တာချီလိတ်မြို့တွင် ဖမ်းဆီးရမိသည့် တရုတ်းနိုင်ငံသား (၁၈၈)ဦးထဲမှ အွန်လိုင်းဂိမ်းလောင်းကစားလုပ်နေသည့် တရုတ် (၃)ဦးကို အမှုဖွင့် စစ်ဆေးနေလ

တာချီလိတ်မြို့တွင် ဖမ်းဆီးရမိသည့် တရုတ်းနိုင်ငံသား (၁၈၈)ဦးထဲမှ အွန်လိုင်းဂိမ်းလောင်းကစားလုပ်နေသည့် တရုတ် (၃)ဦးကို အမှုဖွင့် စစ်ဆေးနေလ
မေ 14, 2019
By Tachileik News Agency

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီိလိတ်မြို့ရှိ လပ်ကီးမိုတယ်တွင် ဖမ်းဆီးရမိသည့် တရားမဝင် တရုတ်နိုင်ငံသား (၇၉) ဦးအနက် အွန်လိုင်းလောင်းကစားလုပ်နေသည့် ကွန်ပျူတာများနှင့်အတူ ဖမ်းမိသည့် တရုတ်နိုင်ငံသား (၃)ဦးကို အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။



တာချီလိတ်မြို့တွင် မေလ (၁၃)ရက်နေ့တစ်နေ့အတွင်း တရားမဝင် တရုတ်နိုင်ငံသားများ နေထိုင်ကြောင်း သတင်းရသည့် နေရာ (၃)နေရာကို ဝင်ရောက်စစ်ဆေးရာ တရားမ၀င်နေထိုင်သည့် တရုတ်နိုင်ငံသား (၁၈၈)ဦးအား ကား/ဆိုင်ကယ်(၁၀)စီး၊ လက်ကိုင်ဖုန်း(၅၄၈)လုံး အပါအ၀င် လက်နက်ခဲယမ်းများဖြင့် ဖမ်းဆီးရမိခဲ့သဖြင့် သက်ဆိုင်ရာပုဒ်မအသီးသီးဖြင့် အမှုဖွင့်စစ်ဆေးနေခြင်းဖြစ်သည်။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချိီလိတ်မြို့ရှိ လပ်ကီးမိုတယ်တွင် ဖမ်းဆီးရမိသည့် တရားမဝင် တရုတ်နိုင်ငံသား (၇၉) ဦးအနက် အွန်လိုင်းလောင်းကစားလုပ်နေသည့် ကွန်ပျူတာများနှင့်အတူ ဖမ်းမိသည့် တရုတ်နိုင်ငံသား (၃)ဦးကို အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။

တာချီလိတ်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး လှဦး ဦးစီးသည့်အဖွဲ့က သက်သေများနှင့်အတူ ၂၀၁၉ ခုနှစ်၊ မေလ (၁၃)ရက်နေ့ နေ့လယ် (၁)နာရီဝန်းကျင်က ဝိန်းကျောက်ရပ်ကွက်၊ လွန်းကျိုင်းရပ်ရှိ လပ်ကီးမိုတယ်အတွင်း ဝင်ရောက်ရှာဖွေရာ တရုတ်နိုင်ငံသား အမျိုးသား(၇၅)ဦးနှင့် အမျိုးသမီး (၄)ဦးတို့ကို ဖမ်းမိခြင်းဖြစ်ကြောင်း သိရသည်။

ယင်းတို့အနက် အခန်းအမှတ် (၂၀၉)တွင် လောင်းကစားလုပ်နေသည့် ရန်လိဟွာ၊ အခန်းအမှတ် (၂၀၅)တွင် လောင်းကစားလုပ်နေသည့် ရှဲန့်ပန်းဟုန်နှင့် အခန်းအမှတ် (၁၀၆)တွင် လောင်းကစားလုပ်နေသည့် ချန်ဖန့်တို့အား လက်ပ်တော့တစ်လုံးစီနှင့်အတူ ဖမ်းမိသဖြင့် အဆိုပါ (၃)ဦးကို အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။

တာချီလိတ်မြို့တွင် မေလ (၁၃)ရက်နေ့တစ်နေ့အတွင်း တရားမဝင် တရုတ်နိုင်ငံသားများ နေထိုင်ကြောင်း သတင်းရသည့် နေရာ (၃)နေရာကို ဝင်ရောက်စစ်ဆေးရာ တရားမဝင်နေထိုင်သည့် တရုတ်နိုင်ငံသား (၁၈၈)ဦးအား ကား/ဆိုင်ကယ်(၁၀)စီး၊ လက်ကိုင်ဖုန်း(၅၄၈)လုံး အပါအဝင် လက်နက်ခဲယမ်းများဖြင့် ဖမ်းဆီးရမိခဲ့သဖြင့် သက်ဆိုင်ရာပုဒ်မအသီးသီးဖြင့် အမှုဖွင့်စစ်ဆေးနခြေင်းဖြစ်သည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net