တာချီလိတ် - ကျိုင်းတုံ စက်ဘီးခရီးစဉ်တွင် လိုက်ပါလာလိုသူ မြန်မာ၊ ထိုင်းနှစ်နိုင်ငံ စက်ဘီးစီးသမားများ နေထိုင်စားသောက်စရိတ်နှင့်အတူ စာရင်းပေးသွင်းနိုင်

တာချီလိတ် - ကျိုင်းတုံ စက်ဘီးခရီးစဉ်တွင် လိုက်ပါလာလိုသူ မြန်မာ၊ ထိုင်းနှစ်နိုင်ငံ စက်ဘီးစီးသမားများ နေထိုင်စားသောက်စရိတ်နှင့်အတူ စာရင်းပေးသွင်းနိုင်
ဒီဇင်ဘာ 12, 2019
By Tachileik News Agency

တာချီလိတ် - ကျိုင်းတုံ စက်ဘီးခရီးစဉ်တွင် လိုက်ပါလာလိုသူ မြန်မာ၊ ထိုင်းနှစ်နိုင်ငံ စက်ဘီးစီးသမားများ နေထိုင်စားသောက်စရိတ်နှင့်အတူ စာရင်းပေးသွင်းနိုင်

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့မှ ကျိုင်းတုံမြို့သို့ မြန်မာနှင့်ထိုင်း နှစ်နိုင်ငံစက်ဘီးစီးသမား (၁၅၀) ကျော်ပါဝင်မည့် အပျော်တမ်းခရီးစဉ်တွင် လိုက်ပါစီးနင်းမည့်သူများအနေဖြင့် MTB Tachileik အသင်းဝင်များမှအပ နေထိုင်၊ စားသောက်စရိတ်များနှင့်အတူ စာရင်းပေးသွင်းနိုင်ကြကြောင်း သိရသည်။

"MTB Tachileik အသင်းဝင်တွေက တစ်လကို ဘတ် (၁၀၀) နှုန်းကောက်ထားတာရှိတယ်။ Member ကြေးပေါ့။ Member မဝင်တဲ့သူတွေကို ဘတ် (၈၀၀) ကောက်တယ်။ စားဖို့၊ သောက်ဖို့၊ နောက်အင်္ကျီ တွေ၊ ဆွဲပြားတွေပေးတာပေါ့။ ထိုင်းဘက်က လူတွေအတွက်က ဘတ် (၃၅၀၀) ကောက်တယ်။ သူတို့ကျတော့  ဒီကထွက်ကတည်းက မနက်စာ၊ ညစာ၊ ကျိုင်းတုံမှာ ဟိုတယ်တည်းတာတွေကစ (၂) ညအိပ် (၃) ရက်စာအတွက် ကောက်တာပါ"ဟု MTB Tachileik မှ ဦးကျင်လေးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ် - ကျိုင်းတုံ အပျော်တမ်းစက်ဘီးခရီးစဉ်အဖြစ် ဒီဇင်ဘာ (၁၅) ရက်နေ့တွင် တာချီလိတ်မှ ကျိုင်းတုံသို့ စီးနင်းရာတွင် ကျိုင်းတုံမြို့၌ (၂) ညအိပ်ရပ်နားမည်ဖြစ်ပြီး (၁၆) ရက်နေ့ ညပိုင်းတွင် မိတ်ဆုံစားပွဲကျင်းပမည်ဖြစ်ကြောင်း သိရသည်။

 လက်ရှိအချိန်အထိ ခရီးစဉ်တွင် လိုက်ပါစီးနင်းရန် ထိုင်းနိုင်ငံဘက်မှ စာရင်းပေးထားသူ (၆၃) ဦးရှိနေပြီး MTB Tachileik မှ အသင်းသားဦးရေ (၆၀) ရှိကြောင်း သိရသည်။

စက်ဘီးစီးခရီးစဉ်ကို တာချီလိတ်မြို့မှ စတင်ထွက်ခွာမည့် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာ (၁၅) ရက်နေ့ နံနက်ပိုင်းတွင် ရှမ်းရိုးမကွင်းရှေ့မှ ခရီးစဉ်စတင်မည်ဖြစ်ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်းတို့က တက်ရောက် ဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း သိရသည်။

စက်ဘီးစီးအဖွဲ့သည် ကျိုင်းတုံမြို့မှနေ၍ ဒီဇင်ဘာ (၁၇) ရက်နေ့၌ ပြန်လည်ထွက်ခွာရာ၌ နောင်တုံကန်မှ ပြန်လည်စတင်စီးနင်းကြမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ နှစ်နိုင်ငံစက်ဘီးသမားများ၏ စက်ဘီးစီးခရီးစဉ်ကို ဆေးလိပ်ငွေ့ကင်းစင်ရှမ်းပြည်တစ်ခွင် အစီအစဉ်နှင့် မြန်မာ-ထိုင်း ချစ်ကြည်ရေးအတွက် ရည်ရွယ်ပြီး တာချီလိတ်ခရိုင်/မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန၊ တာချီလိတ်မြို့ အားကစား အထောက်အကူပြုကော်မတီနှင့် MTB Tachileik တို့ ပူးပေါင်းစီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ စက်ဘီးခရီးစဉ်တွင် လိုက်ပါလိုသူများအနေဖြင့် MTB Tachileik ဖုန်း 09 5114895 သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~