တာခ်ီလိတ္ၿမိဳ႕ ဆန္ဆိုင္းေစ်းအနီးတြင္ နံနက္အေစာပိုင္းအတြင္း ဆိုင္ကယ္တစ္စီး ခိုးခံရ

တာခ်ီလိတ္ၿမိဳ႕ ဆန္ဆိုင္းေစ်းအနီးတြင္ နံနက္အေစာပိုင္းအတြင္း ဆိုင္ကယ္တစ္စီး ခိုးခံရ
ဧပြီ 22, 2019
By Tachileik News Agency

ျမန္မာ - ထိုင္းနယ္စပ္ေဒသ၊ တာခ်ီလိတ္ၿမိဳ႕ရိွ ဆန္ဆိုင္းေစ်းအနီး ႏွင့္ ပလက္တီနမ္ဟိုတယ္အနီးရွိ 777 ထမင္းဆိုင္ေထာင့္တြင္ ၂၀၁၉ ခုႏွစ္ ဧၿပီလ (၂၁)ရက္ေန႔ နံနက္ (၄) နာရီ၀န္းတြင္ ဆိုင္ကယ္တစ္စီးေပ်ာက္ဆံုးမႈ ျဖစ္ပြားခဲ့ေၾကာင္းသိရသည္။

"ညီမက ညဆိုင္းဆင္းရတာဆိုေတာ့ ည (၈) နာရီကတည္းကရပ္ထားတာ။ ည (၈) နာရီ၀င္ၿပီး မနက္ (၈) နာရီထြက္ရတာ။ မနက္ (၄) နာရီေလာက္မွာေပ်ာက္သြားတာ၊ 777 ထမင္းဆိုင္ရဲ႕ အစြန္နားမွာ ရပ္ထားတာ"ဟု ဆိုင္ကယ္ပိုင္ရွင္ မနန္းက်န္ႏြန္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ေျပာသည္။

ေပ်ာက္ဆံုးသြားသည့္ ဆိုင္ကယ္မွာ 2018 ခုႏွစ္ထုတ္ WAVE 125i  အမ်ိဳးအစား အနီ/အနက္အေရာင္ျဖစ္ကာ အင္ဂ်င္နံပတ္ JA211E-0A01673၊ ဖရိန္နံပတ္ MLHJA2115H5401673 တို႔ျဖစ္ၿပီး ဆိုင္ကယ္အား လာေရာက္ေရာင္းခ်သည္ျဖစ္ေစ၊ ေတြ႔ရွိသည္ျဖစ္သည္ေစ ဖုန္းနံပတ္ 09423594319 ႏွင့္ 09441119108 သို႔ ဆက္သြယ္အေၾကာင္းၾကားေပးႏုိင္ရန္လည္း  အကူအညီေတာင္းခံထားရွိသည္။

Tachileik News Agency


~~~~~~~⊰❂ Unicode Version ~~~~~~~~

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့ရှိ ဆန်ဆိုင်းဈေးအနီး နှင့် ပလက်တီနမ်ဟိုတယ်အနီးရှိ 777 ထမင်းဆိုင်ထောင့်တွင် ၂၀၁၉ ခုနှစ် ဧပြီလ (၂၁)ရက်နေ့ နံနက် (၄) နာရီဝန်းတွင် ဆိုင်ကယ်တစ်စီးပျောက်ဆုံးမှု ဖြစ်ပွားခဲ့ကြောင်းသိရသည်။

"ညီမက ညဆိုင်းဆင်းရတာဆိုတော့ ည (၈) နာရီကတည်းကရပ်ထားတာ။ ည (၈) နာရီဝင်ပြီး မနက် (၈) နာရီထွက်ရတာ။ မနက် (၄) နာရီလောက်မှာပျောက်သွားတာ၊ 777 ထမင်းဆိုင်ရဲ့ အစွန်နားမှာ ရပ်ထားတာ"ဟု ဆိုင်ကယ်ပိုင်ရှင် မနန်းကျန်နွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။

ပျောက်ဆုံးသွားသည့် ဆိုင်ကယ်မှာ 2018 ခုနှစ်ထုတ် WAVE 125i အမျိုးအစား အနီ/အနက်အရောင်ဖြစ်ကာ အင်ဂျင်နံပတ် JA211E-0A01673၊ ဖရိန်နံပတ် MLHJA2115H5401673 တို့ဖြစ်ပြီး ဆိုင်ကယ်အား လာရောက်ရောင်းချသည်ဖြစ်စေ၊ တွေ့ရှိသည်ဖြစ်သည်စေ ဖုန်းနံပတ် 09423594319 နှင့် 09441119108 သို့ ဆက်သွယ်အကြောင်းကြားပေးနိုင်ရန်လည်း အကူအညီတောင်းခံထားရှိသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net