့္တာေတြနဲ႔ ျဖစ္ႏိုင္ေခ်ရွိတဲ့ေနရာေတြကို စံုစမ္းရွာေဖြေနပါတယ္ " ဟု လားရိႈးၿမိဳ႕မစခန္းမွဴး ဒုရဲမွဴး ျမင့္ေက်ာ္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

လားရိႈးၿမိဳ႕နယ္ အလုပ္သမား၊ လူဝင္မႈႀကီးၾကပ္ေရးႏွင့္္ ျပည္သူ႔အင္အားဝန္ႀကီးဌာနတြင္ ႏိုင္ငံသားစိစစ္ေရးကဒ္၊ အိမ္ေထာင္စုဇယား၊ ေမြး/တိုး စာရင္းတို႔ ျပဳလုပ္ျခင္းမ်ားအေပၚ ေငြေၾကးေတာင္းခံေနသည္ဟု အဂတိတိုက္ဖ်က္ေရးေကာ္မရွင္က စစ္ေဆးေတြ႔ရိွရသျဖင့္ လူဝင္မႈႀကီးၾကပ္ေရးရံုးမွ ၿမိဳ႕နယ္ဦးစီးမွဴး၊ တိုက္နယ္ဦးစီးမွဴးမ်ားအပါအဝင္ အရာရိွ(၇)ဦးႏွင့္ အက်ိဳးေဆာင္လုပ္ကိုင္သူ(၁)ဦးတုိ႔ကို အဂတိတိုက္ဖ်က္ေရး ဥပေဒျဖင့္ ဇြန္လ (၁၂) ရက္ေန႔က အမႈဖြင့္အေရးယူထားျခင္းျဖစ္သည္။

အမႈဖြင့္ခံထားရၿပီး တိမ္းေရွာင္ေနသူ (၆)ဦးမွာ ၿမိဳ႕နယ္ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဆိုင္ရာ ၿမိဳ႕နယ္ လဝက ဦးစီးမွဴး ဦးေက်ာ္ေက်ာ္လင္း၊ ဒုတိယလူဝင္မႈႀကီးၾကပ္ေရးမွဴး ေဒၚၾကည္ၾကည္ညႊန္႔၊ ဒုတိယႀကီးၾကပ္ေရးမွဴး ဦးရန္ဝင္းေအာင္၊ လက္ေထာက္လူဝင္မႈႀကီးၾကပ္ေရး ဦးထက္ဝင့္ေအာင္၊ လက္ေထာက္လူဝင္မႈႀကီးၾကပ္ေရး ေဒၚအိအိမြန္ေအာင္ႏွင့္ လက္ေထာက္လူဝင္မႈႀကီးၾကပ္ေရးမွဴး ဦးေက်ာ္သူဟိန္းတို႔ျဖစ္သည္။

ရာထူးတာဝန္ကို အလြဲသံုးစားျပဳလုပ္၍ အဂတိလိုက္စားမႈက်ဴးလြန္ခဲ့သည္ဟု စစ္ေဆးေတြ႔ရိွရသည့္ လဝက ဝန္ထမ္း (၆) ဦးကို အဂတိလိုက္စားမႈ တိုက္ဖ်က္ေရးဥပေဒ ပုဒ္မ ၅၆ အရလည္းေကာင္း၊ အထက္အရာရွိအတြက္ ေငြေၾကးမ်ားအား လက္ခံရယူေပးခဲ့သည့္ လဝက ဝန္ထမ္းတစ္ဦးႏွင့္ အက်ိဳးေဆာင္အမ်ိဳးသမီးတစ္ဦးတို႔ကို အဂတိလိုက္စားမႈ တိုက္ဖ်က္ေရးဥပေဒ ပုဒ္မ ၅၆/ ၆၃ အရလည္းေကာင္း လားရိႈးၿမိဳ႕မရဲစခန္းတြင္ အမႈဖြင့္ထားျခင္းျဖစ္သည္။

Tachileik News Agency
သတင္း - ေနၿဖိဳးျမင့္


~~~~~~~~⊰❂ Unicode Version ~~~~~~~~

အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပေဒဖြင့် အမှုဖွင့်ခံထားရသည့် ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့မှ မြို့နယ်လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနနှင့် အကျိုးဆောင်လုပ်ကိုင်သူများအပါအဝင် စုစုပေါင်း (၈) ဦးမှ ထွက်ပြေးနေသူ (၆)ဦးကို ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၂၂)ရက်နေ့အထိ ဖမ်းမိခြင်းမရှိသေးကြောင်း သိရသည်။

"အမှုဖွင့်ထားခံရသူတွေထဲက လက်ထောက်လူဝင်မှုကြီးကြပ်ရေးမှူး ဒေါ်ခင်မေထွန်းနဲ့ လဝက အကျိုးဆောင် ပြုလုပ်သူ ဒေါ်မာရှောက်ဆန်းတို့ကိုအမှုဖွင့်ပြီး ချက်ချင်း ဖမ်းဆီးထားတာပါ။ ကျန်သူတွေကတော့ အခုထိ ဖမ်းဆီးရမိမှု မရှိသေးပါဘူး။ ဖမ်းဆီးရမိဖို့အတွက် ရဲတပ်ဖွဲ့ကလည်း ကြိုးစားနေပါတယ်။ သူတို့သွားလာနိုင်တဲ့ နေရာတွေမှာ စောင့်ကြည့်တာတွေနဲ့ ဖြစ်နိုင်ချေရှိတဲ့နေရာတွေကို စုံစမ်းရှာဖွေနေပါတယ် " ဟု လားရှိုးမြို့မစခန်းမှူး ဒုရဲမှူး မြင့်ကျော်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

လားရှိုးမြို့နယ် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတွင် နိုင်ငံသားစိစစ်ရေးကဒ်၊ အိမ်ထောင်စုဇယား၊ မွေး/တိုး စာရင်းတို့ ပြုလုပ်ခြင်းများအပေါ် ငွေကြေးတောင်းခံနေသည်ဟု အဂတိတိုက်ဖျက်ရေးကော်မရှင်က စစ်ဆေးတွေ့ရှိရသဖြင့် လူဝင်မှုကြီးကြပ်ရေးရုံးမှ မြို့နယ်ဦးစီးမှူး၊ တိုက်နယ်ဦးစီးမှူးများအပါအဝင် အရာရှိ(၇)ဦးနှင့် အကျိုးဆောင်လုပ်ကိုင်သူ(၁)ဦးတို့ကို အဂတိတိုက်ဖျက်ရေး ဥပဒဖြေင့် ဇွန်လ (၁၂) ရက်နေ့က အမှုဖွင့်အရေးယူထားခြင်းဖြစ်သည်။

အမှုဖွင့်ခံထားရပြီး တိမ်းရှောင်နေသူ (၆)ဦးမှာ မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ် လဝက ဦးစီးမှူး ဦးကျော်ကျော်လင်း၊ ဒုတိယလူဝင်မှုကြီးကြပ်ရေးမှူး ဒေါ်ကြည်ကြည်ညွှန့်၊ ဒုတိယကြီးကြပ်ရေးမှူး ဦးရန်ဝင်းအောင်၊ လက်ထောက်လူဝင်မှုကြီးကြပ်ရေး ဦးထက်ဝင့်အောင်၊ လက်ထောက်လူဝင်မှုကြီးကြပ်ရေး ဒေါ်အိအိမွန်အောင်နှင့် လက်ထောက်လူဝင်မှုကြီးကြပ်ရေးမှူး ဦးကျော်သူဟိန်းတို့ဖြစ်သည်။

ရာထူးတာဝန်ကို အလွဲသုံးစားပြုလုပ်၍ အဂတိလိုက်စားမှုကျူးလွန်ခဲ့သည်ဟု စစ်ဆေးတွေ့ရှိရသည့် လဝက ဝန်ထမ်း (၆) ဦးကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရလည်းကောင်း၊ အထက်အရာရှိအတွက် ငွေကြေးများအား လက်ခံရယူပေးခဲ့သည့် လဝက ဝန်ထမ်းတစ်ဦးနှင့် အကျိုးဆောင်အမျိုးသမီးတစ်ဦးတို့ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆/ ၆၃ အရလည်းကောင်း လားရှိုးမြို့မရဲစခန်းတွင် အမှုဖွင့်ထားခြင်းဖြစ်သည်။

Tachileik News Agency
သတင်း - နဖြေိုးမြင့်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net