ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံရသူများကို တာချီလိတ်သို့ လွှဲပေး

ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံရသူများကို တာချီလိတ်သို့ လွှဲပေး
ဖေဖော်ဝါရီ 18, 2020
By Tachileik News Agency
ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံရသူများကို တာချီလိတ်သို့ လွှဲပေး

ထိုင်းနိုင်ငံအတွင်း ဖမ်းဆီးခံရပြီး ပြန်လည်လွတ်မြောက်လာပြီဖြစ်သည့် မြန်မာနိုင်ငံသား (၁၀) ဦးကို ၂၀၂၀ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁၈)ရက်နေ့ ညနေ (၃)နာရီအချိန်က ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့ဘက်မှ တာဝန်ရှိသူများက ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့သို့ လာရောက်လွှဲပြောင်းပေးသည်။

မြန်မာနိုင်ငံသား အမျိုးသား (၄)ဦးနှင့် အမျိုးသမီး (၆)ဦး ပါဝင်သည့်အဖွဲ့မှာ ရှမ်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့မှ ဖြစ်ပြီး ထိုင်းနိုင်ငံတွင်း တရားမဝင် သွားရောက်ခြင်း၊ နယ်မြေကျော်သွားရောက်ခြင်းတို့ကြောင့် ဖမ်းဆီးခံခဲ့ကြရခြင်းဖြစ်ကြောင်း သိရသည်။

လွှဲပြောင်းပေးလာသည့် မြန်မာနိုင်ငံသားများကို မြန်မာ - ထိုင်း ချစ်ကြည်ရေးတံတား အမှတ် (၂)တွင် ကိုရိုနားဗိုင်းရပ်စ်နှင့် ပတ်သက်၍ ကျန်းမာရေးစစ်ဆေး လက်ခံကြခြင်းဖြစ်သည်။

မြန်မာနိုင်ငံသားအဖွဲ့ကို မယ်ဆိုင်မြို့မှ လဝကအရာရှိ Suphasith Waikasetkorn ဦးစီးသည့်အဖွဲ့က လွှဲပြောင်းပေးလာခြင်းဖြစ်ပြီး မြန်မာဘက်မှ လဝကမှူး သန်းဦး ဦးစီးအဖွဲ့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူကုန်တားအဖွဲ့နှင့် CNCMC တို့က လက်ခံခဲ့ကြကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ - CNCMC

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~