တာချီလိတ်မြို့ ပုန်းထွန်ရပ်ကွက်အတွင်းမှ ဆိုင်ကယ်တစ်စီး ခိုးခံရ

တာချီလိတ်မြို့ ပုန်းထွန်ရပ်ကွက်အတွင်းမှ ဆိုင်ကယ်တစ်စီး ခိုးခံရ
ဒီဇင်ဘာ 26, 2019
By Tachileik News Agency
တာချီလိတ်မြို့ ပုန်းထွန်ရပ်ကွက်အတွင်းမှ ဆိုင်ကယ်တစ်စီး ခိုးခံရ

မြန်မာ - ထိုင်း နယ်စပ်‌ဒေသ၊ တာချီလိတ်မြို့ ပုန်းထွန်ရပ်ကွက်တွင် ဒီဇင်ဘာလ(၂၆)ရက်နေ့ နံနက်အကူးပိုင်း အချိန်က နေအိမ်အတွင်းမှ ဆိုင်ကယ်တစ်စီး ခိုးယူခံရမှု  ဖြစ်ပွားခဲ့ကြောင်း သိရသည်။

တာချီလိတ်မြို့ ပုန်းထွန်ရပ်ကွက်၊ စဝ်စံထွန်းလမ်းရှိ  မြရွှေရောင်လက်ဖက်ရည်ဆိုင်၏  နေအိမ်အတွင်း ရပ်ထားသည့် Wave 125 အနက်ရောင် မော်တော်ဆိုင်ကယ်အား ၂၀၁၉ခုနှစ် ဒီဇင်ဘာလ(၂၆)ရက်နေ့ နံနက်(၃)နာရီ (၁၀)မိနစ်အချိန်က ခိုးယူသွားသည်ကို CCTV မှတ်တမ်းအရ သိရသည်။

ခိုးယူခံရသည့် ဆိုင်ကယ်မှာ လိုင်စင်ရှိ ယာဉ်အမှတ် ၂၆ယ/၆၄၄၆၄ ဖြစ်ပြီး၊ စက်အမှတ်မှာ JA 211E-0054776 ဖြစ်ပြီး ဘောင်အမှတ်မှာ MLHJA 2119C5054776 ဖြစ်သည့်အတွက် အဆိုပါ ဆိုင်ကယ်အား လာရောက် ရောင်းချပါက ဖုန်း ၀၉၇၇၁၉၇၅၃၅၁ နှင့် ၀၈၄၅၂၁၂၇ သို့ ဆက်သွယ်အကြောင်းကြားပေးနိုင်ပါရန် ယာဉ်ပိုင်ရှင်က အကူအညီတောင်းခံထားရှိသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ သက်ဆိုင်ရာသို့ အသိပေးအကြောင်းကြားထားကြောင်း သိရသည်။

နယ်စပ်ဒေသ တာချီလိတ်မြို့တွင် ဆိုင်ကယ်များ ခိုးခံရမှု နေ့ရော ညပါ မကြာခဏ ဖြစ်ပွားနေကြောင်း သိရသည်။

Tachileik News Agency
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~