အမြန်လမ်းမကြီးတွင် တိမ်းမှောက်မီးလောင်သည့် မော်တော်ယာဉ်မှ လူ ၂ ဦး အသက်အန္တရာယ်မစိုးရိမ်ရ

အမြန်လမ်းမကြီးတွင် တိမ်းမှောက်မီးလောင်သည့် မော်တော်ယာဉ်မှ လူ ၂ ဦး အသက်အန္တရာယ်မစိုးရိမ်ရ
ဒီဇင်ဘာ 16, 2019
By 🌸
 

အမြန်လမ်းမကြီးတွင် တိမ်းမှောက်မီးလောင်သည့် မော်တော်ယာဉ်မှ လူ ၂ ဦး အသက်အန္တရာယ်မစိုးရိမ်ရ

ရန်ကုန် - နေပြည်တော် အမြန်လမ်းမကြီးတွင် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၁၅) ရက်နေ့ ည (၁၁) နာရီကျော်က မော်တော်ယာဉ်တစ်စီး လမ်းလယ်ကျွန်းကိုကျော်၍ တစ်ဖက်ယာဉ်ကြောသို့ ဒရွတ်ဆွဲတိမ်းမှောက် မီးလောင်သွားသော်လည်း ယာဉ်ပေါ်ပါသူနှစ်ဦးမှာ စိုးရိမ်ရသည့်အခြေအနေမရှိကြောင်း သိရသည်။

ရန်ကုန်-နေပြည်တော်လမ်း မိုင်တိုင်အမှတ် (၁၂/၇) အနီးတွင် ကိုကျော်တင်ဝင်းမောင်းနှင်ပြီး မမျိုးမြင့်ဇာနည်သိန်းလိုက်ပါလာသည့် Skyline အဖြူရောင်ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းပေါ် မှတစ်ဆင့် တစ်ဖက်ယာဉ်ကြောဘက်သို့ ဒရွတ်တိုက်ဆွဲ တိမ်းမှောက်သွားကာ မိုင်တိုင် (၁၃/ဝ) လမ်းဘေးမြေသားပေါ်အရောက်တွင် ရပ်တန့်သွားခဲ့ပြီး မော်တော်ယာဉ်မှာ မီးလောင်ကျွမ်းသွားခြင်းဖြစ်ကြောင်း သိရသည်။

မော်တော်ယာဉ်လိုက်ပါသူ (၂)ဦးစလုံး ဒဏ်ရာရရှိသွားသော်လည်း စိုးရိမ်ရသည့်အခြေအနေမရှိကြောင်း ကူညီဆောင်ရွက်ပေးသည့် အမြန်လမ်းမကြီးတပ်ဖွဲ့ အမှတ်(၃) လမ်းဆုံစခန်းမှ တပ်ဖွဲ့ဝင်များနှင့် အထောက်အကူပြုအဖွဲ့များ၏ သတင်းအရ သိရသည်။

Tachileik News Agency

ဓါတ်ပုံ - အမြန်လမ်းမကြီးရဲတပ်ဖွဲ့
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~