ထိုင်းနိုင်ငံတွင် နှစ်သစ်ကူးကာလအတွင်း ယာဉ်/လမ်းအန္တရာယ် မဖြစ်ပွားရေး ရဲတပ်ဖွဲ့အင်အား ၇၄၀၀၀ အသုံးပြုသွားမည်

ထိုင်းနိုင်ငံတွင် နှစ်သစ်ကူးကာလအတွင်း ယာဉ်/လမ်းအန္တရာယ် မဖြစ်ပွားရေး ရဲတပ်ဖွဲ့အင်အား ၇၄၀၀၀ အသုံးပြုသွားမည်
ဒီဇင်ဘာ 22, 2019
By Tachileik News Agency
ထိုင်းနိုင်ငံတွင် နှစ်သစ်ကူးကာလအတွင်း ယာဉ်/လမ်းအန္တရာယ် မဖြစ်ပွားရေး 
ရဲတပ်ဖွဲ့အင်အား ၇၄၀၀၀ အသုံးပြုသွားမည်

ခရီးသွားလုပ်ငန်းအဓိက အားထားပြီး ကမ္ဘာလှည့်ခရီးသွား အများအပြား ဝင်ရောက်သည့် ထိုင်းနိုင်ငံတွင် နှစ်သစ်ကူး ကာလအတွင်း ယာဉ်နှင့်လမ်းအန္တရာယ် ဖြစ်ပွားမှုလျှော့ချရေးအတွက် ရဲတပ်ဖွဲ့ဝင်အင်အား (၇၄,၀၀၀) အသုံးပြုသွားရန် စီစဉ်ထားကြောင်း သိရသည်။

နှစ်သစ်ကူးကာလ ပိတ်ရက်အတွင်း နေရပ်ပြန်သူများ အပါအဝင် ခရီးသွားလာမှုများပြားသည့်အတွက် ယာဉ်မတော်တဆမှုများလည်း အဖြစ်များသဖြင့် ဒီဇင်ဘာလ (၂၇)ရက်နေ့မှ ဇန်နဝါရီလ (၂)အထိ (၇)ရက်တာကာလအတွင်း ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို အထူးကြပ်မတ်သွားမည်ဖြစ်ကြောင်း သိရသည်။

အရက်သောက်ပြီး မော်တော်ယာဉ်မောင်းနှင်ခြင်း၊ လိုင်စင်မပါဘဲ မောင်းနှင်ခြင်း၊ မော်တော်ယာဉ် မောင်းနှင် စီးနင်းစဉ် လုံခြုံရေးခါး ပတ်မပတ်ခြင်း၊ သတ်မှတ်မိုင်နှုန်းထက် ကျော်လွန်မောင်းနှင်ခြင်းစသည့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို အထူးကြပ်မတ်မည်ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့်နှစ် နှစ်သစ်ကူးကာလ ဒီဇင်ဘာလ (၂၇)ရက်နေ့မှ ဇန်နဝါရီလ (၂၀)ရက်နေ့အတွင်း ထိုင်းနိုင်ငံတွင် ယာဉ်တိုက်မှု၊ ယာဉ်တိမ်းမှောက်မှုပေါင်း (၃၇၉၁)မှုဖြစ်ပွားကာ လူပေါင်း (၄၆၃)ဦး သေဆုံးခဲ့ရပြီး လူပေါင်း (၃၈၉၂)ဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။

အဆိုပါ ယာဉ်တိုက်မှု၊ ယာဉ်တိမ်းမှောက်မှုများ၏ အဓိကအကြောင်းရင်းများတွင် အရက်မူးပြီးမောင်းနှင်ခြင်းနှင့် အရှိန်ပြင်းစွာ မောင်းနှင်ခြင်းများကြောင့်ဖြစ်၍ ယခုနှစ်တွင် ယာဉ်လမ်းအန္တရာယ်များ လျှော့ချနိုင်ရေး ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency
Ref; chiangraitime
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~