တာချီလိတ်မြို့ မဟာမြတ်မုနိဆရာတော်ဘုရားကြီး၏ အန္တိမအဂ္ဂိဈာပနအခမ်းအနား ကျင်းပမည့်နေရာအား ဝစီပိတ်ဆရာတော် သွားရောက်စစ်ဆေး

တာချီလိတ်မြို့ မဟာမြတ်မုနိဆရာတော်ဘုရားကြီး၏ အန္တိမအဂ္ဂိဈာပနအခမ်းအနား ကျင်းပမည့်နေရာအား ဝစီပိတ်ဆရာတော် သွားရောက်စစ်ဆေး
အောက်တိုဘာ 19, 2019
By 🌸
တာချီလိတ်မြို့ မဟာမြတ်မုနိဆရာတော်ဘုရားကြီး၏ အန္တိမအဂ္ဂိဈာပနအခမ်းအနား ကျင်းပမည့်နေရာအား ဝစီပိတ်ဆရာတော် သွားရောက်စစ်ဆေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ မဟာမြတ်မုနိဘုရားကြီးကျောင်းတိုက်၏ ပဓာနနာယကဆရာတော် အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တပညာသာမိ၏ အန္တိမအဂ္ဂိဈာပနကျင်းပမည့် မြို့မသုဿန်သစ် (ပုံလို့)တွင် ပြင်ဆင်နေမှုများကို ကျိုင်းတုံမြို့ ဝစီပိတ်ဆရာတော်နှင့် ဌာနဆိုင်ရာများက၂၀၁၉ ခုနှစ်၊ အောက်တိုဘာ (၁၉) ရက်နေ့ ညနေပိုင်းက သွားရောက်စစ်ဆေးသည်။

တာချီလိတ်မြို့မ သုသာန်သစ်(ပုံလို့)တွင် ဆရာတော်၏ အန္တိမအဂ္ဂိဈာပနအခမ်းအနား ပြင်ဆင်ရန်နှင့် ယာဉ်ရပ်နားရန်နေရာများ ပြင်ဆင်နေခြင်းကို ကျိုင်းတုံမြို့ ဝစီပိတ်ဆရာတော်၊ စစ်ဗျူဟာအဖွဲ့(အခြေချ) တာချီလိတ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးသော်ဇင်ဦးနှင့် ဈာပနကျင်းပရေးကော်မတီဝင်များက သွားရောက်ကြည့်ရှုခြင်းဖြစ်သည်။

မဟာမြတ်မုနိဘုရားကြီးစာသင်တိုက် ပဓာနနာယကဆရာတော် အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တပညာသာမိသည် ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ(၇)ရက်နေ့၊ ည(၉)နာရီ (၁၅)မိနစ်အချိန်တွင် ဘဝနတ်ထံ ပျံလွန်တော်မူခဲ့ခြင်းဖြစ်ပြီး ပျံလွန်တော်မူချိန်တွင် သက်တော်(၈၄)နှစ်၊ ဝါတော် (၆၁)ဝါ ရှိပြီဖြစ်သည်။

မဟာမြတ်မုနိဘုရားကြီးစာသင်တိုက် ပဓာနနာယကဆရာတော် အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တပညာသာမိကို တာချီလိတ်မြို့နယ် မိုင်းကိုးကျေးရွာအုပ်စု၊ ဆီလီငေါ့ကျေးရွာတွင် ၁၉၃၆ ခုနှစ်၌ ဖွားမြင်ခဲ့ခြင်းဖြစ်ပြီး ငယ်နာမည်မှာ စိုင်းဖတ်ဖြစ်သည်။

စိုင်းဖတ်သည် အသက်(၁၁)နှစ်အရွယ်တွင် ယန်းခမ်းကျောင်းဆရာတော် အရှင်သောဘိတမထေရ်ထံ ရှင်သာမဏေအဖြစ်ဖြင့် သာသနာ့ဘောင်စတင်ဝင်ရောက်ခဲ့ပြီး ၁၉၆၈ ခုနှစ်တွင် တာချီလိတ်မြို့ မဟာမြတ်မုနိဘုရားကြီးကျောင်းတိုက်၌ စတင်ဖွင့်လှစ်သည့် ဓမ္မောဒယပရိယတ္တိစာသင်တိုက်၏ စာချအဖွဲ့ခေါင်းဆောင်အဖြစ် သာသနာ့တာဝန်ထမ်းဆောင်ရင်း ၁၉၇၈ ခုနှစ်၊ ဧပြီလ (၃)ရက်နေ့ ရဟန်းသက် (၁၈) ဝါ၌ ကျောင်းထိုင်ဆရာတော်အဖြစ် ကျောင်းအပ်နှံခံရခြင်းဖြစ်သည်။

ဆရာတော်အား ၁၉၇၈ ခုနှစ်တွင် သျှမ်းဂိုဏ်း ယွန်းဂိုဏ်းသံဃာတော်များနှင့် ဒကာဒကာမများက ယွန်းဂိုဏ်းသံဃာ၏ တတိယအဆင့်ဖြစ်သည့် ဆွာတိဘွဲ့တော်၊ ၁၉၉၆ ခုနှစ်တွင် သံဃသမဂ္ဂ သျှမ်းဂိုဏ်းသံဃာအဖွဲ့က နာယကဂိုဏ်းချုပ်ဘွဲ့၊ ၂၀၀၄ ခုနှစ်တွင် ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် မြို့နယ်သံဃာ့နာယက(ရွှေကျင်)အဖြစ်နှင့် နိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာနက အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇဘွဲ့တို့ကို ဆက်ကပ်ခဲ့ကြောင်း ၂၀၀၄ ခုနှစ်က ထုတ်ဝေထားသည့် သာသနာ့ရောင်ခြည် ဂုဏ်ပြုမှတ်တမ်းတွင် ဖေါ်ပြထားသည်။

Tachileik News Agency
သတင်း #ဟန်စိုးထိုက်
ဓါတ်ပုံ -ဟန်စိုးထိုက်၊ ကျော်ဇင်ဟိန်း

~~~~~~~~⊰❂ Zawgyi Version ~~~~~~~~
တာခ်ီလိတ္ၿမိဳ႕ မဟာျမတ္မုနိဆရာေတာ္ဘု႐ားႀကီး၏ အႏၱိမအဂၢိစ်ာပနအခမ္းအနား က်င္းပမည့္ေနရာအား ဝစီပိတ္ဆရာေတာ္ သြားေရာက္စစ္ေဆး

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕ မဟာျမတ္မုနိဘုရားႀကီးေက်ာင္းတိုက္၏ ပဓာနနာယကဆရာေတာ္ အဂၢမဟာ သဒၶမၼေဇာတိကဓဇ ဘဒၵႏၱပညာသာမိ၏ အႏၱိမအဂၢိစ်ာပနက်င္းပမည့္ ၿမိဳ႕မသုႆန္သစ္ (ပံုလို႔)တြင္ ျပင္ဆင္ေနမႈမ်ားကို က်ိဳင္းတံုၿမိဳ႕ ဝစီပိတ္ဆရာေတာ္ႏွင့္ ဌာနဆိုင္ရာမ်ားက၂၀၁၉ ခုႏွစ္၊ ေအာက္တိုဘာ (၁၉) ရက္ေန႔ ညေနပိုင္းက သြားေရာက္စစ္ေဆးသည္။

တာခ်ီလိတ္ၿမိဳ႕မ သုသာန္သစ္(ပံုလို႔)တြင္ ဆရာေတာ္၏ အႏၱိမအဂၢိစ်ာပနအခမ္းအနား ျပင္ဆင္ရန္ႏွင့္ ယာဥ္ရပ္နားရန္ေနရာမ်ား ျပင္ဆင္ေနျခင္းကို က်ိဳင္းတံုၿမိဳ႕ ဝစီပိတ္ဆရာေတာ္၊ စစ္ဗ်ဴဟာအဖြဲ႔(အေျခခ်) တာခ်ီလိတ္မွ စစ္ဗ်ဴဟာမွဴး ဗိုလ္မွဴးႀကီးေသာ္ဇင္ဦးႏွင့္ စ်ာပနက်င္းပေရးေကာ္မတီဝင္မ်ားက သြားေရာက္ၾကည့္ရႈျခင္းျဖစ္သည္။

မဟာျမတ္မုနိဘုရားႀကီးစာသင္တုိက္ ပဓာနနာယကဆရာေတာ္ အဂၢမဟာ သဒၶမၼေဇာတိကဓဇ ဘဒၵႏၱပညာသာမိသည္ ၂၀၁၉ ခုႏွစ္၊ စက္တင္ဘာလ(၇)ရက္ေန႔၊ ည(၉)နာရီ (၁၅)မိနစ္အခ်ိန္တြင္ ဘ၀နတ္ထံ ပ်ံလြန္ေတာ္မူခဲ့ျခင္းျဖစ္ၿပီး ပ်ံလြန္ေတာ္မူခ်ိန္တြင္ သက္ေတာ္(၈၄)ႏွစ္၊ ဝါေတာ္ (၆၁)ဝါ ရွိၿပီျဖစ္သည္။

မဟာျမတ္မုနိဘုရားႀကီးစာသင္တုိက္ ပဓာနနာယကဆရာေတာ္ အဂၢမဟာ သဒၶမၼေဇာတိကဓဇ ဘဒၵႏၱပညာသာမိကို တာခ်ီလိတ္ၿမိဳ႕နယ္ မုိင္းကိုးေက်းရြာအုပ္စု၊ ဆီလီေငါ့ေက်းရြာတြင္ ၁၉၃၆ ခုႏွစ္၌ ဖြားျမင္ခဲ့ျခင္းျဖစ္ၿပီး ငယ္နာမည္မွာ စိုင္းဖတ္ျဖစ္သည္။

စိုင္းဖတ္သည္ အသက္(၁၁)ႏွစ္အရြယ္တြင္ ယန္းခမ္းေက်ာင္းဆရာေတာ္ အရွင္ေသာဘိတမေထရ္ထံ ရွင္သာမေဏအျဖစ္ျဖင့္ သာသနာ့ေဘာင္စတင္ဝင္ေရာက္ခဲ့ၿပီး ၁၉၆၈ ခုႏွစ္တြင္ တာခ်ီလိတ္ၿမိဳ႕ မဟာျမတ္မုနိဘုရားႀကီးေက်ာင္းတုိက္၌ စတင္ဖြင့္လွစ္သည့္ ဓေမၼာဒယပရိယတၱိစာသင္တုိက္၏ စာခ်အဖြဲ႕ေခါင္းေဆာင္အျဖစ္ သာသနာ့တာဝန္ထမ္းေဆာင္ရင္း ၁၉၇၈ ခုႏွစ္၊ ဧၿပီလ (၃)ရက္ေန႔ ရဟန္းသက္ (၁၈) ဝါ၌ ေက်ာင္းထုိင္ဆရာေတာ္အျဖစ္ ေက်ာင္းအပ္ႏွံခံရျခင္းျဖစ္သည္။

ဆရာေတာ္အား ၁၉၇၈ ခုႏွစ္တြင္ သွ်မ္းဂိုဏ္း ယြန္းဂိုဏ္းသံဃာေတာ္မ်ားႏွင့္ ဒကာဒကာမမ်ားက ယြန္းဂိုဏ္းသံဃာ၏ တတိယအဆင့္ျဖစ္သည့္ ဆြာတိဘြဲ႕ေတာ္၊ ၁၉၉၆ ခုႏွစ္တြင္ သံဃသမဂၢ သွ်မ္းဂိုဏ္းသံဃာအဖြဲ႕က နာယကဂိုဏ္းခ်ုပ္ဘြဲ႔၊ ၂၀၀၄ ခုႏွစ္တြင္ ရွမ္းျပည္နယ္အေရွ႕ပိုင္း တာခ်ီလိတ္ခရိုင္ ၿမိဳ႕နယ္သံဃာ့နာယက(ေရႊက်င္)အျဖစ္ႏွင့္ ႏိုင္ငံေတာ္အစိုးရ သာသနာေရးဝန္ႀကီးဌာနက အဂၢမဟာသဒၶမၼေဇာတိကဓဇဘြဲ႕တို႔ကို ဆက္ကပ္ခဲ့ေၾကာင္း ၂၀၀၄ ခုႏွစ္က ထုတ္ေဝထားသည့္ သာသနာ့ေရာင္ျခည္ ဂုဏ္ျပဳမွတ္တမ္းတြင္ ေဖၚျပထားသည္။

Tachileik News Agency
သတင္း #ဟန္စိုးထုိက္
ဓါတ္ပံု -ဟန္စိုးထုိက္၊ ေက်ာ္ဇင္ဟိန္း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net