မိုင်းဖြတ်မြို့နယ်အတွင်း အခြေခံစားသောက်ကုန်ဈေးနှုန်းများ ကြီးမြင့်မှု မရှိစေရေး လိုက်လံ အသိပေး

မိုင်းဖြတ်မြို့နယ်အတွင်း အခြေခံစားသောက်ကုန်ဈေးနှုန်းများ ကြီးမြင့်မှု မရှိစေရေး လိုက်လံ အသိပေး
ဧပြီ 8, 2020
By Tachileik News Agency
မိုင်းဖြတ်မြို့နယ်အတွင်း အခြေခံစားသောက်ကုန်ဈေးနှုန်းများ ကြီးမြင့်မှု မရှိစေရေး လိုက်လံ အသိပေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် COVID 19 ကာလအတွင်း ဆိုင်များ ပုံမှန်အတိုင်း ရောင်းချကြရန် မြို့နယ်ကုန်စည်ဈေးနှုန်းတည်ငြိမ်/ထိန်းချုပ် ကြပ်မတ်ကွပ်ကဲရေးအဖွဲ့က ၂၀၂၀ ခုနှစ်၊ ဧပြီလ (၈) ရက်နေ့တွင် လှည့်လည်စစ်ဆေးသည်။

ကျွန်မတို့က ကုန်တွေကို တောင်ကြီး၊ ကျိုင်းတုံ၊ တာချီလိတ်မြို့တွေက အဓိကဝယ်ယူရောင်းချတာပါ။ အဓိက ဝယ်ယူတဲ့မြို့က ဈေးနှုန်းမတက်ရင် ပုံမှန်အတိုင်းသာရောင်းချပါတယ်

ဟု ကုန်စုံဆိုင်ရှင်တစ်ဦးဖြစ်သည့် ဒေါ်နန်ရှဲန်ရွက်က ပြောသည်။

ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆောင်ရွက်နေသည့် အချိန်ကာလအတွင်း အခြေခံစားသောက်ကုန် ဈေးနှုန်းများ ကြီးမြင့်မှုမရှိစေရေးအတွက် မြို့နယ်ကုန်စည်ဈေးနှုန်းတည်ငြိမ်/ထိန်းချုပ် ကြပ်မတ်ကွက်ကဲရေးအဖွဲ့က ကုန်စုံဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းများကို ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကွင်းဆင်းစစ်ဆေးရေးလုပ်ရာတွင် အဖွဲ့ ဥက္ကဌ ဦးထွန်းရွှေ၊ အတွင်းရေးမှူး ဦးတိုးဇော်ထွန်းနှင့် အဖွဲ့ဝင်များက ကုန်စုံဆိုင်ပိုင်ရှင်များအနေဖြင့်  အခြေခံစားသောက်ကုန် ဈေးနှုန်းများ ဈေးမတင်ရန်၊ ကုန်ပစ္စည်များတွင် ဈေးနှုန်းများကပ်ထားရန်နှင့် ဈေးဆိုင်များကို ပုံမှန်အတိုင်း ဖွင့်လှစ်ရောင်းချရန် အသိပညာပေးကြသည်။

Tachileik News Agency
သတင်း/ဓါတ်ပုံ -  ရွှေကို(မိုင်းဖြတ်)


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~