မိုင်းယန်းမြို့နယ်တွင်း စိုက်ပျိုးရေး လုပ်ကိုင်သည့် နတ်မောက်မြို့က (၆၄)ဦး ကျိုင်းတုံမှ တဆင့် နေရပ်ပြန်၊ ဟိုရောက်မှ Quarantine ဝင်ရမည်

မိုင်းယန်းမြို့နယ်တွင်း စိုက်ပျိုးရေး လုပ်ကိုင်သည့် နတ်မောက်မြို့က (၆၄)ဦး ကျိုင်းတုံမှ တဆင့် နေရပ်ပြန်၊ ဟိုရောက်မှ Quarantine ဝင်ရမည်
မေ 3, 2020
By Tachileik News Agency
မိုင်းယန်းမြို့နယ်တွင်း စိုက်ပျိုးရေး လုပ်ကိုင်သည့် နတ်မောက်မြို့က (၆၄)ဦး ကျိုင်းတုံမှ တဆင့် နေရပ်ပြန်၊ 
ဟိုရောက်မှ Quarantine ဝင်ရမည်

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ်တွင် စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်နေသည့် မကွေးတိုင်းဒေသကြီးမှ ရွှေ့ပြောင်းလုပ်သား (၄၆) ဦး ၂၀၂၀ ခုနှစ်၊ မေလ (၃) ရက်နေ့ နံနက်ပိုင်းက  ကျိုင်းတုံမြို့မှတစ်ဆင့် နေရပ်ပြန်သွားပြီဖြစ်ကြောင်း သိရသည်။

သူတို့က နတ်မောက်ကအဖွဲ့တွေ။ သူတို့အချိတ်အဆက်နဲ့ ဟိုဘက်ကို ကားလှမ်းခေါ်တယ်။ ပြီးတော့မှ ကားက မိုင်းယန်း ရာဘာခြံထိ လာကြိုတယ်။ ဒီဘက်ရောက်လာတော့ ဆက်ထွက်သွားတယ်။ ကျွန်တော်တို့က စာရင်းယူတယ်။ ရှမ်းပြည်နယ်အစိုးရကို တင်တယ်။ ရှမ်းပြည်နယ်အစိုးရအဖွဲ့က မကွေးတိုင်းအစိုးရအဖွဲ့ကို ဒီလူတွေ ဒီနေ့မှာ ဒီကားနံပါတ်နဲ့ ထွက်သွားပြီဆိုတာ လှမ်းဆက်သွယ် အကြောင်းကြားထားတယ်။ သူတို့နေရပ်ဒေသမှာပဲ Quarantine ဝင်ရမှာပါ

ဟု ရှမ်းပြည်နယ်အရှေ့ပိုင်း ဒုတိယပြည်နယ်အုပ်ချုပ်ရေးမှုးဦးရဲနိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ မေလ(၂)ရက်နေ့တွင် ပြောသည်။

အဆိုပါ နေရပ်ပြန်များမှာ မကွေးတိုင်း၊ နတ်မောက်မြို့နယ်အတွင်းမှဖြစ်ပြီး မိုင်းယန်းမြို့နယ်ရှိ ဖရဲခင်း၊ ရာဘာစိုက်ခင်းစသည့် စိုက်ပျိုးရေးလုပ်ငန်းများတွင် လာရောက်အလုပ်လုပ်ကိုင်နေကြသူများ ဖြစ်ကြောင်း သိရသည်။

မိုင်းယန်းဘက်က နတ်မောက်မြို့နယ်ကို ပြန်ကြမယ့် (၄၆)ယောက် ဒီမနက် ဝင်လာတယ်။ သူတို့က မိုင်းယန်းမြို့နယ်ထဲက စိုက်ခြံတွေက လာတာဆိုတော့ သူတို့ဒေသမှာပဲ Quarantine ဝင်ကြရမယ်

ဟု ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ရှမ်းပြည်နယ်အရှေ့ပိုင်း ဦးစီးဌာနမှူး ဒေါက်တာမြင့်ကျော်က ပြောသည်။

တရုတ်နိုင်ငံဘက်မှ အထူးဒေသ - ၄ ကိုဖြတ်သန်းပြီး နေရပ်ပြန်မည့်သူများကို အထူးဒေသ - ၄ မိုင်းလားတွင် Quarantine (၂၁)ရက်ထားရှိပြီးမှ ကျိုင်းတုံဘက်သို့ ပြန်လွှဲပေးခြင်းဖြစ်ပြီး မြို့နယ်အတွင်းမှ နေရပ်ပြန်သူများမှာ မိမိတို့နေရပ်ဒေသတွင် Quarantine နေကြရမည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency
သတင်း - ချယ်ရီထိုက်
ဓါတ်ပုံ - Dr MK


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~