စာဖြေလွှာ အလွတ်နှင့် စာမေးပွဲဖြေဆိုခွင့်ကဒ်များ ပျောက်ဆုံးသွားသည့် အထက(မိုင်းဆတ်)စာစစ်ဌာနအတွက် မြန်မာနိုင်ငံစာစစ်ဌာနမှ နေ့ချင်းဖြည့်ဆည်း ဆောင်ရွက်ပေးထားစာဖြေလွှာ အလွတ်နှင့် စာမေးပွဲဖြေဆိုခွင့်ကဒ်များ ပျောက်ဆုံးသွားသည့် အထက(မိုင်းဆတ်)စာစစ်ဌာနအတွက် မြန်မာနိုင်ငံစာစစ်ဌာနမှ နေ့ချင်းဖြည့်ဆည်း ဆောင်ရွက်ပေးထား

စာဖြေလွှာ အလွတ်နှင့် စာမေးပွဲဖြေဆိုခွင့်ကဒ်များ ပျောက်ဆုံးသွားသည့် အထက(မိုင်းဆတ်)စာစစ်ဌာနအတွက် မြန်မာနိုင်ငံစာစစ်ဌာနမှ နေ့ချင်းဖြည့်ဆည်း ဆောင်ရွက်ပေးထားစာဖြေလွှာ အလွတ်နှင့် စာမေးပွဲဖြေဆိုခွင့်ကဒ်များ ပျောက်ဆုံးသွားသည့် အထက(မိုင်းဆတ်)စာစစ်ဌာနအတွက် မြန်မာနိုင်ငံစာစစ်ဌာနမှ နေ့ချင်းဖြည့်ဆည်း ဆောင်ရွက်ပေးထား
မတ် 17, 2020
By Tachileik News Agency
စာဖြေလွှာ အလွတ်နှင့် စာမေးပွဲဖြေဆိုခွင့်ကဒ်များ ပျောက်ဆုံးသွားသည့် အထက(မိုင်းဆတ်)စာစစ်ဌာနအတွက်  မြန်မာနိုင်ငံစာစစ်ဌာနမှ နေ့ချင်းဖြည့်ဆည်း ဆောင်ရွက်ပေးထား

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၏ တက္ကသိုလ်ဝင်စာမေးပွဲစာစစ်ဌာနဖြစ်သည့် အထက(မိုင်းဆတ်)စာစစ်ဌာနတွင် ၂၀၂၀ ခုနှစ်၊ မတ်လ (၁၆)ရက်နေ့က စာဖြေလွှာအလွတ်နှင့် စာမေးပွဲဖြေဆိုခွင့်ကဒ်များ ပျောက်ဆုံးသွားသဖြင့် မြန်မာနိုင်ငံ စာစစ်ဌာနက နေ့ချင်း ဖြည့်ဆည်းဆောင်ရွက်ပေးထားသဖြင့် စာမေးပွဲဖြေဆိုခြင်းကို အနှောင့်အယှက် မဖြစ်ကြောင်း သိရသည်။

မိုင်းဆတ်မြို့ တက္ကသိုလ်ဝင်စာမေးပွဲစာစစ်ဌာန ကြီးကြပ်ရေးမှူးရုံးခန်းအတွင်း သိမ်းဆည်းထားသော စာဖြေလွှာအလွတ် စာအုပ်(၁၇၂၀)အုပ်၊ အပိုအဖြေလွှာစာရွက်(၁၀၉၃)ရွက်၊ စာမေးပွဲဖြေဆိုခွင့် ကဒ်ပြား(၄၇၀)ကဒ်နှင့် သံသေတ္တာ (၁) လုံးတို့ ပျောက်ဆုံးနေသည်ကို မတ်လ (၂၆)ရက်နေ့ နံနက်ပိုင်းက တွေ့ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

အဖြေလွှာအလွတ်နှင့် စာမေးပွဲဖြေဆိုခွင့်ကဒ်များ သိမ်းဆည်းထားရာ အခန်းတံခါးမှာ ဖျက်ဆီးခံရခြင်းမရှိဘဲ အဖြေလွှာနှင့် ကဒ်များ ပျောက်ဆုံးနေခြင်းဖြစ်ကြောင်း သိရသည်။

တက္ကသိုလ်ဝင်စာမေးပွဲအတွက် အဖြေလွှာအလွတ်မှာ မတ်လ (၁၇) ရက်နေ့ ရူပဗေဒဘာသာရပ်ဖြေဆိုရန် အထိသာ ကျန်ရှိသဖြင့် ကျန်ဘာသာရပ်များ ဆက်လက် ဖြေဆိုနိုင်ရေးအတွက် လိုအပ်သည့် အဖြေလွှာများကို မြန်မာနိုင်ငံစာစစ်ဌာနက လေယာဉ်ဖြင့် တာချီလိတ်မြို့မှတစ်ဆင့် ချက်ချင်းပို့ဆောင်ပေးထားခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ပျောက်ဆုံးမှုနှင့်ပတ်သက်၍ မတ်လ ၁၆ ရက် ညနေ (၄)နာရီက မိုင်းဆတ်မြို့မရဲစခန်းတွင် (ပ)၆၂/၂၀၂၀ ပြည်သူပိုင်ပစ္စည်းကာကွယ်စောင့်ရှောက်ရေးဥပဒေပုဒ်မ-၆(၁)ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက် ထားရှိကြောင်း သိရသည်။

Tachileik News Agency
သတင်း - သန်းဇော်(မိုင်းဆတ်)

ဆက်စပ်သတင်း
မိုင်းဆတ်စာစစ်ဌာနတွင်  အခန်းအတွင်းမှ  တက္ကသိုလ်ဝင်စာမေးပွဲ အဖြေလွှာနှင့် စာဖြေခွင့်ကဒ်များ ပျောက်ဆုံးနေ


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~