ရပ္ေစာက္ၿမိဳ႕နယ္အတြင္း တပ္စြန္႔လႊတ္ေျမတြင္ စစ္ေဘးေရွာင္မ်ားကို ျပန္လည္ေနရာခ်ထားေပးရန္ စီစဥ္ေန

ရပ္ေစာက္ၿမိဳ႕နယ္အတြင္း တပ္စြန္႔လႊတ္ေျမတြင္ စစ္ေဘးေရွာင္မ်ားကို ျပန္လည္ေနရာခ်ထားေပးရန္ စီစဥ္ေန
ဒီဇင်ဘာ 26, 2018
By Tachileik News Agency

ရွမ္းျပည္နယ္အတြင္း စစ္ေဘးေရွာင္မ်ားအား ပထမဆံုး ျပန္လည္ေနရာခ်ထားမႈအျဖစ္ ရွမ္းျပည္နယ္ ေတာင္ပိုင္း၊ ရပ္ေစာက္ၿမိဳ႕နယ္အတြင္း တပ္စြန္႔လႊတ္ေျမတြင္ ေက်းရြာသစ္တည္ေထာင္ၿပီး မုိင္းရႈးၿမိဳ႕နယ္မွ စစ္ေဘးေရွာင္မ်ားကို ျပန္လည္ေနရာခ်ထားေပးရန္စီစဥ္ေနေၾကာင္း သိရသည္။

“ဒီမွာက သူတုိ႔အေနနဲ႔ မူရင္းေနရာကိုျပန္ဖို႔ကလည္း အဆင္မေျပေတာ့ဘူး။ သူတုိ႔ကို ေမးျမန္းၾကည့္တဲ့ အခါမွာ မုိင္းရႈးၿမိဳ႕နယ္အတြင္းကပဲ စစ္ေဘးေရွာင္လာရင္း ျပန္ေနဖို႔ကို အဆင္မေျပႏုိင္ေတာ့ဘူးဆိုေတာ့ သူတို႔က မျပန္ေတာ့ဘူးေပါ့ေနာ္။ ဒီေတာ့ ကၽြန္ေတာ္တုိ႔က မျဖစ္မေနကို ကၽြန္ေတာ္တုိ႔ ေနရာ ရွာေပးဖို႔လိုတာပါ”ဟု ရပ္ေစာက္မဲဆႏၵနယ္ အမွတ္(၁)မွ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးခိုင္ညီညီေက်ာ္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

မိုင္းရႈးၿမိဳ႕နယ္မွ စစ္ေဘးေရွာင္မ်ားမွာ ရပ္ေစာက္ၿမိဳ႕နယ္၊ မားသဲေက်းရြာအုပ္စု၊ ေညာင္က်ိဳးေက်းရြာအနီးရိွ သစ္ေတာဧရိယာအတြင္း ေက်းရြာတစ္ခုအျဖစ္ အေျခခ်ေနထုိင္ေနၾကသျဖင့္ သစ္ေတာဧရိယာျပင္ပတြင္ ေျမေနရာ ရွာေဖြေနရာခ်ထားေပးရန္ ျပည္ေထာင္စုအစိုးရက ျပည္နယ္အစိုးရထံ ညႊန္ၾကားထားျခင္း ျဖစ္ေၾကာင္း သိရသည္။

“ဒီကိစၥကို ေဆာလ်င္စြာ ေဆာင္ရြက္ရန္ဆိုၿပီး ရွမ္းျပည္နယ္အစိုးရကို သမၼတရံုးက စာထြက္ထားတယ္။ လူကယ္ျပန္(လူမႈဝန္ထမ္းကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရးဦးစီးဌာန)က ဦးေဆာင္လုပ္ရမွာ ဆိုေတာ့ ရွမ္းျပည္နယ္အစိုးရရယ္၊ လူကယ္ျပန္ရယ္ စီမံခ်က္ေရးၿပီး ျပည္ေထာင္စုအစိုးရကို တင္ရမွာ။ သူတို႔ခပ္ျမန္ျမန္တင္ရင္ေတာ့ ဒီကလူေတြ ျမန္ျမန္ေလး ေရႊ႕ရေျပာင္းရမွာေပါ့”ဟု ရပ္ေစာက္မဲဆႏၷနယ္ အမွတ္(၁)မွ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးခိုင္ညီညီေက်ာ္က ေျပာသည္။

အဆိုပါ စစ္ေဘးေရွာင္မ်ားအား ေနရာခ်ထားေပးရန္ မူလလ်ာထားသည့္ ေနရာမွာ လက္ရိွ စိုက္ပ်ိဳးေျမမ်ားႏွင့္ ေဝးကြာလြန္းျခင္း၊ ေရရရိွရန္ ခက္ခဲျခင္းႏွင့္ စစ္ေဘးေရွာင္မ်ားကိုယ္တုိင္ အဆိုပါ ေနရာသို႔ ေရႊ႕ေျပာင္းလိုသည့္ ဆႏၵမရိွသျဖင့္ ၂၀၁၈ ခုႏွစ္၊ ဒီဇင္ဘာလ (၂၄)ရက္ေန႔က ေျမစာရင္း ဦးစီးဌာန၊ သစ္ေတာ ဦးစီးဌာန၊ လူမႈဝန္ထမ္းကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရးဦးစီးဌာန၊ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးခုိင္ညီညီေက်ာ္ႏွင့္ ရပ္ေက်းတာဝန္ရိွသူမ်ားပါဝင္သည့္အဖြဲ႕ျဖင့္ ေနရာသစ္ကြင္းဆင္းရွာေဖြခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

တပ္မေတာ္မွ ကန္တိုပင္ဧရိယာမွ စြန္႔လႊတ္မည့္ ဧက (၁၀၀၀၀)အတြင္းမွ ေျမေနရာမွာ သစ္ေတာဧရိယာမွ ကင္းလြတ္ကာ စစ္ေဘးေရွာင္မ်ားကလည္း ေနထုိင္လိုသည့္ေနရာျဖစ္သျဖင့္ အဆိုပါေျမေနရာတြင္ ေက်းရြာ တည္ေထာင္ေပးရန္ ျပည္နယ္အစိုးရထံ တင္ျပသြားမည္ျဖစ္ေၾကာင္း သိရသည္။

“ကန္တိုပင္ဆိုတာ တပ္မေတာ္ပိုင္ စည္ပင္သာယာေရးနယ္နမိတ္အျဖစ္ ၁၉၆၂ ခုႏွစ္ကတည္း ေျမဧရိယာ အက်ယ္ႀကီး နယ္နမိတ္ သတ္မွတ္ထားတာရိွတယ္။ ေတာထဲ၊ ေတာင္ထဲထိ လုိက္သတ္မွတ္ထားတာေတြ ရိွတယ္။ အခုဒီႏွစ္ထဲမွာ ႏုိင္ငံေတာ္ အစီအစဥ္နဲ႔ အနည္းဆံုးလိုအပ္တဲ့ ေျမဧရိယာကိုပဲ ယူရမယ္ဆိုေတာ့ အခုဒါကို ျပန္တုိင္းထြာေနတာ။ အရင္က ကန္တိုပင္ဧရိယာက ဧက(၄၀,၀၀၀)ေက်ာ္ရိွတယ္။ အဲဒီထဲက အခုျပန္လည္တုိင္းတာၿပီးေတာ့ ဧက(၁၀,၀၀၀)ေက်ာ္ ျပန္ၿပီးစြန္႔လႊတ္မွာဆိုေတာ့ အဲဒီထဲက ဧက(၁၀၀)ကေန အမ်ားဆံုး ဧက(၂၀၀)ေလာက္ကို ျပန္လည္ေနရာခ်ထားေရးအတြက္ သံုးမယ္ေပါ့။ လူေနထုိင္မႈ အတြက္က ဧက (၁၀၀)ေလာက္နဲ႔ သူတုိ႔ရပ္ကြက္အနီးအနားမွာ စိုက္ပ်ိဳးေျမက ဧက(၁၀၀)ေက်ာ္ေလာက္ေပါ့ လ်ာထားတာ။ ဒါကို လူမႈဝန္ထမ္းကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရးက စီမံခ်က္ေရးၿပီးတင္ျပရမွာပါ”ဟု ရပ္ေစာက္မဲဆႏၷနယ္ အမွတ္(၁)မွ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးခိုင္ညီညီေက်ာ္က ေျပာသည္။

အဆိုပါ စစ္ေဘးေရွာင္ အိမ္ေထာင္စု (၄၃) စုအား ျပန္လည္ေနရာခ်ထားေပးၿပီး ပညာေရး၊ က်န္းမာေရးႏွင့္ အျခားကူညီေစာင့္ေ႐ွာက္မႈမ်ားကို လူမႈဝန္ထမ္းကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရးဦးစီးဌာနက ေဆာင္ရြက္ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - KNNK


~~~~~~~~⊰❂Unicode Version ~~~~~~~~


ရှမ်းပြည်နယ်အတွင်း စစ်ဘေးရှောင်များအား ပထမဆုံး ပြန်လည်နေရာချထားမှုအဖြစ် ရှမ်းပြည်နယ် တောင်ပိုင်း၊ ရပ်စောက်မြို့နယ်အတွင်း တပ်စွန့်လွှတ်မြေတွင် ကျေးရွာသစ်တည်ထောင်ပြီး မိုင်းရှုးမြို့နယ်မှ စစ်ဘေးရှောင်များကို ပြန်လည်နေရာချထားပေးရန်စီစဉ်နေကြောင်း သိရသည်။

“ဒီမှာက သူတို့အနေနဲ့ မူရင်းနေရာကိုပြန်ဖို့ကလည်း အဆင်မပြေတော့ဘူး။ သူတို့ကို မေးမြန်းကြည့်တဲ့ အခါမှာ မိုင်းရှုးမြို့နယ်အတွင်းကပဲ စစ်ဘေးရှောင်လာရင်း ပြန်နေဖို့ကို အဆင်မပြေနိုင်တော့ဘူးဆိုတော့ သူတို့က မပြန်တော့ဘူးပေါ့နော်။ ဒီတော့ ကျွန်တော်တို့က မဖြစ်မနေကို ကျွန်တော်တို့ နေရာ ရှာပေးဖို့လိုတာပါ”ဟု ရပ်စောက်မဲဆန္ဒနယ် အမှတ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်ညီညီကျော်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မိုင်းရှုးမြို့နယ်မှ စစ်ဘေးရှောင်များမှာ ရပ်စောက်မြို့နယ်၊ မားသဲကျေးရွာအုပ်စု၊ ညောင်ကျိုးကျေးရွာအနီးရှိ သစ်တောဧရိယာအတွင်း ကျေးရွာတစ်ခုအဖြစ် အခြေချနေထိုင်နကြေသဖြင့် သစ်တောဧရိယာပြင်ပတွင် မြေနေရာ ရှာဖွေနေရာချထားပေးရန် ပြည်ထောင်စုအစိုးရက ပြည်နယ်အစိုးရထံ ညွှန်ကြားထားခြင်း ဖြစ်ကြောင်း သိရသည်။

“ဒီကိစ္စကို ဆောလျင်စွာ ဆောင်ရွက်ရန်ဆိုပြီး ရှမ်းပြည်နယ်အစိုးရကို သမ္မတရုံးက စာထွက်ထားတယ်။ လူကယ်ပြန်(လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန)က ဦးဆောင်လုပ်ရမှာ ဆိုတော့ ရှမ်းပြည်နယ်အစိုးရရယ်၊ လူကယ်ပြန်ရယ် စီမံချက်ရေးပြီး ပြည်ထောင်စုအစိုးရကို တင်ရမှာ။ သူတို့ခပ်မြန်မြန်တင်ရင်တော့ ဒီကလူတွေ မြန်မြန်လေး ရွှေ့ရပြောင်းရမှာပေါ့”ဟု ရပ်စောက်မဲဆန္နနယ် အမှတ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်ညီညီကျော်က ပြောသည်။

အဆိုပါ စစ်ဘေးရှောင်များအား နေရာချထားပေးရန် မူလလျာထားသည့် နေရာမှာ လက်ရှိ စိုက်ပျိုးမြေများနှင့် ဝေးကွာလွန်းခြင်း၊ ရေရရှိရန် ခက်ခဲခြင်းနှင့် စစ်ဘေးရှောင်များကိုယ်တိုင် အဆိုပါ နေရာသို့ ရွှေ့ပြောင်းလိုသည့် ဆန္ဒမရှိသဖြင့် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၂၄)ရက်နေ့က မြေစာရင်း ဦးစီးဌာန၊ သစ်တော ဦးစီးဌာန၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်ညီညီကျော်နှင့် ရပ်ကျေးတာဝန်ရှိသူများပါဝင်သည့်အဖွဲ့ဖြင့် နေရာသစ်ကွင်းဆင်းရှာဖွေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တပ်မတော်မှ ကန်တိုပင်ဧရိယာမှ စွန့်လွှတ်မည့် ဧက (၁၀၀၀၀)အတွင်းမှ မြေနေရာမှာ သစ်တောဧရိယာမှ ကင်းလွတ်ကာ စစ်ဘေးရှောင်များကလည်း နေထိုင်လိုသည့်နေရာဖြစ်သဖြင့် အဆိုပါမြေနေရာတွင် ကျေးရွာ တည်ထောင်ပေးရန် ပြည်နယ်အစိုးရထံ တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။

“ကန်တိုပင်ဆိုတာ တပ်မတော်ပိုင် စည်ပင်သာယာရေးနယ်နမိတ်အဖြစ် ၁၉၆၂ ခုနှစ်ကတည်း မြေဧရိယာ အကျယ်ကြီး နယ်နမိတ် သတ်မှတ်ထားတာရှိတယ်။ တောထဲ၊ တောင်ထဲထိ လိုက်သတ်မှတ်ထားတာတွေ ရှိတယ်။ အခုဒီနှစ်ထဲမှာ နိုင်ငံတော် အစီအစဉ်နဲ့ အနည်းဆုံးလိုအပ်တဲ့ မြေဧရိယာကိုပဲ ယူရမယ်ဆိုတော့ အခုဒါကို ပြန်တိုင်းထွာနေတာ။ အရင်က ကန်တိုပင်ဧရိယာက ဧက(၄၀,ဝဝဝ)ကျော်ရှိတယ်။ အဲဒီထဲက အခုပြန်လည်တိုင်းတာပြီးတော့ ဧက(၁၀,ဝဝဝ)ကျော် ပြန်ပြီးစွန့်လွှတ်မှာဆိုတော့ အဲဒီထဲက ဧက(၁၀၀)ကနေ အများဆုံး ဧက(၂၀၀)လောက်ကို ပြန်လည်နေရာချထားရေးအတွက် သုံးမယ်ပေါ့။ လူနေထိုင်မှု အတွက်က ဧက (၁၀၀)လောက်နဲ့ သူတို့ရပ်ကွက်အနီးအနားမှာ စိုက်ပျိုးမြေက ဧက(၁၀၀)ကျော်လောက်ပေါ့ လျာထားတာ။ ဒါကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးက စီမံချက်ရေးပြီးတင်ပြရမှာပါ”ဟု ရပ်စောက်မဲဆန္နနယ် အမှတ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်ညီညီကျော်က ပြောသည်။

အဆိုပါ စစ်ဘေးရှောင် အိမ်ထောင်စု (၄၃) စုအား ပြန်လည်နေရာချထားပေးပြီး ပညာရေး၊ ကျန်းမာရေးနှင့် အခြားကူညီစောင့်ရှောက်မှုများကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနက ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - KNNK

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~