တာချီလိတ်ရှိ အထက(တာချီလိတ်)မှ ဆယ်တန်းကျောင်းသားများ အောင်ချက်မြင့်မားရေးအတွက် ညပိုင်းစာကြည့်ဝိုင်း ဒီဇင်ဘာလ(၂၀)ရက်နေ့ည တွင် စတင်မည်

တာချီလိတ်ရှိ အထက(တာချီလိတ်)မှ ဆယ်တန်းကျောင်းသားများ အောင်ချက်မြင့်မားရေးအတွက် ညပိုင်းစာကြည့်ဝိုင်း ဒီဇင်ဘာလ(၂၀)ရက်နေ့ည တွင် စတင်မည်
ဒီဇင်ဘာ 20, 2019
By Tachileik News Agency
တာချီလိတ်ရှိ အထက(တာချီလိတ်)မှ ဆယ်တန်းကျောင်းသားများ အောင်ချက်မြင့်မားရေးအတွက် 
ညပိုင်းစာကြည့်ဝိုင်း ဒီဇင်ဘာလ(၂၀)ရက်နေ့ည တွင် စတင်မည်

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ အခြေခံပညာအထက်တန်းကျောင်း(တာချီလိတ်)မှ တက္ကသိုလ်ဝင်တန်းဖြေဆိုကြမည့် ကျောင်းသူကျောင်းသားများအတွက် ညနေပိုင်း အချိန်ပိုသင်ကြားခြင်းကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၂၀) ရက်နေ့ကစ၍ စတင်မည်ဖြစ်၍ အချိန်ပိုတက်ရောက်လိုသည့် ကျောင်းသူကျောင်းသားများအနေဖြင့် အတန်းပိုင်များထံ စာရင်းပေးသွင်း တက်ရောက်နိုင်မည်ဖြစ်ကြောင်း သိရသည်။

“စာတကယ်လုပ်ချင်တဲ့ ကျောင်းသူကျောင်းသားတွေ တက်ချင်တယ်ဆိုရင် ဘယ်သူမဆို တက်လို့ရပါတယ်။ မတက်ချင်ရင်လည်း ရတယ်။ စာကြည့်ဝိုင်း တက်ချင်တယ်ဆိုရင်တော့ အုပ်ထိန်းသူနဲ့အတူ အတန်းပိုင်ဆီမှာ စာရင်းလာပေးထားရင် ရပါပြီ”ဟု အထက(တာချီလိတ်) ကျောင်းသူကျောင်းသားဟောင်းများအဖွဲ့နှင့် ကျောင်းအကျိုးတော်ဆောင်အဖွဲ့ ဥက္ကဌ ဦးတင်ဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အချိန်ပိုစာကြည့်ဝိုင်းကို အ.ထ.က (တာချီလိတ်)ကျောင်အ.ထ.က (တာချီလိတ်)ကျောင်းအတွင်း၌ ညနေ (၅)နာရီမှ ည (၉)နာရီအထိ တနင်္ဂနွေနေ့မှလွဲ၍ နေ့စဉ်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

အ.ထ.က (တာချီလိတ်)ကျောင်းမှ တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်မားစေရေးအတွက် ကျောင်းမှ ဆရာ၊ ဆရာမများ၊ အထက(တာချီလိတ်) ကျောင်းသူကျောင်းသားဟောင်းများအဖွဲ့နှင့် ကျောင်းအကျိုးတော်ဆောင်အဖွဲ့များက ညှိနှိုင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

အချိန်ပိုစာကြည့်ဝိုင်းအတွက် ဆရာ၊ဆရာမများက တာဝန်ယူပေးမည်ဖြစ်ပြီး ကျောင်းသူကျောင်းသားများအတွက် ကော်ဖီ၊ မုန့်စားစရာများကို အထက(တာချီလိတ်) ကျောင်းသူကျောင်းသားဟောင်းများအဖွဲ့နှင့် ကျောင်းအကျိုးတော်ဆောင်အဖွဲ့များက ပံ့ပိုးကြမည်ဖြစ်ကြောင်း နှင့် ညစာကြည့်ဝိုင်းနှင့် ပတ်သက်၍ အထက(တာချီလိတ်)၏ ကျောင်းအကျိုးတော်ဆောင်အဖွဲ့ ဥက္ကဌ ဦးတင်ဝင်း၏ ဖုန်း (  ၀၉၅၂၄၁၂၄၄)သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်းလည်း သိရသည်။

Tachileik News Agency
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~