နေရပ်ပြန်မည့် တရုတ်နိုင်ငံသား (၁၄) ဦး စတုတ္ထအသုတ်အဖြစ် တာချီလိတ်မှ ရန်ကုန်သို့ ထွက်ခွာ

နေရပ်ပြန်မည့် တရုတ်နိုင်ငံသား (၁၄) ဦး စတုတ္ထအသုတ်အဖြစ် တာချီလိတ်မှ ရန်ကုန်သို့ ထွက်ခွာ
ဒီဇင်ဘာ 18, 2020
By Tachileik News Agency
နေရပ်ပြန်မည့် တရုတ်နိုင်ငံသား (၁၄) ဦး စတုတ္ထအသုတ်အဖြစ် တာချီလိတ်မှ ရန်ကုန်သို့ ထွက်ခွာ
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့မှ နေရပ်ပြန်မည့် တရုတ်နိုင်ငံသားများ ရန်ကုန်သို့ လေကြောင်းခရီးဖြင့် ထွက်ခွာနေရာ ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ (၁၈) ရက်နေ့တွင် တရုတ်နိုင်ငံသား (၁၄)ဦး စတုတ္ထအသုတ်အဖြစ် ထွက်ခွာသွားသည်။
တာချီလိတ်လေဆိပ်မှ ဒီဇင်ဘာလ (၁၈) ရက်နေ့တွင် တာချီလိတ် - ဟဲဟိုး - ရန်ကုန်သို့ပျံသန်းသည့် Air KBZ လေကြောင်းခရီးစဉ်တွင် တရုတ်နိုင်ငံသား (၁၁) ဦး၊ တရုတ်နိုင်ငံသူ (၁) ဦးနှင့် မြန်မာနိုင်ငံသား (၄) ဦး စုစုပေါင်း (၁၆) ဦးလိုက်ပါသွားပြီး Golden Myanmar လေကြောင်းခရီးစဉ်ဖြင့် တရုတ်နိုင်ငံသား (၂) ဦး၊ မြန်မာနိုင်ငံသား (၁၆) ဦးနှင့် မြန်မာနိုင်ငံသူ (၆) ဦး စုစုပေါင်း (၂၄) ဦးတို့ လိုက်ပါသွားခြင်းဖြစ်သည်။
နိုင်ငံအတွင်းရှိ ပြည်တွင်းလေကြောင်းလိုင်းများကို စက်တင်ဘာလ (၁၁) ရက်နေ့ကတည်းက ရပ်ဆိုင်းထားရာမှ ဒီဇင်ဘာ (၁၆) ရက်နေ့တွင် ပြန်လည်ပျံသန်းခွင့်ပြုလိုက်သဖြင့် တာချီလိတ်လေဆိပ်တွင် ဒီဇင်ဘာ (၁၅) ရက်နေ့မှ ဒီဇင်ဘာ (၁၈) ရက်နေ့အထိ စင်းလုံးငှားလေယာဉ် အပါအဝင် လေယာဉ် (၆) စီးဆင်းသက်ခဲ့ပြီး တာချီလိတ်မှ နေရပ်ပြန်မည့် တရုတ်နိုင်ငံသား (၁၄၀) ကို ရန်ကုန်မြို့သို့ပို့ဆောင်ထားပြီးဖြစ်သည်။
တာချီလိတ်မြို့နယ်အတွင်း အလုပ်လာရောက်လုပ်ကိုင်နေကြသည့် တရုတ်နိုင်ငံသားများသည် COVID 19 ကာလကြောင့် နေရပ်ပြန်ရန်အခက်အခဲဖြစ်နေရာ လေကြောင်းခရီးများ ပြန်လည်ပြေးဆွဲပေးနေ၍ တာချီလိတ်မှ ထွက်ခွာနေကြခြင်းဖြစ်သည်။
Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓါတ်ပုံ - တာချီလိတ် ဟိုတယ်/ခရီး
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~