တရုတ်နိုင်ငံတွင် COVID ကူးစက်မှုလှိုင်းအသစ် ကြံတွေ့နေပြီး ဇွန်လအတွင်း တစ်ပတ်လျှင် လူ (၆၅) သန်း ကူးစက်ခံရနိုင်

Photo: AFP
Photo: AFP
တရုတ်နိုင်ငံတွင် COVID ကူးစက်မှုလှိုင်းအသစ် ကြံတွေ့နေပြီး ဇွန်လအတွင်း တစ်ပတ်လျှင် လူ (၆၅) သန်း ကူးစက်ခံရနိုင်
By Mr John

တရုတ်နိုင်ငံတွင် COVID-19 ကူးစက်မှုလှိုင်းအသစ် ကြုံတွေ့နေသဖြင့်  လာမည့် ဇွန်လတွင် ကူးစက်မှုလှိုင်း အထွတ်အထိပ်သို့ ရောက်ရှိနိုင်ပြီး တစ်ပတ်လျှင် ကူးစက်ခံရသူ (၆၅) သန်းအထိ များပြားလာနိုင်ကြောင်း ခန့်မှန်းထားသည်။

တရုတ်တွင် အိုမီခရွန်ဗိုင်းရပ်စ်၏ ထပ်ဆင့်မျိုးဗီဇပြောင်း XBB အုပ်စုဝင် ကိုရိုနာဗိုင်းရပ်စ်အသစ်များ ကူးစက်ပျံ့နှံ့နေပြီး အာဏာပိုင်များက ကာကွယ်ဆေးထိုးမှု အစီအစဥ်များ အဆောတလျင် လုပ်ဆောင်နေကြောင်း သိရသည်။

XBB.1.9.1, XBB.1.5 နှင့် XBB.1.16 တို့ အပါအဝင် အိုမီခရွန် ထပ်ဆင့်မျိုးကွဲ ဗိုင်းရပ်စ်များအတွက် ကာကွယ်ဆေး (၂) မျိုးကို ကနဦး ခွင့်ပြုချက်ရရှိထားပြီဟု တရုတ် ကူးစက်ရောဂါဆိုင်ရာ ကျွမ်းကျင်သူ Zhong Nanshan က မေလ (၂၂) ရက်နေ့တွင် ပြောကြောင်း တရုတ်အစိုးရမီဒီယာက ဖော်ပြသည်။ 

အခြား ကာကွယ်ဆေး (၃) မျိုးမှ (၄) မျိုးအထိကို မကြာမီ ခွင့်ပြုချက်ပေးသွားရန်ရှိသည်ဟု Zhong က ပြောခဲ့သော်လည်း နောက်ထပ်အသေးစိတ်ကိုမူ ထုတ်ဖော်မပြောခဲ့ဟု ဆိုသည်။

လက်ရှိ ကြုံတွေ့နေရသည့် ကူးစက်ဖြစ်ပွားမှုမှာ ပြီးခဲ့သည့် ဆောင်းရာသီတွင် တရုတ်အစိုးရက ၎င်း၏ တင်းကျပ်သော  zero-COVID မူဝါဒကို ပယ်ဖျက်လိုက်ပြီးနောက်ပိုင်း အကြီးမားဆုံး ဖြစ်နိုင်ကြောင်း သိရသည်။ 

ကူးစက်မှုလှိုင်းအသစ်တွင် ရောဂါမပြင်းထန်သော်လည်း ထပ်ဆောင်း အားဖြည့်ကာကွယ်ဆေးထိုးမှု အစီအစဥ်ကို အဆောတလျင် လုပ်ဆောင်ရန်နှင့် ဆေးရုံများအနေဖြင့် သက်ကြီးရွယ်အိုများကြား နောက်ထပ် သေဆုံးမှုမြင့်တက်ခြင်းကို တားဆီးကာကွယ်ရန် လိုအပ်ရာ ဗိုင်းရပ်စ်သတ်ဆေးများ (antivirals) အသင့်ပြင်ဆင် ထောက်ပံ့ပေးထားရန် ပြည်သူ့ကျန်းမာရေး ကျွမ်းကျင်သူများက ပြောသည်။



Source: Washington Post