ကူးစက်မြန်သည့် ကိုရိုနာဗိုင်းရပ်စ်ကို ကမ္ဘာ့ကပ်ရောဂါအဖြစ် WHO ကြေညာ

ကူးစက်မြန်သည့် ကိုရိုနာဗိုင်းရပ်စ်ကို ကမ္ဘာ့ကပ်ရောဂါအဖြစ် WHO ကြေညာ
မတ် 11, 2020
By Tachileik News Agency
ကူးစက်မြန်သည့် ကိုရိုနာဗိုင်းရပ်စ်ကို ကမ္ဘာ့ကပ်ရောဂါအဖြစ် WHO ကြေညာ

ကိုရိုနာဗိုင်းရပ်စ်(COVID-19) ဖြစ်ပွားသည့် နိုင်ငံအရေအတွက်နှင့် ကူးစက်ခံရသူ၊ သေဆုံးသူ နေ့စဉ်မြင့်တက်လာသည့် အခြေအနေကြောင့် ကမ္ဘာ့ကပ်ရောဂါအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က ၂၀၂၀ ခုနှစ်၊ မတ်လ (၁၁)ရက်နေ့ ညပိုင်းတွင် ကြေညာလိုက်ပြီဖြစ်သည်။

တရုတ်နိုင်ငံ၊ ဝူဟန်မြို့တွင် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလက စတင်ခဲ့သည့် ကိုရိုနာဗိုင်းရပ်စ်ရောဂါသည် ၂၀၂၀ ခုနှစ်၊ မတ်လတွင် တရုတ်ပြည်မကြီးအပါအဝင် နိုင်ငံပေါင်း (၉၀)ကျော်သို့ ပျံ့နှံ့သွားပြီး မတ်လ (၁၁)ရက်နေ့အထိ ကူးစက်ခံရသူပေါင်း (၁၂၁,၅၆၄)ဦး၊ သေဆုံးသူပေါင်း (၄,၃၇၃)ဦးရှိနေကာ ကူးစက်ပျံ့နှံ့မှု တိုးလာနေဆဲဖြစ်သည်။

ရောဂါစတင်ဖြစ်ပွားရာ တရုတ်နိုင်ငံပြင်ပ နိုင်ငံများတွင်ပါ ရောဂါကူးစက်ပျံ့နှံ့လာသဖြင့် COVID 19 ကို ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် WHO က ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၃၀)ရက်နေ့က ကြေညာထားခဲ့ပြီးနောက် ရောဂါကူးစက်ပျံ့နှံ့မှုနှင့် သေဆုံးသူအရေအတွက် တိုးလာ၍ ကမ္ဘာ့ကပ်ရောဂါအဖြစ် ကြေညာလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ကူးစက်ရောဂါတစ်ခုသည် ကမ္ဘာ့နိုင်ငံအများအပြားသို့ ကူးစက်ပျံ့ပွားနိုင်ပါက ၎င်းအား ကမ္ဘာ့ကပ်ရောဂါအဖြစ် ကြေညာလေ့ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် လက်ရှိအချိန်ထိ သံသယလက္ခဏာတွေ့ရသည့် လူနာများကို ဓါတ်ခွဲစစ်ဆေးချက်များအရ ကိုရိုနာဗိုင်းရပ်စ်အတည်ပြုလူနာတွေ့ရှိခြင်းမရှိသေးကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သတင်းထုတ်ပြန်ချက်အရ သိရသည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~