မယ်ဆိုင်ဂူကယ်ဆယ်ရေးအကြောင်း ရိုက်ကူးထားသည့် The Cave ထိုင်းနိုင်ငံတွင် စတင်ပြသတော့မည်

မယ်ဆိုင်ဂူကယ်ဆယ်ရေးအကြောင်း ရိုက်ကူးထားသည့် The Cave ထိုင်းနိုင်ငံတွင် စတင်ပြသတော့မည်
နိုဝင်ဘာ 20, 2019
By Tachileik News Agency

ထိုင်းနိုင်ငံ မယ်ဆိုင်ဂူအတွင်းပိတ်မိခဲ့သည့် လူငယ် (၁၃) ဦးအား ကယ်ဆယ်သည့်အကြောင်း ရိုက်ကူးထားသည့် The Cave ရုပ်ရှင်ကို ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၂၁) ရက်နေ့မှစ၍ ထိုင်းနိုင်ငံတွင် စတင်ပြသတော့မည်ဖြစ်သည်။

ထိုင်းနိုင်ငံ၊ မယ်ဆိုင်ဂူအတွင်း နှစ်ပတ်ကျော်ကြာ ပိတ်မိနေသူ (၁၃)ဦးကို နိုင်ငံတော်အဆင့် ကယ်ဆယ်ရေးအဖြစ် ၂၀၁၈ ခုနှစ်အတွင်းက လုပ်ဆောင်ခဲ့ရာ မြန်မာနိုင်ငံအပါအဝင် နိုင်ငံတကာမှ ပူးပေါင်းကူညီခဲ့ကြသည့် ကယ်ဆယ်ရေးလုပ်ငန်းအကြောင်းကို ပြန်လည်ရိုက်ကူးထားခြင်းဖြစ်သည်။

 ဒါရိုက်တာ တွမ်ဝေါ်လာက The Cave အမည်ဖြင့် ရုပ်ရှင်ရိုက်ကူးရာတွင် မယ်ဆိုင်ဂူကယ်ဆယ်ရေးလုပ်ငန်းတွင် ကမ္ဘာတလွှားမှ လာရောက် ကူညီကြသူများ၏အမြင်မှ ရိုက်ကူးတင်ပြထားခြင်းဖြစ်ကြောင်း သိရသည်။

The Cave ကို ဘူဆန် နိုင်ငံတကာရုပ်ရှင်ပွဲတော်တွင် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၅)၊ (၆)ရက်နှင့် (၁၀)ရက်နေ့များတွင် လည်းကောင်း၊ BFI London ရုပ်ရှင်ပွဲတော်တွင် အောက်တိုဘာလ (၁၁)ရက်မှ (၁၃)ရက်အထိ လည်းကောင်း၊ ဗင်ကူးဗားနိုင်ငံတကာရုပ်ရှင်ပွဲတော်တွင် အောက်တိုဘာလ (၈)ရက်နှင့် (၉)ရက်နေ့များတွင် လည်းကောင်း၊ ဖိလစ်ပိုင်နိုင်ငံ မနီလာတွင်ကျင်းပမည့် QCINEMA နိုင်ငံတကာ ရုပ်ရှင်ပြပွဲတွင် အောက်တိုဘာ (၁၃)မှ (၂၂)ထိ လည်းကောင်း၊ Byron Bay နိုင်ငံတကာရုပ်ရှင်ပြပွဲတွင် အောက်တိုဘာလ (၂၆)ရက်နေ့၌ လည်းကောင်း အသီးသီး ပြသခဲ့ခြင်းဖြစ်သည်။

 Tachileik News Agency
Photo: The Cave (Page)



 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net